cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မြန်မာမှ ဆန်အပြင် ဂျင်းနှင့် ကြက်သွန်ကို MOU ဖြင့် ဝယ်ယူရန် ဘင်္ဂလားဒေ့ရှ် ပြင်ဆင်နေ

. ဈေးကွက်သတင်းများ
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ မြန်မာနိုင်ငံက MOU ပထမမူကြမ်းကို ပြန်လည်သုံးသပ်ဖို့ ပေးပို့ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် စီးပွား/ကူးသန်း အရာရှိတွေက ပြောပါတယ်။
  • ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) နဲ့ မဟာဗျူဟာမြောက် ဆောင်ရွက်မှုမှာ ဆန်သဘောတူညီချက်ကို ပြင်ဆင်နေပြီး မကြာမီ နားလည်မှုစာချွန်လွှာ (MOU) ရေးထိုးသွားဖို့ ရှိနေကြောင်း Financial Express က ဖော်ပြလာပါတယ်။

    ဘင်္ဂလားဒေ့ရှ်က ၎င်းရဲ့ ကြီးထွားလာနေတဲ့ ဝယ်လိုအားကို ဖြည့်ဆည်းဖို့နဲ့ သိုလှောင်လက်ကျန်တွေ ပြန်လည်ဖြည့်တင်းရေးအတွက် မြန်မာ့ပုဂ္ဂလိကကဏ္ဍကနေ ဆန်နဲ့ အခြားလယ်ယာထွက်ကုန်တွေ ဝယ်ယူဖို့ ပြင်ဆင်နေတာပါ။

    ဘင်္ဂလားဒေ့ရှ် စီးပွား/ကူးသန်းဝန်ကြီးဌာနက MOU မူကြမ်းကို သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပုဂ္ဂိုလ်တွေထံ ဖြန့်ဝေခဲ့ပြီး မိမိတို့ ထင်မြင်ယူဆချက်တွေကို မတ်လ ၁၀ ရက်နေ့ နောက်ဆုံးထား ပေးပို့ကြဖို့ ဝန်ကြီးဌာနရဲ့ မကြာသေးမီက တွေ့ဆုံမှုအရ သိရပါတယ်။

    ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ သဘောထားပြုမှုအတွင်း မြန်မာနိုငံကနေ ဆန်အပြင် ဂျင်း၊ ကြက်သွန်ဖြူ/နီ တို့ကို MOU အရ ပံ့ပိုးမှုရရှိဖို့ ဆန္ဒရှိနေတာပါ။

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ မြန်မာနိုင်ငံက MOU ပထမမူကြမ်းကို ပြန်လည်သုံးသပ်ဖို့ ပေးပို့ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် စီးပွား/ကူးသန်း အရာရှိတွေက ပြောပါတယ်။

    နားလည်မှုစာချွန်လွှာကို မကြာမီ လက်မှတ်ရေးထိုးတော့မှာဖြစ်တာကြောင့် အပြီးသတ်နိုင်ဖို့ ပြင်ဆင်ထားတဲ့ မူကြမ်းပါ အသေးစိတ်အချက်အလက်တွေကို အလွန်အကျွံ အပြောင်းအလဲတွေ မပြုလုပ်ဖို့လည်း ဝန်ကြီးဌာနဘက်က တောင်းဆိုထားပါတယ်။

    ဘင်္ဂလားဒေ့ရှ် ကုန်သွယ်မှုကော်ပိုရေးရှင်းဥက္ကဋ္ဌ Md Ariful Hassan က အစိုးရချင်း သဘောတူစာချုပ်မှာ လိုအပ်တဲ့ လယ်ယာထွက်ကုန်တွေ ဝယ်ယူရေးအတွက် လွယ်ကူချောမွေ့စေဖို့ ကူညီပေးမယ်လို့ ပြောကြားထားပါတယ်။

    ၂၀၂၂ ခုနှစ် စက်တင်ဘာလမှာဘင်္ဂလားဒေ့ရှ်-မြန်မာ အစိုးရချင်း ရေးထိုးထားတဲ့ MOU အရ ၂၀၂၂ ခုနှစ်ကနေ ၂၀၂၇ ခုနှစ်အထိ နှစ်စဉ် ဆန်တန်ချိန် နှစ်သိန်းခွဲနဲ့ ပေါင်းဆန်တန်ချိန် ငါးသောင်း တင်ပို့ရောင်းချပေးရမယ်လို့ သိရပါတယ်။

    BETV Business မှ ကူးယူဖော်ပြအပ်ပါသည်။

    -----------------

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes5comments0
views83views1867