cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပဲမျိုးစုံ ပြောင်းနှင့်နှမ်းဈေးကွက်တွင် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းမပြုရန် အသိပေးထား

. သတင်းစုံ
ပဲမျိုးစုံ ပြောင်းနှင့် နှမ်းတို့ကို ပြည်ပသို့တင်ပို့လျက်ရှိရာ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်မှုများကို စောင့်ကြည့်ပြီး သက်ဆိုင်ရာဌာနသို့ တင်ပြသွားမည်ဖြစ်သည်ဟု ပဲမျိုးစုံ၊ပြောင်းနှင့် နှမ်းကုန်သည်များအသင်း မှ တာဝန်ရှိသူက ပြောသည်။
  • ပြည်တွင်းမှ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းဈေးကွက်တွင် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းမပြုရန် စီးပွား/ ကူးသန်းမှ အသိပေးထုတ်ပြန်ထားပြီး ပဲမျိုးစုံ၊ပြောင်းနှင့်နှမ်း ကုန်သည်များအသင်းမှလည်း ၎င်းတို့ အသင်းသား များနှင့် ဆွေးနွေးညှိနိုင်းဆောင်ရွက်ထားကြောင်းသိရသည်။

    ပဲမျိုးစုံ ပြောင်းနှင့် နှမ်းတို့ကို ပြည်ပသို့တင်ပို့လျက်ရှိရာ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်မှုများကို စောင့်ကြည့်ပြီး သက်ဆိုင်ရာဌာနသို့ တင်ပြသွားမည်ဖြစ်သည်ဟု ပဲမျိုးစုံ၊ပြောင်းနှင့် နှမ်းကုန်သည်များအသင်း မှ တာဝန်ရှိသူက ပြောသည်။

    “ပြည်ပကို တင်ပို့နေတာဖြစ်လို့ သိုလှောင်မှုဆိုတာ မဖြစ်မနေ ကဏ္ဍမှာ ပါတယ်။သို့ပေမယ့် သိုလှောင်ရာမှာ ဈေးကစားဖို့ ရည်ရွယ်တာမျိုးရှိနိုင်တယ်။အဲလိုမဖြစ်အောင် အသင်းသားတွေကို အသိပေးတာ၊ဆွေးနွေးညှိနိုင်း တာတွေလုပ်ခဲ့ပြီးပါပြီ။ပေါ်ပေါက်လာခဲ့ရင် အသင်းကို တင်ပြရပါမယ်။ဒီကတဆင့် သက်ဆိုင်ရာ ဝန်ကြီးဌာနကို တင်ပြသွားမှာပါ”ဟု ၎င်းကပြောသည်။

    ပြည်တွင်းမှ စိုက်ပျိုးထွက်ရှိသော ပဲမျိုးစုံ၊ ပြောင်းနှင့်နှမ်းတို့ကို ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိရာ တင်ပို့ရန် သင်္ဘော မရောက်မီ သိုလှောင်မှုများဆောင်ရွက်ရကြောင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းကို မပြုလုပ်ကြရန်နှင့် တွေ့ရှိပါက အရေးယူမှုများလုပ်ဆောင်သွားမည်ဟု သိရသည်။

    “တချို့ သင်္ဘောမလာခင် ဝယ်ယူသိုလှောင်ပြီး မဖြစ်မနေ လိုအပ်ချက်ရှိလာလို့ အရေးပေါ်ဝယ်ရတဲ့အခါ ဈေးကို ဆွဲတင်ရောင်းကြတာမျိုးက ဈေးကွက် မတည်ငြိမ်ဖြစ်ရတယ်။ဈေး ကွက်တည်ငြိမ်ဖို့နဲ့ Export လုပ်ငန်း အမှန်အကန်ဆောင်ရွက်သူတွေ နစ်နာမှုမရှိအောင်၊ဈေးကွက်တည်ငြိမ်အောင် ထုတ်ပြန်တာလို့ ယူဆပါ တယ်” ဟု မန္တလေး၊ကုန်စည် ဒိုင်မှ အမှုဆောင်တစ်ဦးက ပြောသည်။

    ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်း စသည့် သီးနှံများကို Export လုပ်ငန်းဆောင်ရွက်ရာ ရန်ကုန်မှ ကုန်သည်များက တိုက် ရိုက်တင်ပို့မှု အများဆုံးလုပ်ဆောင်ကြပြီး မန္တလေးမှ ကုန်သည်များအနေဖြင့် ဝယ်ယူပေးရသည့် အနေ အထား သာ ရှိကြောင်း၊လက်ရှိတွင် ပဲမျိုးစုံ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုပမာဏမှာ ယခင်နှစ်နီးပါး တင်ပို့နိုင်ခဲ့ ကြောင်းသိရသည်။

    မကွေးဂျာနယ်မှ ကူးယူဖော်ပြအပ်ပါသည်။

    ------

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes5comments0
views159views1980