cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

တစ်ပတ်စာ မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်

. ရာသီဥတု သတင်းများ
(ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး)
  •  ပဲခူးတိုင်းဒေသကြီးရှိ လက်ပံတန်းမြို့နယ်၊ မိုးညိုမြို့နယ်၊ သာယာဝတီမြို့နယ် 

    ပဲခူးတိုင်းဒေသကြီးရှိ ဖော်ပြပါ မြို့နယ်များတွင် ၂ဝ၂၄ ခုနှစ်၊ မတ်လ (၁၈) ရက်နေ့မှ (၂၄) ရက် နေ့အထိ တစ်ပတ်တာ ခန့်မှန်းချက်အနေဖြင့် ၂ဝ ရက်နေ့နှင့် ၂၁ ရက်နေ့များတွင် မိုးရွာရန် ၇၀ ရာခိုင်နှုန်းရှိသဖြင့် မိုးရွာနိုင်မည်ဖြစ်ပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။

     

    ရန်ကုန်တိုင်းဒေသကြီးရှိ တွံတေးမြို့နယ်၊ သန်လျင်မြို့နယ်၊ ကျောက်တန်းမြို့နယ်

    ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဖော်ပြပါ မြို့နယ်များတွင် ၂ဝ၂၄ ခုနှစ်၊ မတ်လ (၁၈) ရက်နေ့မှ (၂၄) ရက် နေ့အထိ တစ်ပတ်တာ ခန့်မှန်းချက်အနေဖြင့် ၂ဝ ရက်နေ့နှင့် ၂၁ ရက်နေ့များတွင် မိုးရွာရန် ၇၀ ရာခိုင်နှုန်းရှိသဖြင့် မိုးရွာနိုင်မည်ဖြစ်ပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။

     

    မကွေးတိုင်းဒေသကြီးရှိ ပွင့်ဖြူမြို့နယ်၊ မင်းဘူးမြို့နယ်၊ စလင်းမြို့နယ်၊ စေတုတ္တရာမြို့နယ်

    မကွေးတိုင်းဒေသကြီးရှိ ဖော်ပြပါ မြို့နယ်များတွင် ၂ဝ၂၄ ခုနှစ်၊ မတ်လ (၁၈) ရက်နေ့မှ (၂၄) ရက်နေ့အထိ မိုးရွာရန် ၁၀ ရာခိုင်နှုန်းအောက်သာရှိသဖြင့် ရွာရန်ရာခိုင်နှုန်း အလွန်နည်းကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။

     

    စပါးနှံစုပ်ပိုး (Rice Earhead Bug)


    ➤ဖျက်ဆီးပုံလက္ခဏာ

    စပါးနှံတွင် ပါရှိသော စပါးစေ့အချို့မှာ ဖျင်းခြင်း၊ အညိုရောင်စွန်းထင်းခြင်း စပါးနှံများတွင်စုပ်စား နေသော အစိမ်းရောင်၊ စိမ်းညိုရောင်နှံစုပ်ဂျပိုးများတွေ့ရခြင်း၊ ထူးခြားချက်မှာ နံနက်စောစောနှင့် ညနေပိုင်းတွင် ဖျက်ပိုးသည် စပါးစေ့နို့ရည်များကို စုပ်စားလေ့ရှိသည်။


    ➤ဖျက်ကောင်ပုံသဏ္ဍန်ဥများမှာ ဓါတ်ပြားပုံသဏ္ဍန်ပြားပြီး အညိုဖျော့အရောင်ရှိသည်။ ပိုးမမည်သည် အညိုရောင်နှင့် အစိမ်းရောင်ရှိသည်။ အကောင်ကြီးမှာ အစိမ်းရောင်မှ လိမ္မော်ညိုရောင် အဖြစ်အမျိုးမျိုး ပြောင်းနိုင်သည်။

    ➤ကာကွယ်နှိမ်နင်းနည်း

    ၁။ ပေါင်းမြက်များကို ရှင်းလင်းပါ။

    ၂။ ဖျက်ပိုးမှာ မနက်စောစော နေမထွက်မှီအချိန်နှင့် ညနေ နေဝင်ပြီးအချိန်တွင်လှုပ်ရှားမှုများပြီး နေရောင်အောက်တွင် နားခိုနေလေ့ရှိသည်။ မီးထောင်ချောက်များဖြင့် တုန့်ပြန်မှုမရှိနိုင်ပါ။

    ၃။ ပိုးသတ်ဆေးများအနေဖြင့် - ကာတက်ဒ်ဟိုက်ဒရိုကလိုရိုဒ်၊ ဒိုင်မီသိုအိတ် ၊လန်ဒါဆိုင် ဟေလို သရင်၊ပရိုဖီနိုဖော့စ် ဆေးများဖြင့် ကာကွယ်ကုသနိုင်ပါသည်။

     

    ငါး/ပုဇွန် ကန်များအတွက်အကြံပြုချက်  

     

    ရာသီဥတု ပူနွေးစပြုလာပြီဖြစ်သည့်အတွက် အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပြုတိုက်တွန်းလိုပါတယ် ခင်ဗျာ။

    🐟      မိုးရွာနိုင်ခြေရှိသဖြင့် ရေအပူချိန် ရုတ်တရက်ပြောင်းလဲနိုင်ကြောင်း သတိပြုရန်၊

    🐟       ရေအပူချိန် ရုတ်တရက်ပြောင်းလဲမှုကြောင့် ငါး/ပုဇွန်များ အပူရှပ်နိုင်သဖြင့် သတိပြုရန်၊

    🐟      တစ်နှစ်ပတ်လုံးမွေးမြူသည့် ငါးကန်များအတွက် အရံကန်များ ပြင်ဆင်ထားရန်၊

    🐟      ကန်ဖော်ပြီး ကန်များအနေဖြင့် ကန်သန့်ရှင်းရေးကို ဆောင်ရွက်ရန်၊

    🐟      ရေတွင် အောက်ဆီဂျင် ပျော်ဝင်နှုန်း ရုတ်တရက်ပြောင်းလဲနိုင်သဖြင့် သတိပြုရန်၊

    Weather Source: CIAT  

    ------------------ 

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက 

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download 

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes16comments0
views500views2600