cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဧရာဝတီတိုင်းဒေကြီးအတွက် ၁၀ ရက်တာ မိုးလေဝသ ခန်းမှန်းချက်နှင့်အတူ စိုက်ပျိူးရေး၊ မွေးမြူရေး အကြံပြုချက်🌦🌦

. ရာသီဥတု သတင်းများ
၂ဝ၂၄ ခုနှစ်၊ မတ်လ (၂ဝ)ရက်နေ့မှ (၂၉)ရက်နေ့အထိ (၁ဝ)ရက်တာ မိုးလေဝသခန့်မှန်းချက် အနေဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ အထက်ဖော်ပြပါ မြို့နယ်များတွင် (၂၁)ရက်နေ့နှင့် (၂၂)နေ့များတွင် မိုးရွာရန် ပျှမ်းမျှ ၅၈ ရာခိုင်နှုန်းခန့်ရှိသဖြင့် တိမ်ထူနေနိုင်ပါတယ်။ ၂ဝ၂၄ ခုနှစ်၊ မတ်လ (၂ဝ)ရက်နေ့မှ (၂၉)ရက်နေ့အထိ (၁ဝ)ရက်တာ မိုးလေဝသခန့်မှန်းချက် အနေဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ အထက်ဖော်ပြပါ မြို့နယ်များတွင် (၂၁)ရက်နေ့နှင့် (၂၂)နေ့များတွင် မိုးရွာရန် ပျှမ်းမျှ ၅၈ ရာခိုင်နှုန်းခန့်ရှိသဖြင့် တိမ်ထူနေနိုင်ပါတယ်။
  • ဟင်္သာတမြို့နယ်၊အင်္ဂပူမြို့နယ်၊ကြံခင်းမြို့နယ်၊လေးမျက်နှာမြို့နယ်၊ဇလွန်မြို့နယ်၊လပွတ္တာမြို့နယ်၊မော်ကျွန်းမြို့နယ်၊ဓနုဖြူမြို့နယ်၊မအူပင်မြို့နယ်၊ညောင်တုန်း ၊ ပန်းတနော် မြို့နယ်၊မြောင်းမြ မြို့နယ်၊ ဝါးခယ်မ၊ ဒေးဒရဲ၊ ကျိုက်လတ် ၊ ဖျာပုံမြို့နယ်၊ ကန်ကြီးတောင့်၊ ကျုံပျော်မြို့နယ်၊ ပုသိမ်မြို့နယ်၊ ငပုတောမြို့နယ်။

    ၂ဝ၂၄ ခုနှစ်၊ မတ်လ (၂ဝ)ရက်နေ့မှ (၂၉)ရက်နေ့အထိ (၁ဝ)ရက်တာ မိုးလေဝသခန့်မှန်းချက် အနေဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ အထက်ဖော်ပြပါ မြို့နယ်များတွင် (၂၁)ရက်နေ့နှင့် (၂၂)နေ့များတွင် မိုးရွာရန် ပျှမ်းမျှ ၅၈ ရာခိုင်နှုန်းခန့်ရှိသဖြင့် တိမ်ထူနေနိုင်ပါတယ်။ ကျန်နေ့များတွင် မိုးရွာရန် ရာခိုင်နှုန်းအလွန်နည်းပါတယ် ခင်ဗျာ။

    စိုက်ပျိုးရေးအကြံပြုချက်

    ဖြုတ်ညိုပိုး ကာကွယ်နှိမ်နင်းနည်း (၅) နည်း

    ဖြုတ်ညိုပိုး၏ လက္ခဏာများ

    - ပျိုးခင်း(သို့မဟုတ်) ရွှေ့ပြောင်းစိုက်ပြီးသည့် စပါးပင်၏ ပင်စည်နှင့် ရေမျက်နှာပြင်ပေါ်တွင် ဖြုတ်ညိုပိုး ကျရောက်မှုရှိမရှိ နေ့စဉ်စစ်ဆေးပါ

    - ပင်ပွားထွက်ချိန်တွင် စပါးပင်စည် လှုပ်ရမ်းပေးတဲ့အခါ ရေမျက်နှာပြင်ပေါ်ကို ဖြုတ်ညိုပိုး ကျရောက်မှုရှိမရှိ စစ်ဆေးပါ။

    ဖျက်ဆီးမှုလက္ခဏာ

    - ပိုးကျထားသော စပါးရွက်များသည် အရွက်၏ ထိပ်မှ အလယ်တစ်လျှောက် အဝါရောင်သို့ ပြောင်းသွားကာ တဖြေးဖြေး ခြောက်သွားပါသည်။

    - ဤသည်မှာ ဖြုတ်ညိုပိုးကြောင့် ဖြစ်ပွားသော ဖြုတ်လောင်နာများ ဖြစ်ပါသည်။

    - ဖြုတ်လောင်နာများသည် အကွက်လိုက် စတင်ဖြစ်ပေါ်သော်လည်း ပျံ့ပွားမှု မြန်ဆန်ပြီး သေဆုံးသွားသော အပင်မှ ဘေးချင်းကပ်အပင်သို့ ကူးရာတွင်လည်း အလွန်မြန်ဆန်လှပါသည်။

    - ပိုး၏ စစ်ထုတ်ရည်များကြောင့် ကြပ်ခိုးမှိုများကို ပိုးကျထားသော နေရာ၏ အောက်ခြေနားတွင် တွေ့ရတတ်ပါသည်။

    ဖြုတ်ညိုပိုးအား ကာကွယ်နှိမ်နှင်းခြင်း

    - ပိုးကျရောက်မှု ကနဦးအစတွင် စပါးခင်းအား ရေတစ်ရက်ခန့် လွှမ်းပေးခြင်းဖြင့် ဖြုတ်ညိုများအား လျှော့နည်းသွားစေပါသည်။

    - ပိုးကျမှု ဆိုးဝါးလာသည့် အချိန်တွင် စပါးခင်းအတွင်း ရေ ၃-၄ရက်ခန့် ထုတ်ပေးရပါမည်။

    - ဖြုတ်ညိုပိုး၏ သဘာဝရန်သူများဖြစ်သော ပင့်ကူ၊ ရေနေကျိုင်း၊ လိပ်ခုံးကျိုင်း စသည်တို့သည် ဖြုတ်ညိုပိုးများကို သတ်ဖြတ် စားသောက်လေ့ ရှိကြပါသည်။

    - တစ်ဧကလျှင် မီးထောင်ခြောက် (၂) ခုကို ဖြုတ်ညို ကျရောက်သည့် စပါးခင်းတွင် ညဘက်၌ အသုံးပြုပါ (ဥပမာ- လျှပ်စစ်မီးသီး သို့မဟုတ် ကီရိုဆင်း မီးအိမ်များကို ရေဇလားပေါ်တွင် တပ်ဆင် အသုံးပြုပေးပါ)

    - စပါးပင်များအား ဖြုတ်ညိုပိုးရန်မှ ကာကွယ်ရန် ဖော်ပြပါ ပိုးသတ်ဆေးများအား အသုံးပြုနိုင်ပါသည်။

    ၁။ ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံးတစ်ပုံးလျှင် ပိုင်မီသရိုဇိုင်း ၄၅% + နီတန်ဖီရမ် ၁၅% ဒဗလျူဒီဂျီ စားပွဲတင်ဇွန်း (၁)ဇွန်း

    ၂။ တစ်ဧကလျှင် ဒိုင်နိုတီဖျူရမ် ၂၀% စားပွဲတင်ဇွန်း ၄-၅ ဇွန်းအသုံးပြုနိုင်ပါတယ်။

    ၃။ ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံးတစ်ပုံးလျှင် Fenobucarb 45% + Cypermethrin 5% စားပွဲတင်ဇွန်း ၄-၅ ဇွန်း အသုံးပြုနိုင်ပါတယ်။

    သို့မဟုတ် ဈေးကွက်အတွင်း ဝယ်ယူရရှိနိုင်သာ မှိုသတ်ဆေးထုတ်များတွင် ပါရှိသည့် အညွှန်းအတိုင်း အသုံးပြုနိုင်ပါသည်။ (ဆေးညွှန်းကို သေချာဖတ်ပြီး လိုက်နာဆောင်ရွက်ပါ) (တိုင်းတာရန်အတွက် ချိန်တွယ်ခွက် သို့မဟုတ် ဆေးထိုးအပ်များကို အသုံးပြုနိုင်ပါသည်)။

    ငါး/ပုဇွန် ကန်များအတွက် အကြံပြုချက်

    ငါးကန်များအနေဖြင့် အောက်ပါအချက်တွေဆောင်ရွက်ဖို့ အကြံပြုတိုက်တွန်းလိုပါတယ် ခင်ဗျာ။

    -ရာသီဥတု မိုးအုံ့ တိမ်ထူချိန်တွင် ကန်အတွင်းရှိ ရေမှော်ကဲ့သို့သော အပင်ငယ်လေးများ အစာ ချက်ရန် အလင်းရောင်အနည်းငယ်သာရရှိသဖြင့် ယင်းအခြေအနေတွင် ရေတွင်း အောက်ဆီဂျင် ပမာဏနည်းသဖြင့် သတိပြုရန်၊

    -ရေအပူချိန် ရုတ်တရက်ပြောင်းလဲမှုကြောင့် ငါး/ပုဇွန်များ အပူရှပ်နိုင်သဖြင့် သတိပြုရန်၊

    -တစ်နှစ်ပတ်လုံးမွေးမြူသည့် ငါးကန်များအတွက် အရံကန်များ ပြင်ဆင်ထားရန်၊

    -ကန်ဖော်ပြီး ကန်များအနေဖြင့် ကန်သန့်ရှင်းရေးကို ဆောင်ရွက်ရန်၊

    -မျိုးငါးကန်များအနေဖြင့် အစာကို လုံလောက်စွာကျွေးရန် အကြံပြုတိုက်တွန်းအပ်ပါတယ် ခင်ဗျာ။

    Weather Source: CIAT

    ------------------

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes8comments0
views280views1535