cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

တရုတ်ထံမှ မြန်မာရရှိထားသည့် သစ်သီးဈေးကွက်ဝေစု ၅၀ ရာခိုင်နှုန်းကျော် လာအိုဖဲ့ယူ

. ဈေးကွက်သတင်းများ
မတ်လ ၁၂ ရက်က 12 Kg အထက် ဖရဲဈေးက ၅.၅ ယွမ်ကနေ ၆ ယွမ်အထိ ဈေးရခဲ့ပြီး ယနေ့ (မတ်လ ၁၄ ရက်) မှာတော့ ၁၉ ဆိုဒ် 12 Kg အထက်ကို အမြင့်ဆုံး ၅.၆ ယွမ်အထိ ဈေးကျသွားခဲ့ပါတယ်။
  • တရုတ်ဝယ်လက်တွေထံ တင်ပို့ခွင့်ရရှိထားတဲ့ မြန်မာ့သစ်သီးဈေးကွက်ဝေစု ၅၀ ရာခိုင်နှုန်းကို လာအိုနိုင်ငံကနေ အတင်းခွဲဝေယူထားကြောင်း တရုတ်-မြန်မာနယ်စပ် သစ်သီးကုန်သည်အသိုင်းအဝိုင်းကနေ သိရပါတယ်။

    လာအိုဘက်ကနေ တရုတ်ကို ပို့တဲ့ ဖရဲတွေဟာ ၂၀၁၉ ခုနှစ်ကစတဲ့ မြန်မာဘက်ရဲ့ အခက်အခဲကာတွေမှာ အခွင့်ကောင်းယူပြီး အလုံးအရင်းနဲ့ တရုတ်ဈေးကွက်ထဲ ဝင်ရောက်နေတာလို့ ခွာညိုသစ်သီးပွဲရုံက ပြောပါတယ်။

    အရင်ကဆိုရင် တရုတ်နိုင်ငံအနေနဲ့ ဖရဲတင်သွင်းမှုရဲ့ ၈၀ ရာခိုင်နှုန်းအထိကို မြန်မာနိုင်ငံကနေ ဝယ်ယူနေတာဖြစ်ပေမယ့် ယခုအခါ ဒေသတွင်းနိုင်ငံရဲ့ ဈေးကွက်ယှဉ်ပြိုင် ရယူလာမှုကြောင့် တရုတ်ရဲ့ ဝယ်လိုအား ကျသွားခဲ့ပါတယ်။

    မတ်လ ၁၂ ရက်က 12 Kg အထက် ဖရဲဈေးက ၅.၅ ယွမ်ကနေ ၆ ယွမ်အထိ ဈေးရခဲ့ပြီး ယနေ့ (မတ်လ ၁၄ ရက်) မှာတော့ ၁၉ ဆိုဒ် 12 Kg အထက်ကို အမြင့်ဆုံး ၅.၆ ယွမ်အထိ ဈေးကျသွားခဲ့ပါတယ်။

    အသီးအရည်အသွေးကောင်းလာလို့ ရောင်းဈေးတက်လာခဲ့ပေမယ့် ယခုအခါ အသီးအဝင်များလို့ ဈေးဆွဲတင်/ဆွဲချ ပြုလုပ်နေကြောင်း သစ်သီးကုန်သည်တစ်ဦးက ပြောပါတယ်။

    တဖက်မှာလည်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် ဖရဲသီးတင်ပို့ရာမှာ သီးနှံပျက်စီးဆုံးရှုံးမှုတွေ ရှိနေပြီး ကုန်သည်တွေလည်း အရှုံးပေါ်နေကြပါတယ်။

    “တရုတ်ဝယ်လက်တွေ ပထမပိုင်းဝယ်သွားတဲ့ ဖရဲတွေ အပုပ်အနာများပြီး ဆုံးရှုံးမှုများခဲ့တယ်။ ဖရဲတွေထပ်ဝယ်ဖို့ လက်နှေးလာရတယ်။ ဒီအချိန် စပေါ့ပြောက်တချို့တလေ ထပ်မြင်တော့ လက်တွန့်ကုန်တာလည်းပါမယ်”လို့ ခွာညိုပွဲရုံက ပြောပါတယ်။

    ဒါ့ကြောင့် တရုတ်ဘက်ရဲ့ ဝယ်လိုအားအခြေအနေကို သတိရှိရှိနဲ့ စောင့်ကြည့်ပြီး တင်ပို့မှုကို ချုံ့လိုက်ကာ အသီးသန့်သန့်ကိုသာ ရောင်းကွင်းတင်ဖို့လည်း တိုက်တွန်းမှုတွေ ရှိလာပါတယ်။

    BETV Business မှ ကူးယူဖော်ပြအပ်ပါသည်။

    ------

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes8comments1
views107views2154