ငါးမြစ်ချင်း သားပေါက်စာဖော်စပ်ခြင်း နှင့် အသားတိုးအစာကြွေးခြင်းစနစ်များ
ငါးမွေးမြူရေးလုပ်ငန်းစဉ်အရ ငါးသန်းဘဝမှဖြစ်စေ၊ ငါးဖျန်းဘဝမှဖြစ်စေ အသားတိုးမွေးမြူရေး လုပ်ငန်းကို ဆက်လက်မွေးမြူချိန်တွင် ငါးသန်ဖြစ်စေ၊ ငါးဖျန်းဖြစ်စေ ကျန်းမာသန်းစွမ်းပြီး အဟာရပြည့်ဝ စေရန် အရေးကြီးပါသည်။ သို့မှသာ အသားတိုး ဆက်လက်မွေးမြူရန်အတွက် အထောက်အကူဖြစ်စေ ပါမည်။ ထို့ကြောင့် ငါးသန်းနှင့် ငါးဖျန်းဘဝတွင် အဟာရပြည့်ဝသောအစာကို အောက်ပါအတိုင်း ဖော်စပ် ကြွေးမွေးနိုင်ပါသည်။
အသားတိုးကန်တွင် ဆက်လက်မွေးမြူပါက အစာကောင်းစွာကြွေးနိုင်လျှင် ၁၀လမှ ၁၂လအကြာတွင် စျေးကွက်ဝင် ငါးမြစ်ချင်းများ ရရှိနိုင်ပါသည်။ အစာကြွေးရာတွင် အာဟာရပြည့်ဝဖို့နှင့် နည်းစနစ်မှန် ဖို့လည်း အရေးကြီးပါသည်။ အစာကြွေးရမည့်နှုန်းမှာ အောက်ပါဇယား (၂) အတိုင်း ဖြစ်ပါသည်။
ဇယား(၂) အတိုင်း အစာတောင့် ဝယ်ကျွေးပါက အစာဖိုးလည်းသက်သာနိုင်သည့်အပြင် အစာအကြွင်းအစာကျန်မရှိသဖြင့် ကန်အောက်ခြေညစ်ညမ်းမှု့လည်း မဖြစ်ပေါ်နိုင်ပါ။ ထို့ကြောင့် အသား တိုးကန်တွင် အစာကိုစနစ်တကျကျွေးမွေးပေးပါရန် အကြံပြုတင်ပြအပ်ပါသည်။
--------------
ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ - https://htwettoe.com/download
ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483
တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


