cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရုံးပတီသီးပင်စိုက်ကြရအောင်🌱🌱

. စိုက်ပျိုးနည်းစနစ်များ
အမျိုးသမီး များတွင် ဖြစ်တတ်သော အရိုးပါးခြင်း ရောဂါကိုလည်း ရုံးပတီသီး များကို ပုံမှန်စားသုံးပေးခြင်း အားဖြင့် သက်သာ ပျောက်ကင်း စေပါသည်။ ရုံးပတီသီး စားသုံးခြင်းသည် အရိုးကျီးပေါင်းတက် ရောဂါများကို သက်သာ ပျောက်ကင်းစေနိုင်ပါ သည်။ ရုံးပတီသီးတွင် ပါဝင်သော အာဟာရ ဓာတ်များသည် အထူးသဖြင့် အဆစ်အမြစ်ကိုက်ခြင်းနှင့် အရိုးပါးခြင်းကို ကာကွယ်ပေးပါသည်။
  • “စားလို့ရတာ အကုန်စိုက်၊ စားလို့ရတာ အကုန်မွေး” ဆိုသည့် ဆောင်ပုဒ် အတိုင်း စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကိုလည်း တွဲဖက်စိုက်ပျိုးသွားကြရန် လိုအပ်ပါသည်။

    ယခုအခါ မိသားစု ကျန်းမာရေး အတွက် အစာလည်းဆေး၊ ဆေးလည်းအစာ ဆိုသည့် အတိုင်း ဆေးဖက်ဝင်သည့် အသီး အရွက်ပင် များစွာထဲမှ ရုံးပတီသီးပင် များကိုလည်း အိမ်တိုင်း၊ အိမ်တိုင်းတွင် စိုက်ပျိုးသွားကြရန် တိုက်တွန်းအပ်ပါသည်။ ဆေးဖက်ဝင်လှသည့် ရုံးပတီသီးများ ကို စားသုံးပေးခြင်းအားဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများမှာ ခန္ဓာကိုယ်ရှိ အရိုးမျာကို သန်မာစေခြင်း၊ နှလုံးအားများကို ကာကွယ်ပေးခြင်း၊ အဆစ်အမြစ်ရောင်ရမ်းခြင်း များကို သက်သာစေခြင်း၊ သွေးပေါင်များကို ထိန်းညှိပေးခြင်း၊ ခန္ဓာကိုယ်သွေး စီးဆင်းမှု အားကောင်းစေခြင်းများတို့ကို ရရှိစေနိုင်ပါသည်။

    ရုံးပတီသီးကို ပုံမှန်စားပေးခြင်းအား ဖြင့် သွေးကြောနံရံများ တောင့်တင်းခြင်းကို ကာကွယ်ပေးပါသည်။ သွေးကြောနံရံများ တောင့်တင်းခြင်းသည် သွေးလှည်ပတ်စီး ဆင်းမှုနှုန်းကို နှေးစေပြီး သွေးများကို ခဲစေသဖြင့် လူ၏ကျန်းမာရေးကို ဒုက္ခပေးနိုင်ပါသည်။ ရုံးပတီသီးတွင်ရှိသော ဖောလိတ်ဟုခေါ်သော ဗီတာမင်တစ်မျိုးသည် သွေး လည်ပတ်မှုအားကို ကောင်းစေပါသည်။ ရုံးပတီသီးတွင် ပိုတက်စီယမ်ဓာတ်၊ မဂ္ဂနီစီယမ်ဓာတ်တို့ ကြွယ်ဝစွာ ပါဝင်သောကြောင့် သွေးသားများကို သန့်စင်ကောင်းမွန်စေပါသည်။ သွေးတိုးရောဂါဖြစ်ခြင်း များကို ကာကွယ်ပေးပါသည်။ အမျိုးသမီး များတွင် ဖြစ်တတ်သော အရိုးပါးခြင်း ရောဂါကိုလည်း ရုံးပတီသီး များကို ပုံမှန်စားသုံးပေးခြင်း အားဖြင့် သက်သာ ပျောက်ကင်း စေပါသည်။ ရုံးပတီသီး စားသုံးခြင်းသည် အရိုးကျီးပေါင်းတက် ရောဂါများကို သက်သာ ပျောက်ကင်းစေနိုင်ပါ သည်။ ရုံးပတီသီးတွင် ပါဝင်သော အာဟာရ ဓာတ်များသည် အထူးသဖြင့် အဆစ်အမြစ်ကိုက်ခြင်းနှင့် အရိုးပါးခြင်းကို ကာကွယ်ပေးပါသည်။

    မြန်မာတို့၏ တိုင်းရင်းဆေး ဓာတ်စာအဖြစ် ဆေးဘက်ဝင် ရုံးပတီသီးပင် များကို နေရာဒေသမရွေး စိုက်ပျိုးသွား သင့်ပါသည်။ ရုံးပတီသီးပင်သည် မြေအမျိုးအစား မရွေး စိုက်ပျိုးဖြစ်ထွန်းပါသည်။ အထူး သဖြင့် မြေသြဇာကောင်းမွန်သော နှုန်းမြေ များတွင် ပိုမိုဖြစ်ထွန်း ပါသည်။ ရုံးပတီသီးပင်များကို စိုက်ပျိုးရန် အတွက် ပထမဦးစွာ စိုက်ပျိုးမည့်မြေအား နွားထယ် ၁ စပ်၊ နွားထွန် ၅ စပ်အထိ ထွန်ပြီး ပေါင်းကောက်ပါ။ မြေခံအဖြစ် သဘာ၀ နွားချေးလှည်းတစ်စီးမှ ၁၀ စီးအထိ ထည့်သွင်းပေးပါ။ မိုးရာသီ၊ ဆောင်းရာသီ အစိုဓာတ်မိအောင် စိုက်ပျိုးပါ။ စိုက်ပျိုးရာတွင် စိုက်စနစ်အဖြစ် တန်းကြား ၂ ပေ၊ ပင်ကြား ၂ ပေထားပြီး တစ်ကျင်းလျှင် ရုံးပတီစေ့ နှစ်စေ့နှုန်းစိုက်ပျိုးပေးပါ။ တစ်ဧကလျှင် အပင် ပေါင်း တစ်သောင်းနှစ်ထောင်ပင်မှ တစ် သောင်းငါးထောင်ကျော်အထိ ရရှိနိုင်ပါ သည်။ စိုက်ပျိုးပြီး ၃၀ ရက်သားအတွင်း ပေါင်းမြက်ကင်းစင်အောင် ဆောင်ရွက်ပါ။ ယခုအခါ ရုံးပတီသီးတစ်ထောင့်လျှင် ၂၅ - ၃၀ ကျပ်ဝန်းကျင်ဖြင့် ဈေးထဲဝယ်စားနေရလျက်ရှိပါသည်။

    ရုံးပတီပင်များကိုလည်း နှစ်ရှည်သီးနှံ ပင်များအကြား သီးညှပ်သီးနှံအဖြစ်လည်း စိုက်ပျိုးနိုင်ပါသည်။ ရာသီဥတုကောင်းမွန် လာရေးအတွက် သီးနှံရောနှော စိုက်ခင်းများ ကိုလည်း တည်ထောင်ပြီး ဟင်းသီးဟင်း ရွက် သစ်သီးဝလံ ပန်းမန်များပါ ပါဝင် အောင်စိုက်ပျိုး သွားသင့်ပါသည်။ မြန်မာတောင်သူကြီးများအနေနှင့် သီးနှံပုံစံအဖြစ် ဥပမာ သနပ်ခါးနှင့် ရုံးပတီသီး၊ သက်ရက်နှင့်ရုံးပတီ၊ ဇီးနှင့် ရုံးပတီ၊ လျော်ဖြူပင်နှင့်ရုံးပတီ၊ နှစ်ရှည်ပင်သီးနှံ များ ဥယျာဉ်ခြံသီးနှံများနှင့်ပါ ရုံးပတီသီး ပင်ကို ထည့်သွင့်စိုက်ပျိုးပေးနိုင်ပါသည်။

    ယနေ့ မြန်မာနိုင်ငံတွင်လည်း တိုး တက်များပြားလာသော လူဦးရေများ အတွက် စားသုံးရန် လိုအပ်လျှက်ရှိနေသော ဟင်းသီးဟင်းရွက် ရုံးပတီသီးပင် တစ်နည်း အားဖြင့် ဆေးဖက်ဝင်ရုံးပတီပင်များကို ယခုမိုးရာသီအမီ စိုက်ပျိုးသွားသင့်ပါသည်။ မြန်မာတောင်သူ လယ်သမား မိသားစုများ အားလည်း “ရုံးပတီသီးပင် စိုက်ကြရ အောင်”ဟု တိုက်တွန်းအပ်ပါသည်။

    - ရွှေမင်းအောင်(ကျောက်ပန်းတောင်း)

    မြန်မာတောင်သူကြီးများ ဂျာနယ်

    ----

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes15comments0
views100views2176