မရမ်းသီး (Marian Plum) ရဲ့ ကျန်းမာရေးကောင်းကျိုးများ
မရမ်းသီးပင်ဟာ အပူပိုင်းရော အပူလျော့ပိုင်းမှာပါ ပေါက်ရောက်နိုင်တဲ့ အပင်မျိုးဖြစ်ပါတယ်။ ရာသီဥတုအနေနဲ့ ပူအိုက်စိုစွတ်တဲ့ရာသီဥတုကို ကြိုက်နှစ်သက်ပြီး နေရောင်ခြည်အပြည့်အဝရရှိဖို့ လိုပါတယ်။ ရေထုတ်ရလွယ်ကူတဲ့မြေမှာ ကောင်းကောင်းဖြစ်ထွန်းပြီး မြေချဉ်ငန်နှုန်းအနေဖြင့် ၅.၅ မှ ၇ အကြားကြိုက်နှစ်သက်ပါတယ်။ မရမ်းသီးမှာ မျိုးကွဲတွေ အများကြီးရှိပါတယ်။ Manila Plum၊ Kari Plum၊ Kradum Plum၊ Gandaria Plum၊ Chocanan Plum၊ Chumporn Plum၊ Nangka Plumနဲ့ Seedless Marian Plum ဆိုပြီး အမျိုးမျိုးရှိပါတယ်။ ကျန်းမာရေးကောင်းကျိုး တွေအနေနဲ့ ကတော့ ကောင်းကျိုးများစွာရှိပါတယ်။
၁။ အာဟာရဓါတ်မျိုးစုံပါဝင်ခြင်း
မရမ်းသီးတွင် ဗိုက်တာမင်နှင့်သတ္တုဓါတ်များ များစွာပါဝင်ပါတယ်။ ဗိုက်တာမင်အေ၊ ဗိုက်တာမင်စီနဲ့ ဗိုက်တာမင် အီးတို့ အများဆုံးပါဝင်ပါတယ်။ အဆိုပါ ဗိုက်တာမင်တွေဟာ ခုခံအားစနစ်၊ အရေပြားနဲ့ မျက်လုံးကျန်းမာရေးအတွက် များစွာအထောက်အကူပြုပါတယ်။ ဒါအပြင် နှလုံးကျန်းမာရေး၊ အရိုးနဲ့ ကြွက်သားသန်မာစေတဲ့ ပိုတက်စီယမ်၊ ကယ်လ် စီယမ်နဲ့ မဂ္ဂနီစီယမ်ဓါတ်တွေလည်းပါဝင်ပါတယ်။
၂။ ဓါတ်တိုးဆန့်ကျင်ပစ္စည်းများ
မရမ်းသီးစားခြင်းဖြင့် နှလုံးရောဂါ၊ ကင်ဆာနဲ့ အခြားအာရုံကြောချို့တဲ့မှုကို ဖြစ်စေတဲ့အရာတွေကို ချေဖျက်ပေးခြင်းဖြင့် ကာကွယ်ပေးပါတယ်။
၃။ အစာခြေအားကောင်းခြင်း
မရမ်းသီးတွင် အမျှင်ဓါတ်များပါဝင်တဲ့အတွက် အူလမ်းကြောင်းကျန်းမာရေးအတွက် အလွန်ကိုကောင်းပြီး အူမကြီးကင်ဆာကို ကာကွယ်ပေးပါတယ်။
၄။ ရေဓါတ်ဖြည့်ပေးခြင်း
မရမ်းသီးတွင် ရေဓါတ်များစွာပါဝင်တဲ့အတွက် ခန္ဓာကိုယ်အပူချိန်ကို ချိန်ညှိရာမှာ အထောက်အကူပြုပါတယ်။
၅။ ခန္ဓာကိုယ်ရောင်ရမ်းခြင်းအား လျော့ကျစေခြင်း
မရမ်းသီးမှာ ပါဝင်တဲ့ polyphenols နဲ့ flavonoids ဓါတ်တွေဟာ ခန္ဓာကိုယ်ရောင်ယမ်းမှုကို သက်သာစေပြီး အဆစ်မြစ်ရောဂါများကိုလည်း သက်သာစေပါတယ်။
၆။ ကိုယ်အလေးချိန်လျော့ကျစေခြင်း
အသီးတွင်ပါဝင်တဲ့အမျှင်ဓါတ်ဟာ ခန္ဓာကိုယ်အလေးချိန်တက်တာကို လျော့ကျစေပါတယ်။
၇။ အသားအရေကောင်းစေခြင်း
မရမ်းသီးမှာပါဝင်တဲ့ ဗိုက်တာမင်စီနဲ့ အခြားဓါတ်တိုးဆန့်ကျင်ပစ္စည်းများတွေဟာ အသားအရေကို ကောင်းမွန်စေပြီး ကော်လဂျင်ထုတ်လုပ်မှုကိုလည်း မြှင့်တင်ပေးပြီး ခရမ်းလွန်ရောင်ခြည်ကျရောက်မှုနဲ့ အညစ်အကြေးများကိုလည်း သန့်စင်ပေးပါတယ်။
၈။ ခုခံအားကောင်းစေခြင်း
မရမ်းသီးမှာတွေ့ရတဲ့ ဗိုက်တာမင်စီဟာ ခန္ဓာကိုယ်မှာရှိတဲ့ သွေးဖြူဥတွေကို အထောက်အကူပြုတဲ့အတွက် ရောဂါတွေကို တိုက်ထုတ်ရာမှာ အထောက်အကူပြုပါတယ်။ ဒါကြောင့်မို့ အအေးမိဖျားနာခြင်းနဲ့ တုပ်ကွေးအဖျားတွေကို ခံနိုင်ရည်မြင့်စေပါတယ်။
၉။ အရိုးအားကောင်းစေခြင်း
အသီးမှာပါဝင်တဲ့ ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်နဲ့ ဖော့စဖောရပ်ဓါတ်တွေဟာ အရိုးကျန်းမာရေးကို အားကောင်း စေပြီး အသက်အရွယ်ကြီးချိန်ဖြစ်တက်သည့် အရိုးပွရောဂါတွေမဖြစ်အောင် ကာကွယ်ပေးပါတယ်။
၁၀။ မျက်စိအားကောင်းစေခြင်း
အသီးမှာပါဝင်တဲ့ ဗိုက်တာမင်အေဟာ မျက်လုံးကျန်းမာရေးအတွက် အထောက်အကူပြုပြီး အသက်အရွယ် ကြီးရင့်ချိန် ကြွက်သားအားနည်းခြင်း၊ မျက်စိတိမ်ကျခြင်းအတွက် ကာကွယ်ပေးပါတယ်။
၁၁။ ဆီးချိုရောဂါကာကွယ်ပေးခြင်း
မရမ်းသီးတွင်ပါဝင်တဲ့ဓါတ်တွေဟာ ခန္ဓာကိုယ်တွင်း သကြားဓါတ်ကို ထိန်းညှိပေးတဲ့အတွက် ဆီးချိုသမား များအတွက် အထူးသင့်တော်ပါတယ်။
၁၂။ ဘက်တီးရီးယားနဲ့ မှိုပေါက်ဖွားမှုကို ရပ်တန့်စေခြင်း
မရမ်းသီးတွင် ပါဝင်တဲ့ပစ္စည်းတွေဟာ ဘက်တီးရီးယားနဲ့ မှိုတွေပေါက်ဖွားမှုကိုရပ်တံ့စေတဲ့အတွက် ခံတွင်း သန့်ရှင်းရေးကို အထောက်အကူပြုပါတယ်။
၁၃။ ကင်ဆာဆဲလ်တွေကိုတိုက်ထုတ်ပေးခြင်း
မရမ်းသီးရဲ့ အရွက်နဲ့ အသီးတွေဟာ ကင်ဆာဆဲလ်တွေကို တိုက်ထုတ်ပေးပါတယ်။ ဆန့်ကျင်ဓါတ်တိုး ပစ္စည်းတွေနဲ့ ရောင်ရမ်းတာတွေကို သက်သာစေတဲ့ အသီးထဲမှာပါတဲ့ဓါတ်တွေဟာ ကင်ဆာကို တိုက်ထုတ်ပေးပါတယ်။
၁၄။ အသည်းကျန်းမာရေးကို အထောက်အကူပြုခြင်း
အသီးထဲမှာပါဝင်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေဟာ အသည်းကျန်းမာရေးကို ကောင်းစေပါတယ်။
၁၅။ သွေးအားစနစ်ကောင်းမွန်စေခြင်း
မရမ်းသီးစားခြင်းဟာ နှလုံးကျန်းမာရေးကိုကောင်းစေသလို သွေးကြောစနစ်တွေကိုလည်း ကောင်းမွန်စေပါ တယ်။ တစ်ချိန်တည်းမှာ သွေးပေါင်ချိန်တက်တာကိုလည်း လျော့ကျစေပါတယ်။
၁၆။ အိုမင်းရင့်ရော်ခြင်းမှကာကွယ်ပေးခြင်းး
ဗိုက်တာမင်စီနဲ့ ပိုလီဖီနောလိုဓါတ်တွေဟာ အသက်အရွယ်အရ အိုမင်းရင့်ရော်နှုန်းကို နှေးစေပါတယ်။ အသား အရေကိုလှစေသလို အသက်အရွယ်အလိုက်ဖြစ်တက်တဲ့ အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးပါတယ်။
၁၇။ သွေးပေါင်ကျစေခြင်း
မရမ်းသီးစားခြင်းဟာ သွေးပေါင်ချိန်တက်ခြင်းကို ကုသတဲ့နေရာမှာ သုံးပါတယ်။
၁၈။ ဒဏ်ရာကျက်လွယ်စေခြင်း
မရမ်းပင်ရဲ့အရွက်ဟာ ဒဏ်ရာတွေကို ကျက်လွယ်စေပြီး အရေပြားကောင်းမွန်ဖို့အတွက်လည်း သုံးပါတယ်။
၁၉။ အပင်ထွက်ဆေးများပါဝင်ခြင်း
မရမ်းသီးတွင် tannin၊ saponin နှင့် terpenoid ကဲ့သို့သောဓါတ်များပါဝင်ပြီးယင်းဓါတ်များသည် ကျန်းမာရေးအတွက်လွန်စွာအထောက်အကူပြုပါတယ်။
၂၀။ အစာခြေစနစ်ကောင်းမွန်စေခြင်း
မရမ်းသီးကို အစာအိမ်ဆိုင်ရာ ရောဂါများကို သက်သာစေရန်အတွက် တိုင်းရင်းဆေးအနေဖြင့် သုံးကြပါတယ်။
၂၁။ အားအင်ပြည့်ဖြိုးစေခြင်း
မရမ်းသီးမှာ သဘာဝကပေးတဲ့ သကြားဓါတ်ပါဝင်တဲ့အတွက်ကြောင့် အားကစားသမားတွေအတွက် သင့်တော်ပြီး အားအင်ပြည့်ဖြိုးစေပါတယ်။
၂၂။ စိတ်ဖိစီးမှုလျှော့ချပေးခြင်းး
မရမ်းသီးစားခြင်းက ခန္ဓာကိုယ်နဲ့ စိတ်ကို တည်ငြိမ်လန်းဆန်းစေပြီး စိုးရိမ်ကြောင့်ကြမှုများကိုလည်း လျော့ကျစေပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။
Source: Health benefits of Marian plum (healthbenefitstimes.com)


