cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

တစ်ပတ်စာ မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်

. ရာသီဥတု သတင်းများ
ပဲခူးတိုင်းဒေသကြီးရှိ လက်ပံတန်းမြို့နယ်၊ မိုးညိုမြို့နယ်၊ သာယာဝတီမြို့နယ်

ပဲခူးတိုင်းဒေသကြီးရှိ ဖော်ပြပါ မြို့နယ်များတွင် ၂ဝ၂၄ ခုနှစ်၊ မတ်လ (၂၅) ရက်နေ့မှ (၃၁) ရက် နေ့အထိ တစ်ပတ်တာ ခန့်မှန်းချက်အနေဖြင့် မိုးရွာရန် (၁၀)ရာခိုင်နှုန်းအောက်သာရှိသဖြင့် ရွာရန် ရာခိုင်နှုန်းအလွန်နည်း ပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။
  • တစ်ပတ်စာ မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်  

    ပဲခူးတိုင်းဒေသကြီးရှိ လက်ပံတန်းမြို့နယ်၊ မိုးညိုမြို့နယ်၊သာယာဝတီမြို့နယ် 

    ပဲခူးတိုင်းဒေသကြီးရှိ ဖော်ပြပါ မြို့နယ်များတွင် ၂ဝ၂၄ ခုနှစ်၊ မတ်လ (၂၅) ရက်နေ့မှ (၃၁) ရက် နေ့အထိ တစ်ပတ်တာ ခန့်မှန်းချက်အနေဖြင့် မိုးရွာရန် (၁၀)ရာခိုင်နှုန်းအောက်သာရှိသဖြင့် ရွာရန် ရာခိုင်နှုန်းအလွန်နည်း ပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။ 


    စိုက်ပျိုးရေးအကြံပြုချက်  

    ဖြုတ်ညိုပိုးအား ကာကွယ်နှိမ်နှင်းခြင်း 

    - ပိုးကျရောက်မှု ကနဦးအစတွင် စပါးခင်းအား ရေတစ်ရက်ခန့် လွှမ်းပေးခြင်းဖြင့် ဖြုတ်ညိုများအား လျှော့နည်းသွားစေပါသည်။ 

    - ပိုးကျမှု ဆိုးဝါးလာသည့် အချိန်တွင် စပါးခင်းအတွင်း ရေ ၃-၄ရက်ခန့် ထုတ်ပေးရပါမည်။ 

    - ဖြုတ်ညိုပိုး၏ သဘာဝရန်သူများဖြစ်သော ပင့်ကူ၊ ရေနေကျိုင်း၊ လိပ်ခုံးကျိုင်း စသည်တို့သည် ဖြုတ်ညိုပိုးများကို သတ်ဖြတ် စားသောက်လေ့ ရှိကြပါသည်။ 

    - တစ်ဧကလျှင် မီးထောင်ခြောက် (၂) ခုကို ဖြုတ်ညို ကျရောက်သည့် စပါးခင်းတွင် ညဘက်၌ အသုံးပြုပါ (ဥပမာ- လျှပ်စစ်မီးသီး သို့မဟုတ် ကီရိုဆင်း မီးအိမ်များကို ရေဇလားပေါ်တွင် တပ်ဆင် အသုံးပြုပေးပါ) 

    - စပါးပင်များအား ဖြုတ်ညိုပိုးရန်မှ ကာကွယ်ရန် ဖော်ပြပါ ပိုးသတ်ဆေးများအား အသုံးပြုနိုင်ပါသည်။ 

    ၁။ ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံးတစ်ပုံးလျှင် ပိုင်မီသရိုဇိုင်း ၄၅% + နီတန်ဖီရမ် ၁၅% ဒဗလျူဒီဂျီ စားပွဲတင်ဇွန်း (၁)ဇွန်း 

    ၂။ တစ်ဧကလျှင် ဒိုင်နိုတီဖျူရမ် ၂၀% စားပွဲတင်ဇွန်း ၄-၅ ဇွန်းအသုံးပြုနိုင်ပါတယ်။ 

    ၃။ ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံးတစ်ပုံးလျှင် Fenobucarb 45% + Cypermethrin 5% စားပွဲတင်ဇွန်း ၄-၅ ဇွန်း အသုံးပြုနိုင်ပါတယ်။ 

    သို့မဟုတ် ဈေးကွက်အတွင်း ဝယ်ယူရရှိနိုင်သာ မှိုသတ်ဆေးထုတ်များတွင် ပါရှိသည့် အညွှန်းအတိုင်း အသုံးပြုနိုင်ပါသည်။ (ဆေးညွှန်းကို သေချာဖတ်ပြီး လိုက်နာဆောင်ရွက်ပါ) (တိုင်းတာရန်အတွက် ချိန်တွယ်ခွက် သို့မဟုတ် ဆေးထိုးအပ်များကို အသုံးပြုနိုင်ပါသည်)။


    ပဲတီစိမ်းတစ်ဧက(၂၀) တင်းထွက်ရှိရန်အတွက် ဆောင်ရွက်ရမည့်လုပ်ငန်းအဆင့်ဆင့်  

    ကြိုတင်ပြင်ဆင်ခြင်း 

    သဘာဝမြေဩဇာနွားချေးတစ်ဧက (၁၀၀/၁၅၀)တင်း နေရာနှံ့အောင်ချပါ။ နွားထယ်(သို့)ထွန်းစက်ကြီးနှင့် တစ်စပ် ကမ်းဖြိုထိုးပြီး ယူရီးယား(၈)ပြည်၊တီစူပါ(၂၄)ပြည် ၊ပိုတက်ပေါင်(၁၂)ပြည်၊ ဂျစ်ပဆန်ပေါင်(၂၀)ပြည်ကို သမ အောင်ရောမွှေပြီး မြေခံကြဲပတ်ပါ။ ထွန်းရေးသင်တင့်စွာညက်အောင် (၂)စပ် မွှေပေးပါ။ ထုတ်ဝေ ထောက်ခံ ထားသည့် ရေဆင်း(၉)၊ ရေဆင်း(၁၁)၊ ရေဆင်း(၁၄)၊ စိုက်ပျိုးရေး(၁) စသည့်မျိုး ကောင်းမျိုးသန့်များသုံးပါ။ 

    (၀၁) ရက် 

    အပင်ပေါက်ကောင်း၍ အပင်ပေါက်ညီညာအောင် ပဲတီစိမ်းမျိုးစေ့များကို နာရီဝက်ရေစိမ်ပြီး ပဲမြစ်ဖု ဇီဝ မြေဩဇာတစ်ထုပ်နှင့် သမအောင်ရောမွှေပြီးမှ စိုက်ပါ။ အပင်ငယ်စဉ် မှိုရောဂါကျတက်သောကြောင့် မှိုသတ် ဆေးတစ်မျိုးမျိုးနှင့် လူးနယ်စိုက်ပါ။ တစ်ဧကရိတ်သိမ်းအပင် (၁၃၀၀၀၀)ရရှိရန် အတန်းလိုက်စိုက်ပါက မိုးကြို နှင့်မိုးနှောင်းရာသီတွင် တန်းကြား(၁၂)လက်မ၊ ပင်ကြား(၄)လက်မ ထား၍ မျိုးစေ့နှုန်း (၆-၈)ပြည်သုံးပါ။ မိုးရာ သီတွင် တန်းကြား(၁၈)လက်မ၊ပင်ကြား(၄)လက်မထား၍ မျိုးနှုန်း(၄-၆)ပြည်သုံးပါ။ ကြဲပတ်ပါက မျိုးစေ့(၁၂) ပြည်နှုန်းသုံးပါ။ အပင်ပေါက်ညီညာ၍ အပင်ပေါက်ကောင်းရန် ထယ်ရေးအတွင်းမျိုးစေ့အတိမ်အနက် (၁-၂) လက်မအတွင်း ရအောင်စိုက်ပါ။  

    (၀၇) ရက် 

    စတင်အပင်ပေါက်သည်။အပင်ငယ်စဉ်တွင်လှေးကျိုင်း၊ပျ၊မွှားပင့်ကူနီ၊ပင်စည်ထိုးယင်တို့ကျတက်သောကြောင့်အပင်ပေါက်စုံချိန်တွင်ပင်လုံးပြန့်သတ္တိရှိပိုးသတ်ဆေးတစ်မျိုးမျိူးဖျန်းပါ။ညိုးသေရောဂါများကာကွယ်ရန်မှိုသတ်ဆေးတစ်မျိုးမျိုးပတ်ဖျန်းပါ။  

    (၁၅-၃၀) ရက် 

    ပေါင်းမြက်ကင်းစင်အောင် စတင်ဆောင်ရွက်ပါ။ (၁၅)ရက်ခြား နှစ်ကြိမ် ဆောင်ရွက်ပါ။  

    (၁၅-၂၅) ရက် 

    ပဲပင်များ ကြီးထွားသန်မာဖြစ်ထွန်းရန် (NPK)နှင့် အနည်းလိုအာဟာရဓာတ်များ ပါဝင်သောရွတ်ဖျန်းမြေဩဇာ များတွင် (N)အချိုးများသည့် သင့်တော်သည့် ရွတ်ဖျန်းမြေဩဇာတစ်မျိုး(၁၅)ရက်ခြား နှစ်ကြိမ်ဖျန်းပါ။  

    (၁၅-၆၀) ရက် 

    ရွက်ဖောက်လှေး ကျိုင်း၊ ရွက်စားပိုး၊ ငမြောင်တောင်၊ ပင်စည်ထိုးယင်၊ ပျပိုး ၊ကျိုင်း၊ သရစ်လှေးပိုး ၊ထွာကောင် စိမ်း၊ ရွက်စုံစားခူဝါ၊ ပွင့်ထွေးရွက်ကပ်သီးလုံးဖောက်ပိုး စသည်တို့နှင့် ယင်ဖြူကြောင့်ဖြစ်သော အဝါရောင်မှိုစိတ် ဗိုင်းရပ်ရောဂါများ မကျရောက်စေရန် သင့်တော်သည့် ဆေးတစ်မျိုးမျိုး (၁၅)ရက်တစ်ကြိမ် ပတ်ဖျန်းပါ။ သီးနှံသက်တမ်းတစ်လျှောက်လုံး ပင်ညိုးရောဂါ၊ ဖားဥမှိုရောဂါ၊ သံချေးရောဂါ၊ စာကိုစပိုးရားရွက်ခြောက်ရောဂါ၊ မှဲ့ပြောက်စွန်းရောဂါ၊ ဗိုင်းရပ်မှိုစိတ်ရောဂါ စသည့်ရောဂါများ ကျရောက်တက်၍ မှိုသတ်ဆေးများမှ ရောဂါ နှင့်သင့်တော်သည့် ဆေးတစ်မျိုးမျိုး (၁၅)ရက် တစ်ကြိမ်ဖျန်းပါ။  

    (၃၀) ရက်  

    သီးကိုင်းဖူးလေးများ စတင်နိုးကြားလာသည်။ ထိုအချိန်တွင် အစိုဓာတ်မပျတ်ရန် ၊အာဟာရမချို့တဲ့ရန်၊ ပိုးမွှား ရောဂါမကျရောက်ရန် ဂရုပြုရပါမည်။ (၃၅-၄၅)ရက် (၄၅)ရက်စ၍ ပန်းပွင့်သည်။ ပွင့်အားကောင်း၍ အသီး တောင့်များရန် (NPK)အချိုး ရွက်ဖျန်းမြေဩဇာများ(P)နှင့် (K)ရာခိုင်နှုန်းများသော သီးပွင့်ရွက်ဖျန်းမြေဩဇာ (၁၅)ရက်ခြားနှစ်ကြိမ်ဖျန်းပါ။ (သို့)ယူရီးယား(၄.၅)ဇွန်းနှင့် လက်ချား(၁.၅)ဇွန်း ရေတစ်ဂါလံနှင့်ရောပြီး တစ်ဧက (၂၀)ဂါလံ ပတ်ဖျန်းပါ။  

    (၅၀-၆၀) ရက် 

    သီးတောင့်ဖြစ်ထွန်းချိန် ၊အစေ့အဆံတည်ချိန်ဖြစ်၍ သီးလုံးဖောက်ပိုးနှင့် သီးထိပ်ပုတ်ရောဂါကို ဂရုပြုပါ။  

    (၆၅-၉၅) ရက် 

    ပဲတီစိမ်းမျိုးနှင့် ပတ်ဝန်းကျင် ရာသီဥတုထိန်းသိမ်းစောင့်ရှောက်မှုအပေါ်မူတည်၍ (၆၅-၉၅)ရက်အတွင်း ရင့်မှည့် လေ့ရှိသည်။ အရွက်များ ဝါခြောက်ပြီး အတောင့်များ(၇၅-၈၅)ရာခိုင်နှုန်း အနက်ရောင်သို့ပြောင်း၍ ခြောက် သွေ့ချိန်တွင် ရိတ်သိမ်းပါ။ ပဲတီစိမ်းအသီးသီးခြင်းကာလကြာရှည်၍ အကြိမ်ကြိမ် ရိတ်သိမ်းရပါသည်။ (၇-၁၀)ရက်ကြာလျှင် နောက်တစ်သီးဆွတ်ခူးပါ။ ရိတ်သိမ်းပြီး နှစ်နေသုံးနေလှန်း၍ ချွေလှေ့သန့်စင်ပါ။ အစိုဓာတ်(၈-၉)ရာခိုင်နှုန်း နေလှန်း၍ သိုလှောင်ပါ။ 

     

    ငါး/ပုဇွန် ကန်များအတွက်အကြံပြုချက်  

    ရာသီဥတု ပူနွေးစပြုလာပြီဖြစ်သည့်အတွက် အောက်ပါအချက်တွေဆောင်ရွက်ဖို့ အကြံပြုတိုက်တွန်း လိုပါတယ် ခင်ဗျာ။ 

    🐟 ရေအပူအချိန် မြင့်တက်လာနိုင်သည့်အတွက် အရိပ်များ ဆောင်ရွက်ထားရန်၊ 

    🐟 ငါး/ပုဇွန်များ အပူရှပ်နိုင်သဖြင့် ကန်အတွင်း ဗေဒါကဲ့သို့သော နားခိုရာအပင်များ ဖန်တီးပေးရန်၊ 

    🐟 တစ်နှစ်ပတ်လုံးမွေးမြူသည့် ငါးကန်များအတွက် အရံကန်များ ပြင်ဆင်ထားရန်၊ 

    🐟 ရေချဉ်ဖန်နှုန်းမြင့်လာနိုင်သည့်အတွက် မကြာခဏစစ်ဆေးပေးရန်၊ 

    🐟 ရေချဉ်ဖန်နှုန်းမြင့်လာပါက ရှာလကာရှည်ထည့်ပေးရန်၊ 

    Weather Source: CIAT 

    https://htwettoe.com/post/46786 

    ------------------ 

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက 

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download 

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 


  • article
likes7comments0
views107views2060