cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

သရက်သီးပေါ်ချိန် ပြည်ပဈေးကွက်တိုးချဲ့နိုင်ဖို့ ပြင်ဆင်နေ

. ဈေးကွက်သတင်းများ
“တရုတ်ကိုချည်းပို့နေတာထက် ပြည်ပဈေးကွက်လည်းဖောက်ချင်တယ်၊ ဖောက်ကြမယ်ပေါ့နော်၊ ကုန်သည်တွေအနေနဲ့ ကိုယ့်ကုန်ကိုယ် အရည်အသွေးမြှင့်ကြဖို့တိုက်တွန်းထားတယ်၊ ပြည်ပဈေး ကွက် မှာ ဈေးကောင်းရချင်ရင် အသီးကောင်းနေမှဖြစ်မယ်”လို့ မန္တလေးမြို့က သရက်သီးကုန်သည်တစ်ဦးက ပြောပါတယ်။
  • လာမယ့် သရက်သီးပေါ်ချိန်မှာ မြန်မာ့စိန်တလုံးသရက်သီးတွေကို တရုတ်နိုင်ငံအပြင် ပြည်ပဈေး ကွက်ကိုပါ တိုးချဲ့တင်ပို့သွားနိုင်ဖို့ ပြင်ဆင်နေတယ်လို့ သရက်သီးကုန်သည်တွေဆီကနေ သိရပါတယ်။

    “တရုတ်ကိုချည်းပို့နေတာထက် ပြည်ပဈေးကွက်လည်းဖောက်ချင်တယ်၊ ဖောက်ကြမယ်ပေါ့နော်၊ ကုန်သည်တွေအနေနဲ့ ကိုယ့်ကုန်ကိုယ် အရည်အသွေးမြှင့်ကြဖို့တိုက်တွန်းထားတယ်၊ ပြည်ပဈေး ကွက် မှာ ဈေးကောင်းရချင်ရင် အသီးကောင်းနေမှဖြစ်မယ်”လို့ မန္တလေးမြို့က သရက်သီးကုန်သည်တစ်ဦးက ပြောပါတယ်။

    မြန်မာပြည်ကထွက်တဲ့ စိန်တလုံးသရက်သီးတွေကို ပုံမှန်အတိုင်းဆိုရင် အိမ်နီးချင်းတရုတ်နိုင်ငံကို အဓိကတင်ပို့ ကြတာဖြစ်ပြီး၊ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်မှာတော့ စင်ကာပူနဲ့ ဒူဘိုင်းနိုင်ငံကိုပါ တင်ပို့ဖို့ စီစဉ် ခဲ့ဖူးပါတယ်။

    “အဲဒီတုန်းက နိုင်ငံရေးကိစ္စတွေပေါ်လာလို့မလုပ်နိုင်ခဲ့ဘူး၊ ဒီနှစ်တော့ ကြိုးစားကြည့်မယ်၊ တရုတ် ဘက်ထွက်ဖို့ က နယ်စပ်ပြဿနာလည်းရှိနေတော့ တခြားနည်းလမ်းတွေနဲ့တခြားနိုင်ငံတွေ ပို့နိုင်အောင် ပြင်ဆင်နေတယ်” လို့ သရက်စိုက်တောင်သူလည်းဖြစ်တဲ့ စဉ့်ကိုင်မြို့က သရက်သီးကုန် သည်တစ်ဦးကလည်း ပြောပါတယ်။

    မကြာခင်မှာပဲ မန္တလေးတိုင်းဒေသကြီးအတွင်း စိန်တလုံးသရက်သီးတွေ ပေါ်လာတော့မှာဖြစ်ပြီး ဧပြီလလယ်လောက်ဆိုရင် တရုတ်နိုင်ငံကိုတင်ပို့ကြပြီလို့ သိရပါတယ်။နှစ်စဉ် ဧပြီလဆန်းပိုင်းမှာ အသီးရလို့ ပြည်ပဈေးကွက်တင်ပို့နိုင်တာဖြစ်ပြီး တရုတ်နိုင်ငံကို တရုတ်-မြန်မာနယ်စပ် မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန် နှစ်နိုင်ငံသစ်သီးရောင်းဝယ်ကွင်းမှတစ်ဆင့် တင်ပို့ရတာပါ။

    လက်ရှိ မြန်မာ့စိန်တလုံးသရက်သီးဟာ ပြည်ပဈေးကွက်မှာအောင်မြင်မှုရရှိနေပြီး မချစ်စု၊ပတ္တမြား ငမောက်နဲ့ ရွှေဟင်္သာတို့ကိုလည်း စမ်းသပ်တင်ပို့ဖို့ပြင်ဆင်နေတယ်လို့ မန္တလေးတိုင်းဒေသကြီး သရက်သီး အသင်းဆီကနေ သိရပါတယ်။

    ဖြူလုံး

    Opinion Leaders မှ ကူးယူဖော်ပြအပ်ပါသည်။

    -------

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes8comments0
views166views1670