cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

စပါးဆစ်ပိုး အဖျက်မျိုးကို ထိထိရောက်ရောက် ကာကွယ်နည်းများ

. ပိုးမွှား
- ပင်ပိုင်းကြီးထွားတဲ့ အဆင့် မှာဆို ပိုးကျနေတဲ့အပင်ဟာ ဆွဲနူတ်မယ်ဆိုရင် အရင်းကနေ အလွယ်တကူ ပြတ်သွားတတ်ပါတယ်။ ဒါကို အလယ်အူတိုင် ပုပ်ခြင်း (အူပုပ်ရောဂါ) လို့ ခေါ်ပါတယ်။

- နောက်ဆုံးမှာ စပါးနှံသည် အစေ့အဆန် မတည်နိုင်ပဲ အနှံဖြူနေခြင်းကို တွေ့ရပါသည်။
  • - အပင်ပေါက်အရွယ်ကစလို့ အပင်ကြီးဖြစ်တဲ့အထိ အပင်ရဲ့ကြီးထွားမှု အဆင့်တိုင်းမှာ စပါးခင်းကို ဖျက်ဆီးတတ်ပါတယ်။။

    ဖျက်ဆီးမှု လက္ခဏာများ

    - ဖလံကောင်အဆင့်မှာ အဝါရောင်ရှိပြီးတော့ အတောင်တွေမှာ အမဲစက်များရှိပါတယ်။

    - လောက်ကောင်အဆင့်မှာ ပင်စည်ထဲမှာ တွေ့ရတတ်ပြီး ပင်စည်ကို စားသောက်ဖျက်ဆီးတတ်တယ်။

    - ပင်ပိုင်းကြီးထွားတဲ့ အဆင့် မှာဆို ပိုးကျနေတဲ့အပင်ဟာ ဆွဲနူတ်မယ်ဆိုရင် အရင်းကနေ အလွယ်တကူ ပြတ်သွားတတ်ပါတယ်။ ဒါကို အလယ်အူတိုင် ပုပ်ခြင်း (အူပုပ်ရောဂါ) လို့ ခေါ်ပါတယ်။

    - နောက်ဆုံးမှာ စပါးနှံသည် အစေ့အဆန် မတည်နိုင်ပဲ အနှံဖြူနေခြင်းကို တွေ့ရပါသည်။

    မိုးစပါးတွင် ကျရောက်တတ်သော စပါးဆစ်ပိုးကို နှိမ်နင်းခြင်းမိုးစပါးခင်းကို စပါးဆစ်ပိုးရန်က ကာကွယ်ဖို့ အောက်မှာ ဖေါ်ပြထားတဲ့ လမ်းညွှန်ချက်တွေကို လိုက်နာသင့်ပါတယ်။

    - စပါးဆစ်ပိုးဒဏ်ကို ခံနိုင်ရည်ရှိတဲ့ “ဧရာမင်း” လို စပါးမျိုးကို ရွေးချယ် စိုက်ပျိုးသင့်ပါတယ်။

    - ပျိုးပင်အဆင့်နဲ့ ရွေ့ပြောင်း စိုက်ပျိုးဆဲ အဆင့်တွေမှာ ပိုးကောင်ရဲ့ ဥတွေကို ဖယ်ရှား ဖျက်ဆီးဖို့ အရွက်ထိပ်တွေကို ဖြတ်ပစ်ပါ။

    - နိုက်ထရိုဂျင် ပါဝင်တဲ့ ဓာတ်မြေသြဇာတွေ အလွန်အကျွံ သုံးစွဲတာကို ရှောင်ကြဉ်ပါ။

    - တမာကြိတ်ဖတ် ကို တစ်ဧကလျင် ၄၂ မှ ၅၀ ဂရမ် သုံးစွဲပေးပါ။

    - တစ်ဧကလျင် မီးထောင်ခြောက် ၂ ခုစီ ထားပေးပါ။

    - တတ်နိုင်သလောက် ဘေးပတ်ဝန်းကျင်က စပါးကွင်းများနှင့် ညီအောင် အချိန်ကိုက် စိုက်ပျိုးပေးပါ။

    - ပင်ပွားစည်းချိန်နှင့် ဖုံးတုံးလုံးတုံး အချိန်တွင် ထရိုက်ဂို ဂရားမား နဂျီကို စိုက်ခင်းထဲသို့ လွှတ်ပေးရမည်။ နဂျီဥကတ် (၁) ကတ်တွင် နဂျီကောင်ပေါင်း (၁၀၀၀) ပါသည်။ စပါးခင်း တစ်ဧကတွင် နဂျီဥကတ်ပေါင်း (၄၀)ကို (၃) ကြိမ်လွှတ်ပေးရမည်။ ( မိမိတို့ ဒေသရှိ နီးစပ်ရာ စိုက်ပျိုးရေး ရုံးများတွင် နဂျီဥကတ်ကို စုံစမ်း မေးမြန်းနိုင်သည်)

    - စပါးဆစ်ပိုးရန်က ကာကွယ်ဖို့ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက ဈေးကွက်ထဲမှာ အလွယ်တကူ ဝယ်ယူ သုံးစွဲနိုင်တဲ့ ပိုးသတ်ဆေးတွေကို အကြံပြု တိုက်တွန်းထားပါတယ်။

    - ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံး တစ်ပုံးလျှင် ကာတက် (၉၅%) (Cartap 95% SP)၊ စားပွဲတင်ဇွန်း( ၃ )ဇွန်း၊ တစ်ဧကလျှင် ဆေးဖျန်းပုံး (၄-၅) ပုံး၊

    - ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံးတစ်ပုံးလျှင် ကလိုရမ် ထရန်နီလီပိုး+ သိုင်ရာမီသိုဇမ် (Chlorantraniliprole+Thiamethoxam 40%WG ) (၃) ဂရမ် အထုပ်သေးတစ်ထုပ်ကို အသုံးပြုပေးပါ။

    -ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံး တစ်ပုံးလျှင် ဖလူဗန်ဒိုင်ရာမိုက် (Flubendiamide 240% WG )၊ စားပွဲတင်ဇွန်း(ဇွန်းဝက်-၁)ဇွန်း၊ တစ်ဧကလျှင် ဆေးဖျန်းပုံး (၄-၅) ပုံး၊(သို့မဟုတ်) ကာတက် ဟိုက်ဒရို ကလိုရိုက် ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံး တစ်ပုံးလျှင် စားပွဲတင်ဇွန်း(၂-၄)ဇွန်း၊ တစ်ဧကလျှင် ဆေးဖျန်းပုံး (၄-၅) ပုံး၊ကာဘိုဆာလ်ဖန် ၄၀ စီစီ စားပွဲတင်ဇွန်း(၂-၄)ဇွန်း အသုံးပြုနိုင်သည်။ ဒါမှမဟုတ် ဈေးကွက်အတွင်း ဝယ်ယူရရှိနိုင်တဲ့ ပိုးသတ်ဆေးထုတ်များမှာ ပါရှိတဲ့ မြန်မာစာအညွှန်းအတိုင်း အသုံးပြုနိုင်ပါတယ်။ (မြန်မာစာ ဆေးညွှန်းကို သေချာစွာ ဖတ်ရှုပြီး လိုက်နာ ဆောင်ရွက်ပေးပါ)

    ထွက်တိုး

    Source:စိုက်ပျိုးရေးဦးစီးဌာန

    ----------


  • article
likes12comments0
views203views1946