cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ကြက်သွန်ဖြူအသစ်များ ဝင်နေသည့်အတွက် စျေးထက်ဝက်ကျော် ပြန်ကျ

. ဈေးကွက်သတင်းများ
ဖေဖော်ဝါရီ ၂၁ ရက်နေ့ က ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ကြက်သွန်ဖြူ ကြူကုတ်ရှယ် တစ်ပိဿာလျှင် ၉၂၀၀ မှ ၉၄၀၀ အထိ ပေါက်စျေးခဲ့ ပြီး လက်ရှိ တစ်ပိဿာလျှင် ၁၀၃၀၀ မှ ၁၀၅၀၀ အထိ ပြန်မြင့်တက်လျက်ရှိ ကြောင်းသိရသည်။
  • ကြက်သွန်ဖြူ အသစ်များဈေးကွက်ထဲ အဝင်များလာသည့်အတွက် စျေးထက်ဝက်ကျော် ပြန်ကျသွားကြောင်း စျေးကွက်အရသိရပါသည်။

    ပြည်တွင်း ကြက်သွန်ဖြူအသစ်များမှာ ဖေဖော်ဝါရီလ အလယ် မှစ၍ မေလအထိ စျေးကွက်တွင်း အဝင်များ နေမည်ဖြစ်ပြီး တရုတ်ကြက်သွန်များမှာလည်း အဝင်များလာသည့်အတွက် စျေးပြန်လည် ကျဆင်းသွားခြင်း ဖြစ်ကြောင်း သိရသည်။

    “ ဒီနှစ်မှာ စျေးကောင်းခဲ့တာက မေလအထိ ကြက်သွန်ဖြူပေါ်ချိန် ဘယ်ချိန် ပြန်ရှားလည်းဆို ဆယ်လပိုင်း လောက်မှ ရှားသွားမယ်။ စျေးကွက်သဘောအရ ကြူကုတ် မရှိရင်လည်း ရှမ်း ကြက်သွန်စျေးက ထိုး တက်သွားတာ၊ ကြူကုတ်ဝင်လာတဲ့ အတွက် ရှမ်းကြက်သွန်စျေးက အတက်ဖက် သိပ်မရောက်ပဲဖြစ်သွားတာ။ ကြူကုတ် လုံးဝ အဝင်မရှိရင် ရှမ်းကြက်သွန်က ၁၇၀၀၀ ကနေ ၁၈၀၀၀ အထိ ရောက်သွား နိုင်တယ် ။ အခုက ကြူကုတ်ဝင်နေတယ်။ ပြီးခဲ့တဲ့လတွေက ရှမ်းမြောက် ပိတ်ထားလို့ ကြူကုတ် အဝင်နည်းသွားတယ် “ ဟု အောင်ပန်း ကုန်စည်အမျိုးမျိုးစုံ ရောင်းဝယ်ရေးမှ ကိုမောင်က ပြောသည်။

    ပြီးခဲ့သည့်နှစ်ဖြင့် ယှဉ်ရင်တော့ အတက်စျေးတွင် ရှိနေပြီး ပြီးခဲ့သည့်နှစ် ကြက်သွန်ဖြူအသစ်ပေါ်ချိန် တစ်ပိဿာလျှင် ၃၀၀၀ မှ ၅၀၀၀ကျော် ဝန်းကျင်သာ ရှိခဲ့ကြောင်းသိရသည်။

    ရှမ်းပြည်နယ်တွင် ယခုနှစ် ကြက်သွန်ဖြူအသစ်ပေါ်ချိန်တွင် တစ်ပိဿာလျှင် ၅၀၀၀ မှ ၇၀၀၀ကျော် အတွင်းထိ ပေါက်စျေးရှိကြောင်း သိရသည်။

    ယင်းအပြင် ယခုနှစ် ဖေဖော်ဝါရီလ စတုတ္ထအပတ်က အောင်ပန်းထူး ကြက်သွန်ဖြူ စပေါ်ချိန် က တစ်ပိဿာလျှင် ၁၆၀၀၀ မှ ၁၇၀၀၀ကျော် အတွင်း ထိ ပေါက်ထိမြင့်တက်ခဲ့ပြီး မတ်လ ၂၆ရက်နေ့က အောင်ပန်း ထူး ကြက်သွန်ဖြူတစ် ပိဿာ လျှင် ၆၀၀၀ မှ ၆၅၀၀ အထိ ကျဆင်း သွား ကြောင့် ဘုရင့်နောင်ကုန်စည်ဒိုင် မှ သိရသည်။

    “အခုအသစ်ပေါ်နေတဲ့ ကြက်သွန်ဖြူတွေက မခြောက်သေးဘူး ၊ စိုသေးတယ်။ နှစ်တိုင်း အသစ်ပေါ်ချိန်ရောက်ရင် စျေးကျတယ် မနှစ်ကဆို ၃၅၀၀ အထိ ကျသွားတယ်။ ဒီနှစ် က ၇၀၀၀၊၆၀၀၀ ဆိုတော့ ဒီနှစ်က စျေးပိုကောင်းတယ် ပြောလို့ရတယ်။ကြက်သွန်ဖြူ အဆွဲကြမ်း လာရင် ပြန်တက်ဖို့ ရှိပါတယ် ။ “ ဟု ကြက်သွန် ဖြူ ကုန်သည်တစ်ဦး ကပြောသည်။

    တရုတ် ကြူကုတ် ကြက်သွန်ဖြူများမှာ လားရှိုး ရှမ်းမြောက် မှတဆင့် ပြည်တွင်းသို့ ဝင်လေ့ရှိပြီး၊ ယိုးဒယားဘက်မှ တဆင့်ဖြင့်လည်း ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

    ဖေဖော်ဝါရီ ၂၁ ရက်နေ့ က ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ကြက်သွန်ဖြူ ကြူကုတ်ရှယ် တစ်ပိဿာလျှင် ၉၂၀၀ မှ ၉၄၀၀ အထိ ပေါက်စျေးခဲ့ ပြီး လက်ရှိ တစ်ပိဿာလျှင် ၁၀၃၀၀ မှ ၁၀၅၀၀ အထိ ပြန်မြင့်တက်လျက်ရှိ ကြောင်းသိရသည်။

    ပြီးခဲ့သည့်လများက နယ်စပ်များတွင် တိုက်ပွဲများ ဆက်တိုက်သလိုဖြစ်နေသည့်အတွက် တရုတ်နိုင်ငံမှ တရားမဝင် ကြက်သွန်ဖြူဝင်ရောက်မှုနည်းသွားသည့်အတွက် စျေးကောင်းရနေခဲ့ခြင်းဖြစ်ကြောင်း ကုန်သည်များက သုံးသပ်ကြသည်။

    ဖိုးချဲ(AMIA)

    Exclusive Content for Htwet Toe

    -------------

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes8comments0
views199views1844