cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

တနိုင်တပိုင် ငါး/ပုဇွန်မွေးမြူသူများအတွက် အစားဖိုးလျှော့ချနိုင်မည့် မဟာဗျူဟာများ

. ငါးမွေးမြူရေးဆောင်းပါးများ
ကမ္ဘာ့အနှံ့ရေလုပ်ငန်းတိုးတက်လာတာနဲ့အမျှ အစာဘိုးလိုအပ်ချက်ဟာ တဖြည်းဖြည်းနဲ့ မြင့်တက်လာပြီး ရေလုပ်ငန်းလည်ပတ်ရေးအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်လာပါတယ်။ ပြောင်း၊ ဂျုံကဲ့သို့သော သီးနှံဈေးနှုန်း များမြင့် တာနဲ့အမျှ ငါးစာဈေးနှုန်းတွေ မြင့်တက်လာတာဟာ ငါးမွေးသူတောင်သူတွေအပေါ် လွန်စွာထိခိုက်လာပါတယ်။

အစာဖိုးဟာ စုစုပေါင်းကုန်ကျစရိတ်ရဲ့ ၈၀ ရာခိုင်နှုန်းနဲ့အထက်မှာရှိနေတဲ့အတွက် ဆင်းရဲတဲ့ ငါး/ပုဇွန်မွေး တောင်သူတွေအတွက် ရပ်ထားရုံမှတပါး အခြားနည်းလမ်းမရှိသလိုဖြစ်လာပါတယ်။ ဒါကြောင့် သက်သာလို သက်သာရာ ရစေကြောင်း အောက်ပါအချက်တွေကို အကြံပြုပေးလိုက်ပါတယ်-
  • တနိုင်တပိုင် ငါး/ပုဇွန်မွေးမြူသူများအတွက် အစားဖိုးလျှော့ချနိုင်မည့် မဟာဗျူဟာများ 

    ကမ္ဘာ့အနှံ့ရေလုပ်ငန်းတိုးတက်လာတာနဲ့အမျှ အစာဖိုးလိုအပ်ချက်ဟာ တဖြည်းဖြည်းနဲ့ မြင့်တက်လာပြီး ရေလုပ်ငန်းလည်ပတ်ရေးအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်လာပါတယ်။ ပြောင်း၊ ဂျုံကဲ့သို့သော သီးနှံဈေးနှုန်း များမြင့်တာနဲ့အမျှ ငါးစာဈေးနှုန်းတွေ မြင့်တက်လာတာဟာ ငါးမွေးသူတောင်သူတွေအပေါ် လွန်စွာထိခိုက်လာပါတယ်။  


    အစာဖိုးဟာ စုစုပေါင်းကုန်ကျစရိတ်ရဲ့ ၈၀ ရာခိုင်နှုန်းနဲ့အထက်မှာရှိနေတဲ့အတွက် ဆင်းရဲတဲ့ ငါး/ပုဇွန်မွေး တောင်သူတွေအတွက် ရပ်ထားရုံမှတစ်ပါး အခြားနည်းလမ်းမရှိသလိုဖြစ်လာပါတယ်။ ဒါကြောင့် သက်သာလိုသက်သာရာရစေကြောင်း အောက်ပါအချက်တွေကို အကြံပြုပေးလိုက်ပါတယ်- 


    ၁။ နည်းနည်းကျွေးခြင်း 

    ဒီနည်းလမ်းဟာ အစာဖိုးသက်သာစေဖို့ရည်ရွယ်ပါတယ်။ တစ်ချိန်တည်းမှာဘဲ အပင်နဲ့ အပင်မွှားလေးတွေစားတဲ့ ငါးမျိုးများကို မွေးမြူခြင်းဖြင့်လည်း ဖြည့်စွက်စာအကျွေးနည်းပြီး အစာဖိုးသက်သာစေပါတယ်။ 


    ၂။ စနစ်တကျ စီမံခန့်ခွဲခြင်း 

    ကောင်းမွန်တဲ့ စီမံခန့်ခွဲမှုဖြင့် ရေထိန်းသိမ်းခြင်းနည်းလမ်းကို သုံးခြင်းဖြင့်လည်းကုန်ကျစရိတ်သက်သာပြီး တစ်နှစ်လျှင် တစ်ဟတ်တာ ၃၀,၀၀၀ ကီလိုဂရမ်ထွက်ရှိပါတယ်။  


    ၃။ ရက်ခြား၍ အစာကျွေးခြင်း 

    ရက်ခြားကျွေးတာဟာလည်း အစာချွေတာနည်း တစ်ခုဖြစ်ပြီး အစာဖိုးကို ၃၁.၇ ရာခိုင်နှုန်းထိ သက်သာ စေပါတယ်။  


    ၄။ အစားထိုးကျွေးခြင်း 

    အစားထိုးကျွေးရာမှာ ဆန်၊ ပြောင်းမှုန့်၊ မီးဖိုချောင်သုံး စွန့်ပစ်ပစ္စည်းတွေနဲ့ အစားထိုးကျွေးခြင်းဖြစ်ပါတယ်။ အဲလိုကျွေးတဲ့အတွက်ကြောင့် အစာအာဟာရ ပမာဏတိုးလာစေပြီး ကုန်ကျစားရိတ်သက်သာစေပါတယ်။ 


    ၅။ ပရိုတင်း အစားထိုးကျွေးခြင်း 

    အာဟာရကြွယ်ဝတဲ့ အရွက်တွေကျွေးခြင်း သို့မဟုတ် ပရိုတင်းကြွယ်ဝတဲ့ ပဲပုတ်ထွက်ပစ္စည်းများကို ကျွေးခြင်း ဖြင့်လည်း အစာဖိုးသက်သာစေပါကြောင်း အကြံပြုပေးလိုက်ပါတယ်ခင်ဗျာ။ 


    Source: Strategies for reducing feed costs in small-scale aquaculture - Responsible Seafood Advocate (globalseafood.org)


  • article
  • article
likes6comments0
views117views1580