cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

တစ်ပတ်စာ မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက် (ဧရာဝတီတိုင်းဒေသကြီး)

. ရာသီဥတု သတင်းများ
ဖြုတ်စိမ်း၊အကောင်ကြီး၊အကောင်ငယ် နှစ်မျိုးစလုံး အပင်ကိုစုပ်စားသဖြင့် အပင်မသေသော်လည်း အပင်အားနည်းပြီး အပင်ကြီးထွားမှုနည်းသည်။ဖြုတ်စိမ်းသည် အပင်တွင် ဗိုင်းရပ်စ်ရောဂါများကို သယ်ဆောင်သည်။
  • ဧရာဝတီတိုင်းဒေသကြီးရှိ ဟင်္သာတ၊ အင်္ဂပူ၊ ကြံခင်း၊ လေးမျက်နှာ၊ ဇလွန်၊ လပ္ပတ္တာ၊ မော်လမြိုင်ကျွန်း၊ ဓနုဖြူ၊ မအူပင်၊ ညောင်တုန်း၊ ပန်းတနော်၊ မြောင်းမြ၊ ဝါးခယ်မ၊ ကန်ကျည်းထောက်၊ ကျုံပျော်၊ ငပုတော၊ ပုသိမ်၊ ဒေးဒရဲ၊ ကျိုက်လတ်၊ ဖျာပုံ စသည့် ဖော်ပြပါ မြို့နယ်များတွင် ၂ဝ၂၄ ခုနှစ်၊ မတ်လ (၂၉) ရက်နေ့မှ ဧပြီလ(၄) ရက် နေ့အထိ တစ်ပတ်တာ ခန့်မှန်းချက်အနေဖြင့် မိုးရွာရန် (၁၀)ရာခိုင်နှုန်းအောက်သာရှိသဖြင့် ရွာရန် ရာခိုင်နှုန်းအလွန်နည်း ပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။


    စိုက်ပျိုးရေးအကြံပြုချက်

    ရောဂါပိုးအမည် ‒ စပါးဖြုတ်ပိုး

     လက္ခဏာရပ်

    ဖြုတ်စိမ်းပိုး၊ဖြုတ်ညို၊ဖြုတ်ကျောဖြူပိုး

    ဖြုတ်စိမ်း၊အကောင်ကြီး၊အကောင်ငယ် နှစ်မျိုးစလုံး အပင်ကိုစုပ်စားသဖြင့် အပင်မသေသော်လည်း အပင်အားနည်းပြီး အပင်ကြီးထွားမှုနည်းသည်။ဖြုတ်စိမ်းသည် အပင်တွင် ဗိုင်းရပ်စ်ရောဂါများကို သယ်ဆောင်သည်။ အရွက်များ ဝါခြောက်သွားသည်။ စပါးပင်၏ အစောပိုင်းအဆင့်တွင် ကျရောက်တတ်သည်။ ဖြုတ်ညိုပိုးကျရောက်ပါက စပါးပင်၏ ပင်ရည်အား စုပ်ယူသဖြင့် စပါးရွက်များ ခြောက်သွေ့မီးလောင်ထားသကဲ့သို့ တွေ့မြင်ရပြီး နောက်ဆုံးတွင် အပင်များအားလုံး သေသွားသည်ကို တွေ့ရပါသည်။ တခါတရံ တံစဉ်လွတ်သည်အထိ ဖျက်ဆီးနိုင်ပါသည်။ ထိုကဲ့သို့ဖြစ်ခြင်းကို (hopper.burn) ဖြုတ်လောင်ခြင်းဟု ခေါ်သည်။ ထို့အပြင် ရောဂါများဖြစ်သော (Rice Grassy Stunt Virus) (မြက်တူပင်တိုရောဂါ) နှင့်(Rice Ragged Stunt Virus) (စုတ်ပြတ်လိန်တွန့်ပင်တိုရောဂါ) သယ်ဆောင်ကူးစက် ပြန့်ပွားစေသည်။ဖြုတ်ညိုပိုးများသည် တစ်နေရာမှတစ်နေရာသို့ လေမှတဆင့်ကူးစက်ပျံ့နှံ့သည် ။ဖြုတ်ညိုပိုးသည်ရာသီဥတုနှင့် ဆက်စပ်မှုအများဆုံးရှိသော ဖျက်ပိုးဖြစ်သည်။ဖြုတ်လောင်ရောဂါ(hopper burn)နှင့်Southern Rice Black Streak Dwarf virus(စပါးအနက်အစင်းအပင်ပုရောဂါ)ဖြစ်စေသည်။

    ကျရောက်ချိန်

    ရာသီဥတုနှင့်ဆက်စပ်မှုအများဆုံးရှိသောဖျက်ပိုးဖြစ်သည်။မိုးဦး၊မိုးလယ်၊မိုးနှောင်း(၃)မျိုးစလုံးတွင်မိုးရေချိန်များပါကဖြုတ်ပိုးပုံမှန်ကျရောက်သည်။စွတ်စိုမှုများသောနှစ်များတွင်ဆိုးဝါးစွာကျရောက်တတ်သည်။ဆိုးဝါးစွာကျရောက်သောနှစ်နည်းသည်။

    ကာကွယ်နှိမ်နှင်းနည်း 

    ဖြုတ်ညို၊ဖြုတ်ဖြူပိုး ကျရောက်မှုအား ကြိုတင်ကင်းထောက် မှတ်တမ်းကောက်ယူခြင်း၊ ပတ်ဝန်းကျင်တွင် ပေါင်းမြက်များအား ရှင်းလင်းပေးခြင်း၊ စပါးလမိုင်းများ မရှိစေရန်နှင့်ယခင်နှစ်ကဖြုတ်ပိုးကျခဲ့သော စိုက်ခင်းကိုမီးရှို့၍ ထယ်ရေးနက်နက်ထိုးခြင်း၊ ရေသွင်းရေထုတ် ပုံမှန်ပြုလုပ်ပေးခြင်း၊ ဓါတ်မြေသြဇာ(ယူရီးယား)အား သင့်တော်သော နှုန်းထားဖြင့် ထည့်သွင်းပေးရန်နှင့်ပိုတက်ရှ်မြေသြဇာကို မှန်မှန်ထည့်ပေးခြင်း၊ စပါးပင်အုံတစ်အုံတွင် ဖြုတ်ညို၊ဖြုတ်ကျောဖြူ အကောင်ဦးရေ (၁၀‒၁၅) ကောင်တွေ့ပါက စပါးကွင်းအားရေထုတ်၍ ပင်လုံးပြန့်ပိုးသတ်ဆေးတစ်မျိုးမျိုး ဖျန်းပေးရန်နှင့်စပါးခင်းအတွင်းရှိ မိတ်ဆွေပိုးများအား ထိန်းသိမ်းပေးခြင်း ပင့်ကူအစိမ်းရောင်မိတ်ဆွေဂျပိုးWolfspider(Paradosapseudoannulata)၊အစိမ်းရောင်မိတ်ဆွေဂျပိုး greenmiredbug (CyrtorhinuslividipennisReuter)၊ မြေကျိုင်း groundbeetle(Ophioneanigrofasciata) မိတ်ဆွေပိုးများ လာရောက်စေရန် စပါးစိုက်ခင်းများ၊ကန်သင်းများတွင် အဝါရောင်နှင့်အဖြူရောင်ပန်းပွင့်သည့်အပင်များ စိုက်ပျိုးပေးခြင်း၊ဖြုတ်ပိုးဒဏ်ခံနိုင်ရည်ရှိသော စပါးမျိုးများဖြင့် အစားထိုးစိုက်ပျိုးပေးခြင်းတို့ပြုလုပ်ပေးရမည်။

    Weather Sorce: CIAT


  • article
likes10comments0
views228views1666