တစ်ပတ်စာ မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက် (ဧရာဝတီတိုင်းဒေသကြီး)
-သဘာဝမြေဩဇာထည့်သွင်းခြင်းကိုရပ်ထားပါ။
တစ်ပတ်စာ မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
(ဧရာဝတီတိုင်းဒေသကြီး)
ဧရာဝတီတိုင်းဒေသကြီးရှိ ဟင်္သာတ၊ အင်္ဂပူ၊ ကြံခင်း၊ လေးမျက်နှာ၊ ဇလွန်၊ လပ္ပတ္တာ၊ မော်လမြိုင်ကျွန်း၊ ဓနုဖြူ၊ မအူပင်၊ ညောင်တုန်း၊ ပန်းတနော်၊ မြောင်းမြ၊ ဝါးခယ်မ၊ ကန်ကျည်းထောက်၊ ကျုံပျော်၊ ငပုတော၊ ပုသိမ်၊ ဒေးဒရဲ၊ ကျိုက်လတ်၊ ဖျာပုံ စသည့် ဖော်ပြပါ မြို့နယ်များတွင် ၂ဝ၂၄ ခုနှစ်၊ မတ်လ (၂၉) ရက်နေ့မှ ဧပြီလ(၄) ရက် နေ့အထိ တစ်ပတ်တာ ခန့်မှန်းချက်အနေဖြင့် မိုးရွာရန် (၁၀)ရာခိုင်နှုန်းအောက်သာရှိသဖြင့် ရွာရန် ရာခိုင်နှုန်းအလွန်နည်း ပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။
ငါးအကြံပြုချက်
အချို့သော ငါးမွေးတောင်သူများသည် သဘာဝမြေဩဇာအလွန်အကျွံသုံးစွဲခြင်းကြောင့် ငါးများတွင် ဖျဉ်းဆွဲခြင်း ရောဂါများ ကျရောက်တတ်ပါသည်။ ငါးများ၏ဝမ်းဗိုက်သည် ကြီးထွားဖောင်ပွနေပြီး ဘူဘောင်ကဲ့သို့ဖြစ်နေပါသည်။ ငါး၏ ဝမ်းဗိုက်အတွင်း အစိမ်းရောင် (သို့မဟုတ်) စိမ်းဝါရောင် အရည် များစုဝေးနေပြီး ငါးသည် ဟန်ချက်ပျက်ပြီး ရေတွင်ကောင်းစွာမကူနိုင်ပါ၊ အစာလည်း မစားနိုင်ပါ။ ဘူရိုမိုးနပ်နှင့် အေရိုမိုးနပ်ရောဂါပိုးကြောင့် ဖြစ်ပါသည်။
ကာကွယ်ကုသနည်းမှာ-
-တစ်ဧကလျှင် ထုံး ပိဿာ (၃၀)ထည့်ပေးပါ။
-သဘာဝမြေဩဇာထည့်သွင်းခြင်းကိုရပ်ထားပါ။
-အမော်စလင်၊ အယ်ရီသရိုမိုက်တင် ကဲ့သို့ ပဋိဇီဝဆေးများကို အစာ၆၃ကျပ်သားတွင် ဆေး (၂-၃) ဂရမ်နှုန်းထည့်ပြီး အစာကြွေးခြင်းကို (၇-၁၀)ရက်ခန့် ရပ်ပေးခြင်းဖြင့် ဆောင်ရွက်နိုင်ပါသည်။
Weather Sorce: CIAT