cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပုဇွန်မွေးမြူရေးတွင် သကာရည်/တင်လဲရည် အသုံးပြုခြင်းနှင့် ကောင်းကျိုးများ

. ငါးမွေးမြူရေးဆောင်းပါးများ
သကာရည်/တင်လဲရည်ဟာ ကန်ရေအတွင်း အောက်ဆီဂျင်ပျော်ဝင်နှုန်းကို တက်စေတဲ့အတွက် မကြာခဏ စစ်ပေးဖို့လိုပါတယ်။ ဒါမှသာ ပျော်ဝင်အောက်ဆီဂျင်ပမာဏ သတ်မှတ်ပမာဏရှိ မရှိနဲ့ လိုလောက်မှုရှိ မရှိကို သိနိုင်မှာဖြစ်တဲ့အတွက် ဆွေးနွေးရေးသားလိုက်ပါတယ် ခင်ဗျာ။
  • သကာရည်/တင်လဲရည်ကို ပုဇွန်ကန်တွေမှာ ထည့်တာဟာကောင်းကျိုးတွေရှိတဲ့အတွက် ငါး/ပုဇွန်မွေးတဲ့ ကျွန်တော်တို့တောင်သူတွေအနေ သိသင့်တဲ့အရာတစ်ခုဖြစ်ပါတယ်။ သကာရည်ထည့်ပေးတာဟာ ကန်အတွင်းရှိ အပင်မျှောလေးတွေ ကြီးထွားမှုကို လွန်စွာအထောက်အကူဖြစ်ပြီး သဘာဝအစားအစာကိုဖြစ်စေပါတယ်။ ဒါအပြင် သကာရည်ရဲ့ အချဉ်ဖောက်မှုဖြစ်စဉ်ကရရှိတဲ့ သက်ရှိလေးတွေဟာ ကန်ရေအရည်အသွေးကိုကောင်းမွန်စေပြီး ပုဇွန်ကြီး ထွားနှုန်းကိုလည်း မြန်ဆန်စေပါတယ်။ ရောဂါကူးစက်မှုမှလည်းကာကွယ်ပေးပါတယ်။

    ရေချိုပုဇွန်ကန်တွေမှာ သကာရည်ထည့်မယ်ဆိုရင်တော့ မှန်ကန်တဲ့အချိုးအစားလိုသလိုအောက်ပါအတိုင်း သတိထားရမယ့်အချက်တွေလည်းလိုပါတယ်။

    ၁။ သကာရည်အရည်အသွေးအား စစ်ဆေးပေးခြင်း

    ရေချိုပုဇွန်ကန်တွေမှာ သကာရည်/တင်လဲရည် မထည့်ခင် အသုံးပြုရန် အရည်အသွေး ကောင်းမကောင်း စစ်ပေးဖို့လိုပါတယ်။ အထူးသဖြင့် အရောင်နဲ့ အနံကို စစ်ကြည့်ပေးသင့်ပါတယ်။ အရောင်ခပ်ညို့ညို့၊ အနံပြင်းပြင်း သကာရည်တွေဟာ အသုံးပြုရန် အလွန်ကို အရည်အသွေးကောင်းပါတယ်။ ပြီးရင် အခြားအန္တာရယ်ဖြစ်စေတဲ့အရာတွေနဲ့ ထိတွေ့ထားခြင်းရှိမရှိကိုလည်း သိရှိထားဖို့လိုပါတယ်။

    ၂။ လိုအပ်တဲ့ အချိုးအစားအတိုင်းသာထည့်ခြင်း

    သကာရည်/တင်လဲရည်အသုံးပြုခြင်းဟာ ကန်အတွင်း အောက်ဆီဂျင်ပျော်ဝင်နှုန်းကို မြင့်တက်စေပြီး ရေအရည်အသွေးလည်းကောင်းစေပါတယ်။ ဇီဝဘက်တီးရီးယားတွေ ကြီးထွားဖိုဆိုရင် သကာရည်လိုအပ်ချက်ဟာ ဆိုရင် စုစုပေါင်းအစာရဲ့ ၂ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းအထိရှိပါတယ်။ အကယ်၍ ရေချဉ်ဖန်နှုန်းဟာ ၇.၅ အောက်ကျဆင်းနေပါက သကာရည်ထည့်သည့် ပမာဏကိုလျော့သင့်ပါတယ်။ အကယ်၍ ရေချဉ်ဖန်နှုန်းက ၈ ထက်ပိုနေရင်တော့ သကာရည်/တင်လဲရည်ကို ထည့်သင့်ပါတယ်။

    ၃။ ကန်ရေအရည်သွေးကို မကြာခဏစစ်ပေးခြင်း

    သကာရည်/တင်လဲရည်ဟာ ကန်ရေအတွင်း အောက်ဆီဂျင်ပျော်ဝင်နှုန်းကို တက်စေတဲ့အတွက် မကြာခဏ စစ်ပေးဖို့လိုပါတယ်။ ဒါမှသာ ပျော်ဝင်အောက်ဆီဂျင်ပမာဏ သတ်မှတ်ပမာဏရှိ မရှိနဲ့ လိုလောက်မှုရှိ မရှိကို သိနိုင်မှာဖြစ်တဲ့အတွက် ဆွေးနွေးရေးသားလိုက်ပါတယ် ခင်ဗျာ။

    Source: Benefits of Molasses for Shrimp Ponds and Tips for Using It - DELOS Aqua

    -------

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ - https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes12comments0
views291views2169