cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပဲမျိုးစုံနှင့် ကြက်သွန် စျေးကွက်သုံးသပ်ချက် (၂၅.၃.၂၀၂၄ မှ ၂၉.၃.၂၀၂၄)

. ဈေးကွက်သုံးသပ်ချက်
ပဲစင်းငုံနီက ၂ ပတ်ဆက်တိုက် ဈေးကျဆင်းခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ အနည်းငယ်ဈေးပြန်မြင့် တက်လာ ပါတယ်။
  • မတ်ပဲ

    မတ်ပဲကတော့ ဒီတစ်ပတ်မှာ ဈေးအတက်အကျ သိပ်မရှိပဲ သိန်း ၃၀ ပတ်ချာလည် နဲ့ အရောင်းအဝယ် ဖြစ်နေကြပါတယ်။ ကြိုပွိုင့်လောက်သာ ရှိနေပြီး ‌စျေးကွက်အတွင်း စောင့်ကြည့်နေကြတဲ့ အခြေအနေ ရှိကြလို့ ကုန်သည်အချို့က ဆိုပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ပဲဈေးကွက် အခြေအနေတွေကိုလည်း စောင့်ကြည့်နေပြီး ပုံမှန် တင်ပို့မှုအတွက်သာ အရောင်းအဝယ်ရှိနေကြပါတယ်။

    အိန္ဒိယနိုင်ငံမှာလည်း ပွဲတော်အပြီး ဈေးအေးသွားသလို ပြည်တွင်းမှာလည်း လပြည့်ပွဲတော် ပိတ်ရက်တွေကြောင့် ဈေးအေးနေတဲ့အနေအထား ဖြစ်နေပါတယ်။ မကြာခင်ရက်ရှည် ပိတ်ရက် ရောက်တော့မှာဖြစ်လို့ ပဲဈေးက အနည်းငယ် တက်နိုင်ဦးမယ်လို့ ကုန်သည်တွေက သုံးသပ်ပေမယ့်လည်း လက်ရှိ ဈေးကွက်အခြေအနေက မရေရာပါဘူး။

    ရန်ကုန်ဈေးကွက်မှာ မတ်ပဲ (FAQ/RC)က တစ်တန်ကို ၂၉၂၉၀၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ သောကြာနေ့နဲ့ယှဉ်ရင် တစ်တန်ကို ၆၀၀၀၀လောက်ဈေးပြန်မြင့်တက်လာပါတယ်။ (SQ/RC)ကတော့ တစ်တန်ကို ၃၁၇၉၀၀၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၁၉၀၀၀ ကျပ်ဈေးတက်လာပါတယ်။ မတ်ပဲ Raw ကတော့ တစ်ပိဿာကို ၄၇၄၀ မှ ၄၇၇၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀ ကျပ်ဈေး တက်လာပါတယ်။

    မန္တလေးဈေးကွက်မှာလည်း သုံးတင်းဝင် တစ်အိတ်ကို ၂၆၅၀၀၀ မှ ၂၇၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ်ဈေးကျဆင်းပါတယ်။

    ၂၀၂၃-၂၀၂၄ ဘဏ္ဏာနှစ် မှာ မတ်ပဲ တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၆၇၅ သန်းထိ ရရှိခဲ့ပြီး ပို့ကုန် ဝင်ငွေ အများဆုံး ရရှိတဲ့ ပဲ ဖြစ်တယ်လို့စီးပွားကူးသန်းက ထုတ်ပြန်ထားပါတယ်။

    ပဲစဥ်းငုံနီ

    ပဲစင်းငုံနီက ၂ ပတ်ဆက်တိုက် ဈေးကျဆင်းခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ အနည်းငယ်ဈေးပြန်မြင့် တက်လာ ပါတယ်။ တစ်ပတ်အတွင်း ဈေးအတက်အကျကတော့ တည်ငြိမ်မှု မရှိသလို ၃၇ သိန်း ပတ်ချာလည်သာ အရောင်းအဝယ်သာ ရှိနေတာ ဖြစ်ပါတယ်။

    နယ်ဈေးကွက်တွေမှာတော့ ပဲ လက်ကျန် မရှိတော့ဘူးလို့ သိရပြီး လက်ကြီးသမားတွေ လက်ထဲမှာသာ ပဲတွေက ရှိတော့တာ ဖြစ်လို့ ပြည်တွင်း ဈေးကွက်အခြေအနေအရ ထိန်းရောင်းထိန်းဝယ် လုပ်နေကြ တာ ဖြစ်တယ်လို့ ကုန်သည်အချို့ကတော့ ခန့်မှန်းပါတယ်။

    ဒီတစ်ပတ် ရန်ကုန်စျေးကွက်မှာ ပဲစဥ်းငုံနီတစ်တန်ကို ကျပ် ၃၆၉၅၀၀၀ ကျပ် ပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့အပတ် သောကြာနေ့ နဲ့ ယှဉ်ရင် တစ်တန်ကို ၁၅၀၀၀ ကျပ်ဈေး မြင့်တက်လာပါတယ်။

    အလားတူ မန္တလေး စျေးကွက်မှာလည်း ပဲစဥ်းငုံ နီ တစ်အိတ်ကို ၃၅၀၀၀၀ ကျပ်ရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ်ဈေးကျဆင်းပါတယ်။

    ၂၀၂၃-၂၀၂၄ ဘဏ္ဏာနှစ် မှာတော့ ပဲစင်းငုံနီ တင်ပို့မှုကနေ အမေရိကန် ဒေါ်လာ သန်း ၁၈၀ ရရှိခဲ့ပြီး တတိယ ပို့ကုန်အများဆုံး ရရှိတဲ့ ပဲ ဖြစ်တယ်လို့ စီးပွားကူးသန်းထုတ်ပြန်ချက်အရ သိရပါတယ်။

    ပဲတီစိမ်း

    ပဲတီစိမ်းကတော့ ဆက်တိုက်ဈေးကျဆင်းနေခဲ့ပါတယ်။ ဈေးကွက်ထဲ အဝင်များနေပြီး ပို့ကုန်အတွက် ဝယ်ယူမှု နည်းတဲ့အတွက် ဈေးကျဆင်းနေတာ ဖြစ်ပါတယ်။လက်ရှိမှာတော့ အကျဈေးနဲ့ပဲ အရောင်းအဝယ် ရှိနေပြီး ဆက်ပြီး ကျဆင်းနိုင်ဦးမယ်လို့ ကုန်သည်တွေက ခန့်မှန်းပေမယ့်လည်း ‌တောင်သူတွေကတော့ အရှုံးပေါ်နေတယ်လို့ ဆိုပါတယ်။

    ဒီတစ်ပတ် ရန်ကုန်ဘုရင့်နောင်မှာ ပဲတီစိမ်း ခရမ်းရွေဝါ တစ်ပိဿာကို ၃၈၃၀ ကျပ် ရှိပြီး တစ်ပိဿာကို ၅၀ ကျပ် ၊ ပဲတီစိမ်း ဝါးခယ်မက တစ်ပိဿာကို ၃၀၅၀ မှ ၃၂၇၀ ကျပ် ရှိပြီး တစ်ပိဿာကို ၆၅ ကျပ်၊ ပဲတီစိမ်း ပဲခူးရွှေဝါက တစ်ပိဿာကို ၃၆၆၅ ကျပ် ရှိပြီး ၁၃၅ ကျပ် အသီးသီး ဈေးကျဆင်းပါတယ်။

    မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်း(အညာ) ပိဿာ ၅၆.၂၅ တစ်အိတ်ကို ၁၃၅၀၀၀ မှ ၁၄၀၀၀၀ ကျပ်ရှိပြီး တစ်အိတ်ကို ၁၀၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

    ပြီးခဲ့တဲ့ ၂၀၂၃-၂၀၂၄ ဘဏ္ဏာနှစ် မှာတော့ ပဲတီစိမ်း တင်ပို့မှု အတွက် အမေရိကန်ဒေါ်လာ ၃၁၀ ရရှိထားပြီး ဒုတိယ ပို့ကုန် ဝင်ငွေ အများဆုံး ရရှိထားတယ်လို့ စီးပွားကူးသန်း ထုတ်ပြန်ချက်အရ သိရပါတယ်။

    ပဲကြီး၊ထောပတ်

    တစ်လနီးပါး ဈေးကျဆင်းနေခဲ့တဲ့ ပဲကြီး နဲ့ ထောပတ်ပဲက မတ်လ နောက်ဆုံး အပတ်မှာတော့ ဈေးပြန်မြင့်တက်လာပါတယ်။ပဲ ဈေးတွေ အဆမတန် ဈေးကျဆင်းနေတဲ့အတွက် အရောင်းထိန်းလိုက် လို့ ဈေးကွက်အတွင်း ပဲ ဝင်ရောက်မှု နည်းကာ ဈေး အနည်းငယ်ပြန်မြင့်တက်လာတာ လို့လည်း ကုန်သည် အချို့က ဆိုပါတယ်။ ပဲကြီးကတော့ ပြည်တွင်း ဝယ်ယူစားသုံးမှု များတဲ့ ပဲ ဖြစ်သလို ထွက် ရှိနှုန်းကလည်း နည်းတဲ့ ပဲ ဖြစ်တဲ့အတွက် ဈေးကတော့ အမြင့်ဈေးနဲ့ဘဲ ရှိနေဆဲပါပဲ။

    လက်ရှိ ရန်ကုန်ဈေးကွက်မှာတော့ ပဲကြီး(ကုန်း/ရွှေကျွန်း) က တစ်ပိဿာကို ၄၅၂၀ မှ ၅၁၃၅ ရှိပြီး တစ်ပိဿာကိုငွေကျပ် ၁၈၅ ကျပ် မြင့်တက်လာပါတယ်။ ထောပတ်ပဲကလည်း တစ်ပိဿာကို ၅၂၁၅ ကျပ်ရှိပြီး တစ်ပိဿာကို ၅၀ ကျပ် ဈေးမြင့်တက်လာပါတယ်။

    မန္တလေးဈေးကွက်မှာတော့ ပဲကြီးက တစ်အိတ်ကို ၂၂၅၀၀၀ မှ ၂၇၅၀၀၀ ကျပ်ရှိပြီး တစ်အိတ်ကို ၂၅၀၀၀ ကျပ်ဈေးပြန်မြင့်တက်လာပါတယ်။

    ပဲထောပတ်ကတော့ တစ်အိတ်ကို ၂၇၀၀၀၀ မှ ၃၄၀၀၀၀ ရှိပြီး တစ်အိတ်ကို ၂၀၀၀၀ ကျပ် ဈေးပြန်မြင့်တက်လာပါတယ်။

    ကြက်သွန်နီ

    ကြက်သွန်နီကတော့ ပြီးခဲ့တဲ့ အပတ်ကတည်းက ဈေးကျဆင်းနေတာ ဖြစ်ပြီး ဒီတစ်ပတ်မှာလည်း ဈေးကျဆင်းပါတယ်။တန်ချိန် ၃ သိန်း ကားအစီးရေ ၅၀ အထိ အဆမတန် ဝင်ရောက်နေတာ ဖြစ်တဲ့ အတွက် ဈေးက ဆက်တိုက် ကျဆင်းနေတာ ဖြစ်ပါတယ်။

    အဝင်များရင် ဈေးကျဆင်းတက်တာ ဖြစ်လို့ အဝင်ထိန်းဖို့ ကုန်သည်ကြီးတွေက တိုက်တွန်းပေမယ့်လည်း နယ်စုံကနေ ဝင်ရောက်နေတာ ဖြစ်ပါတယ်။

    ရန်ကုန်ဈေးကွက်မှာတော့ ကြက်သွန်နီ ဆိပ်ဖြူ၊ မြစ်သား၊ တောင်တွင်း၊ မြင်းခြံ၊ မုံရွာ တို့ ကနေ အဝင်ရှိနေပြီး တစ်ပိဿာကို ၁၇၀၀ ကနေ ၃၁၀၀ ကြား ရှိကာ တစ်ပိဿာကို ၂၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

    AMIA

    ------

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes9comments0
views149views2284