စက္ကူပန်းတစ်ပင်မှ ရောင်စုံပွင့်စေသည့် ကိုင်းကူးကိုင်းဆက်နည်း
လိုအပ်သောပစ္စည်းများ
(၁) ကပ်ကြေးထက်ထက်တစ်လက်
(၂) ဘရိတ်ဓားတစ်ချောင်း
(၃) ရေစိုခံတိတ်အကြည် တစ်ခွေ
(၄) ရှင်သန်နေသော စက္ကူပင်မတစ်ပင် (သို့) တစ်အိုး (Main အပင်)
ပြုလုပ်ပုံအဆင့်ဆင့်
(၁) ကူးချင်သည့်အရောင်ပါသည့် ကိုင်းရင့်ကို (၂) ပေလောက်ဖြတ်ပါ။
(၂) ဖြတ်ထားသည့်ကိုင်းအပင်မှအရွက်များညပ်ထုတ်ပါ။
(၃) ရင့်သောအရင်းနေရာမှ အရိုးအား ဘလိတ်ဓားဖြင့် ခြစ်ထုတ်ပါ။
(၄) အတွင်းသား အစိမ်းရောင်အကြောနားရောက်သည်အထိခြစ်ပါ။
(၅) အရောင်စုံပွင့်စေလိုသည့် Main အပင်မကြီး၏ မိမိကူးလိုသော အကိုင်းနေရာမှအရိုးကို အလယ်မှ ဓားဖြင့်ခွဲပါ။ အဆစ်ထိရောက်အောင်ခွဲပါ။
(၆) ခုနဖြတ်ထားသော အရိုးကို အလယ်ခွဲထားသောအပင်မကြီးအရိုးထဲသို့ ညှပ်ထည့်ပါ။
(၇) နှစ်ပင်ပေါင်းပြီး အရိုးချင်းဆက်သွားပါမည်။
(၈) ရေစိုခံတိတ်ဖြင် ပတ်စည်းပါ။
(၉) သုံးပတ်ကြာလျှင် အပင်ကိုင်းကူးသွားပါပြီ။
Source: https://agriculture066.blogspot.com/.../05/blog-post_69.html
✦✦✦✦✦✦✦✦✦✦✦✦✦✦
ကိုင်းကူး၊ ကိုင်းဆက်နည်းနှင့်ပတ်သတ်ပြီး တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
![likes](../heart.webp)
![comments](../comments.webp)
![views](../views.webp)