ပဲလင်းမြွေသီး၏ ကျန်းမာရေးအတွက်သိကောင်းစရာများ
ပဲလင်းမြွေသီး၏ ကျန်းမာရေးအတွက်သိကောင်းစရာများ
ပဲလင်းမြွေသီးတွင် ဗိုက်တာမင်နဲ့ သတ္ထုဓါတ်တွေပါဝင်ပါတယ်။ အမျှင်ဓါတ်၊ ကယ်လိုရီနဲ့ ပရိုတင်းများအပြင် မက်ဂနီစီယမ်၊ ကယ်စီယမ်၊ သံဓါတ်၊ ပိုတက်စီယမ်နဲ့ အိုင်အိုဒင်းတို့အပြင် ဗိုက်တာမင်အေ၊ ဘီနဲ့ စီတို့လည်းပါဝင်ပြီး အောက်ပါကောင်းကျိုးတွေဖြစ်စေပါတယ်။
၁။ အဖျားလျော့ကျစေခြင်း
အပူပိုင်းဒေသများတွင် အဖြစ်များတဲ့ အဖျားရောဂါကို ပဲလင်းမြွေစားခြင်းဖြင့် သက်သာစေပါတယ်။
၂။ အဆိပ်တောက်ဖယ်ရှားခြင်း
ပဲလင်းမြွေသီးကို တိုင်းရင်းဆေးအနေနဲ့သုံးနိုင်ပါတယ်။ ပဲလင်းမြွေသီးစားခြင်းဖြင့် ဆီးကောင်းစေပြီး အသည်း ကိုလည်း အားကောင်းစေပါတယ်။ ခန္ဓာကိုယ်တွင်းအရည်များဖြစ်ပေါ်စေပြီး ရေဓါတ်ချို့တဲ့မှုကိုလျှော့ချပေးပါတယ်။ ကျောက်ကပ်နဲ့ သည်းခြေအိတ်ကို အထောက်အကူပြုပါတယ်။ အစာအဆိပ်သင့်တဲ့အခါ အရွက်မှရတဲ့ အရည်ကိုသောက်ပေးခြင်းဖြင့် သက်သာစေပါတယ်။
၃။ အစာခြေစနစ်ကောင်းခြင်း
ပဲလင်းမြွေသီးဟာ အစာခြေစနစ်ကို အားကောင်းစေတဲ့အတွက် ကလေးငယ်များ ဗိုက်နာတဲ့အခါ အသုံးပြုလေ့ရှိ ပါတယ်။ အမျှင်ဓါတ်ပါဝင်တာကြောင့် ဝမ်းချုပ်တာနဲ့ အခြားဗိုက်ပြဿနာများကို သက်သာစေပါတယ်။
၄။ ဆံပင်ကောင်းစေခြင်း
ပဲလင်းမြွေသီးဟာ ဆံပင်ကျွတ်ခြင်းကို သက်သာစေပြီး အရေပြားကို လှစေပါတယ်။ တစ်ဆက်တည်းမှာ ခေါင်းမှာ
ဗောက်တွေကျခြင်းကို သက်သာစေပါတယ်။
၅။ ခုခံအားစနစ်ကောင်းစေခြင်း
ပဲလင်းမြွေသီးတွင် ဗိုက်တာမင်စီနဲ့ အခြားဆန့်ကျင်ဓါတ်တိုးပစ္စည်းများပါဝင်တဲ့အတွက် ကျန်းမာရေးကို အထောက်အကူပြုပါတယ်။
၆။ ဆီးချိုလျော့ကျစေခြင်း
ပဲလင်းမြွေသီးဟာ ကယ်လိုရီနည်းခြင်း၊ အာဟာရဓါတ်များပါဝင်ခြင်း၊ ခန္ဓာကိုယ်တွင်း သကြားဓါတ်ကို ညှိပေးခြင်းစတဲ့ ကောင်းကျိုးတွေရှိပါတယ်။
၇။ စိတ်ဖိစီးမှုကိုလျော့ချခြင်း
နှလုံးအားကောင်းစေခြင်း၊ အာရုံကြောစနစ်ကောင်းစေခြင်းနဲ့ သွေးဖိအားလျော့ကျစေခြင်းစတဲ့အချက်တွေ ကောင်းစေပါတယ်။ ပိုတက်စီယမ်ဓါတ် များစွာပါဝင်တဲ့အတွက် စိတ်ဖိစီးမှုကိုလည်း လျော့စေပါကြောင်း ရေးသားလိုက်ရပါတယ် ခင်ဗျာ။
Source: 7 Impressive Benefits of Snake Gourd | Organic Facts