cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

သဘာဝမြေဩဇာအသုံးပြုခြင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးများ

. အပင်အာဟာရ
ကျွန်တော်တို့ရဲ့ ဥယျာဉ်ခြံစိုက်ပျိုးရေးတွင် အသုံးပြုတဲ့ သဘာဝမြေဩဇာမှာ ဆိုရင် နွားချေးမြေဩဇာ၊ ကြက်ချေးမြေဩဇာ၊ မြင်းချေးမြေဩဇာ၊ သိုးချေးမြေဩဇာနဲ့ ဆွေးမြေ့မြေဩဇာတို့ရှိပြီး ယင်းတို့ရဲ့ ကောင်းကျိုးတွေနဲ့ ဆိုးကျိုးတွေကို ဖော်ပြပေးလိုက်ပါတယ်။
  • သဘာဝမြေဩဇာနဲ့ပတ်သက်လို့ပြောရရင် တိရစ္ဆာန်တွေကစွန့်ပစ်တဲ့ ဆီး၊ အမျှင်နဲ့ အခြားသစ်ရွက်ခြောက် များတွင် နိုင်ထရိုဂျင်၊ ဖော့စဖောရပ် နဲ့ ပိုတက်စီယမ်တွေ အများအပြားပါဝင်ပါတယ်။ ဒါတွေဟာ စိုက်ပျိုးရေးအတွက် မြေဆီလွှာ ကောင်းမွန်စေသလို အထွက်နှုန်းကိုလည်း တိုးတက်စေပါတယ်။

    ကျွန်တော်တို့ရဲ့ ဥယျာဉ်ခြံစိုက်ပျိုးရေးတွင် အသုံးပြုတဲ့ သဘာဝမြေဩဇာမှာ ဆိုရင် နွားချေးမြေဩဇာ၊ ကြက်ချေးမြေဩဇာ၊ မြင်းချေးမြေဩဇာ၊ သိုးချေးမြေဩဇာနဲ့ ဆွေးမြေ့မြေဩဇာတို့ရှိပြီး ယင်းတို့ရဲ့ ကောင်းကျိုးတွေနဲ့ ဆိုးကျိုးတွေကို ဖော်ပြပေးလိုက်ပါတယ်။

    ကောင်းကျိုးများ

    သဘာဝမြေဩဇာဟာ နိုင်ထရိုဂျင်ရရှိနိုင်တဲ့ အရင်းအမြစ်တစ်ခုဖြစ်သလို မြေဆီလွှာကို ကောင်းမွန်စေတဲ့ အရာလည်းဖြစ်ပါတယ်။ ဒါ့အပြင် မြေဆီလွှာအတွင်း ဇီဝဖြစ်စဉ်ကို တိုးမြင့်စေခြင်း၊ မြေဆီလွှာဖွဲ့စည်းပုံကောင်းမွန် စေ ခြင်း၊ သီးနှံကြီးထွားစေရန်အတွက် လိုအပ်တဲ့ ရေ၊ နိုက်ထရိုဂျင်နဲ့ အခြားအာဟာဓါတ်များကို မြေဆီလွှာအတွင်း ထိန်းသိမ်း ထားနိုင်ခြင်း၊ စတဲ့ ကောင်းကျိုးတွေကို ဖြစ်စေပါတယ်။

    ၁။ မြေဆီလွှာနဲ့ မြေဆီလွှာဖွဲ့စည်းပုံကိုကောင်းမွန်စေခြင်း

    သဘာဝမြေဩဇာတွင် နိုင်ထရိုဂျင်၊ ဖော့စဖောရပ်နဲ့ ပိုတက်စီယမ်ဓါတ်များအပြင်အခြား အနည်းလိုအာဟာရ ဓါတ်များ လည်းပါဝင်ပြီး အပင်အတွက်လိုအပ်တဲ့ အာဟာရဓါတ်များစုပ်ယူနိုင်စွမ်းကို မြင့်တက်စေတဲ့ သက်ရှိဇီဝ အကောင်လေးများ၏ စွမ်းဆောင်ရည်ကိုလည်း မြင့်တင်ပေးပါတယ်။ မြေဆီလွှာဖွဲ့စည်းပုံစနစ်တွင် သဘာဝမြေဩဇာဟာ မြေဆီလွှာ အတွင်း လေဝင်လေထွက်ကောင်းစေပြီး မြေဆီလွှာဖွဲ့စည်းပုံကို အားကောင်းစေပါတယ်။ ရလဒ်ကတော့ မြေဆီလွှာ အတွင်းရေထိန်းထားနိုင်ပြီး အမြစ်ဆင်းရာတွင်အထောက်အကူပြုပါတယ်။ တစ်ဆက်တည်းမှာ သဘာဝ မြေဩဇာမှထွက်ရှိတဲ့ အမိုးနီးယားဓါတ်နဲ့ အဏုဇီဝပိုးတွေဟာ တစ်ချို့ဖျက်ပိုးတွေကို မလာအောင် ကာကွယ်ပေးပါတယ်။ ဒါကြောင့် ဓါတ်မြေဩဇာလိုအပ်ချက်ကို လျော့ချပေးနိုင်ပြီး မြေဆီလွှာတိုက်စားခြင်းကိုလည်း လျော့ကျစေပါတယ်။

    ၂။ အာဟာရဓါတ်များပေးစွမ်းနိုင်ခြင်း

    သဘာဝမြေဩဇာမှာပါဝင်တဲ့ ပိုတက်စီယမ်ဟာ အပင်ကိုကျန်းမာသန်စွမ်းခြင်း၊ ဖော့စဖော့ရပ်ဓါတ်ဟာ အမြစ်ကို သန်စွမ်းခြင်း၊ နိုက်ထရိုဂျင်ဓါတ်ဟာ အရွက်ကိုအားပေးခြင်း စတဲ့ ကောင်းကျိုးတွေဖြစ်စေပါတယ်။ အခြား အနည်းလို ဓါတ်တွေဖြစ်တဲ့ သံဓါတ်၊ ဇင့်ဓါတ်နဲ့ ဆာလဖာများဟာလည်း အပင်အတွက်လိုအပ်တဲ့အရာ တွေဖြစ်ပါတယ်။ နောက်ထပ် ကောင်းကျိုးတစ်ခုကတော့ အပင်ကို လောင်ကျွမ်းမှုမရှိတာကြောင့် ဒဏ်ရာလည်းဖြစ်စေမှုကိုလည်း လျော့ချ ပေးပါတယ်။

    ၃။ ပေါင်းမြက်နဲ့ ပိုးများကို နှိမ်နင်းပေးခြင်း

    ထိရောက်တဲ့ မြေဆီလွှာစီမံခန့်ခွဲခြင်းနဲ့ဖျက်ပိုးနှိမ်နင်းနည်းတွေမှာ သဘာဝမြေဩဇာအသုံးပြုမှုဟာ အလွန်အရေး ပါပါတယ်။ ပထမအချက်ကတော့ ပေါင်းမြက်နှိမ်နင်းရာသုံးပြီး မြေဆီလွှာအပေါ်ဖုံးအုပ်ပေးခြင်း၊ ဖြူပေးခြင်းတွေ လုပ်ဆောင်တာ ပေါင်းမြက်တွေ ထွက်မလာအောင် သဘာဝနည်းဖြင့် နှိမ်နင်းပေးရာရောက်ပါတယ်။ ဒုတိယ အချက်အနေဖြင့် သဘာဝမြေဩမှာပါဝင်တဲ့ အကျိုးပြုဘက်တီးရီးယားနဲ့ အခြားသက်ရှိအကောင်းများဟာ အပင်ဖျက်ပိုး နဲ့ရောဂါများ ပေါက်ဖွားမှုကိုလျော့ပါးစေပါတယ်။

    ၄။ ဓါတ်မြေဩဇာအသုံးပြုမှုကို လျော့နည်းစေခြင်း

    ရှေ့မှာဆွေးနွေးခဲ့သလို သဘာဝမြေဩဇာတွင် အပင်အတွက် အဓိကလိုအပ်တဲ့ ဖော့စဖောရပ်၊ နိုက်ထရိုဂျင်နဲ့ ပိုတက်ဆီယမ်များပါဝင်တဲ့အတွက် ဓါတ်မြေဩဇာအသုံးပြုမှုကို လျော့နည်းစေပါတယ်။ ထူးခြားချက်ကတော့ မြေဆီလွှာ ရဲ့ ချဉ်ဖန်နှုန်းကို မြင့်စေပြီး မြေဆီမြေနှစ်ကို ကောင်းစေ ပါတယ်။

    ၅။ မြေဆီမြေနှစ်ကောင်းမွန်စေခြင်း

    သဘာဝမြေဩဇာကိုသုံးတာဟာ အစိုဓါတ်ကိုထိန်းသိမ်းရာရောက်တဲ့အတွက် သဘာဝကပေးတဲ့ ရေသွင်းစနစ်လိုဖြစ်နေ ပါတယ်။ အမြစ်ကောင်းကောင်းဖွံ့ဖြိုးဖို့နဲ့ ရောဂါခံနိုင်ရည်ရှိဖို့ဆိုရင် မြေဆီလွှာအတွင်း အစိုဓါတ်ကောင်းကောင်း ထိန်းသိမ်းပေးနိုင်ဖို့လိုပါတယ်။

    ၆။ ကုန်ကျစရိတ်သက်သာခြင်း

    သဘာဝမြေဩဇာအသုံးပြုရင် ဓါတ်မြေဩဇာလိုအပ်ချက်လျော့ချနိုင်ခြင်း၊ အထွက်နှုန်းနဲ့ သီးနှံအရည်အသွေး ကောင်းစေခြင်း၊ စတဲ့အချက်တွေကြောင့် ကုန်ကျစရိတ်ကို သက်သာစေပါတယ်။ ထုတ်လုပ်မှုကုန်ကျစရိတ်လျော့ချ ပေးသလို၊ အမြတ်ကိုလည်း တိုးစေပြီး ပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်ကာ ရေရှည်တည်တံတဲ့ သီးနှံထုတ်လုပ်မှုစနစ်ကို ဖြစ်စေပါတယ်။

    ၇။ သယ်ယူရလွယ်ကူခြင်း

    စိုက်ပျိုးရေးတောင်သူတွေအနေနဲ့ သဘာဝမြေဩဇာကို မိမိတို့ကွင်းဆီကိုသယ်ဆောင်ရာမှာ ပေါ့ပါးတဲ့အတွက် သယ်ဆောင်ရလွယ်ကူပါတယ်။

    ဆိုးကျိုးများ

    ဆိုးကျိုးအနေနဲ့ သဘာဝမြေဩဇာကို စနစ်တကျကိုင်တွယ်နိုင်ခြင်း အားနည်းပါက ပတ်ဝန်းကျင်ကို အနံ့ အသက်ဆိုးများဖြစ်စေပါတယ်။ ဒါကြောင့် သဘာဝမြေဩဇာမှာလည်း ဆိုကျိုးတွေရှိပါကြောင်း ဆက်လက်ဖော်ပြပေး လိုက်ပါတယ်။

    ၁။ ဈေးနှုန်းမြင့်ခြင်း

    သဘာဝမြေဩဇာဝယ်ယူရတာဟာ ဓါတ်မြေဩဇာဝယ်ယူရတာထက် ယေဘုယျအားဖြင့်တော့ ဈေးကြီး ပါတယ်။ အဓိကကတော့ သယ်ယူသိုလှောင်စရိတ်ကြောင့်ဖြစ်ပါတယ်။

    ၂။ အနံ့ဆိုးခြင်း

    တစ်ဆက်တည်းမှာဘဲ စနစ်တကျကောင်းကောင်း စီမံခန့်ခွဲမှုအားနည်းရင် ပတ်ဝန်းကျင်အနံ့သက်ဆိုးတွေ ဖြစ်စေပါတယ်။

    ၃။ အမိုးနီးယားဓါတ်ထွက်ခြင်း

    သဘာဝမြေဩဇာမှ အမိုးနီးယားထုတ်လုပ်မှုဟာ လေထုကိုညစ်ညမ်းစေသလို ရေနဲ့ထိတွေ့ပါက အနံ့ဆိုးများ ထွက်ပါတယ်။

    ၄။ အလွန်အကျွံထည့်သွင်းခြင်း

    သဘာဝမြေဩဇာကို အလွန်အကျွံထည့်သွင်းပါက ရေနှင့်ထိတွေ့ကာ ရေညှိများပေါက်ရောက်မှုကိုဖြစ်စေ ပါတယ်။ တစ်ချိန်တည်းမှာဘဲ အလွန်အကျွံသုံးစွဲပါက ရေအရည်အသွေးကို ထိခိုက်စေပါတယ်။

    ၅။ အခြားဓါတ်များနှင့်ထိတွေ့ခြင်း

    သဘာဝမြေဩဇာဟာ အခြား အဆိပ်အတောက်ဖြစ်စေတဲ့ သတ္တုတွေနဲ့ထိတွေ့ပေါင်းစပ်ပြီး ပတ်ဝန်းကျင်ကို ထိခိုက်စေတက်ပါတယ်။

    ထွက်တိုး

    Source: Advantages and Disadvantages of Manure - Javatpoint

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes9comments0
views382views1477