cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

တစ်ပတ်စာ မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက် (မကွေးတိုင်းဒေသကြီး)

. ရာသီဥတု သတင်းများ
စိုက်/မွေး အကြုံပြုချက်နှင့်တကွ
  • မကွေးတိုင်းဒေသကြီးရှိ ပွင့်ဖြူမြို့နယ်၊ မင်းဘူးမြို့နယ်၊ စလင်းမြို့နယ်၊ စေတုတ္တရာမြို့နယ်

    မကွေးတိုင်းဒေသကြီးရှိ ဖော်ပြပါ မြို့နယ်များတွင် ၂ဝ၂၄ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မှ (၇) ရက်နေ့အထိ တစ်ပတ်တာ ခန့်မှန်းချက်အနေဖြင့် မိုးရွာရန် (၁၀)ရာခိုင်နှုန်းအောက်သာရှိသဖြင့် ရွာရန် ရာခိုင်နှုန်း အလွန်နည်းပါ ကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။

    စိုက်ပျိုးရေးအကြံပြုချက်

    စပါး သီးနှံ အကြံပြုချက်

    စပါးကို စိုက်ပျိုးကြတဲ့တောင်သူဦးကြီးများအနေနဲ့ စပါးပင်မှာ တောင်သူများအခေါ် နီတို ပြဿနာကိုကြုံဖူးကြမှာပါ။ ဒါပေမဲ့ တောင်သူများခေါ်နေကြတဲ့ နီတိုဆိုတာက ရောဂါဖြစ်တာလား၊ ဒါမှမဟုတ် ပိုးမွှားကျရောက်မှုကြောင့်ဖြစ်တာလားဆိုတာ မသေချာ၊ မရေရာ ဖြစ်နေတတ်ကြပါတယ်။ အမှန်တကယ်တမ်းကတော့ နီတို ဆိုတာက ရောဂါလည်းမဟုတ်သလို ပိုးကျတာကြောင့် ဖြစ်တာလည်း မဟုတ်ပါဘူး။

    အမှန်တကယ်တော့ စပါးစိုက်ခင်းထဲမှာရေကိုကြာရှည်စွာသိုလှောင်ထားတဲ့အခါ ရေထဲမှာ သံဓါတ်တွေပျော်ဝင် စုစည်းလာပြီးတော့ ကြာလာတာနဲ့အမျှ စပါးပင်တွေက သံဓါတ်အဆိပ်သင့်လာတဲ့ ပြဿနာပါ။ အဲလို သံဆိပ်သင့်တဲ့အခါ စပါးပင်တွေက ပုပြီးတိုလာခြင်း၊ စပါးအရွက်တွေက သံချေးရောင်၊ နီညိုရောင် ပြောင်းလာတတ်ခြင်းကြောင့် စပါးပင် နီတိုဖြစ်တယ်လို့ အလွယ်ခေါ်ကြခြင်းဖြစ်ပါတယ်။

    မိုးကောင်းသောက်ဒေသတွေမှာ စပါးခင်းအတွက် ရေရရှိရန်မလွယ်ကူတဲ့အတွက် စပါးအောင်ရေရတဲ့အထိ ရေကိုလှောင်ထားတတ်ကြပါတယ်။ နောက်ပြီးတော့ ရေသွင်းရေထုတ်ပြုလုပ်ဖို့ခက်ခဲတဲ့ စိုက်ခင်းတွေ မှာလည်း ရေကို ကြာရှည်စွာလှောင်ထားတာမျိုးရှိတတ်ပါတယ်။ ထိုကဲ့သို့ရေကိုကြာရှည်စွာ လှောင်ထား တဲ့အခါမျိုးမှာ စိုက်ခင်းရှိ မြေထဲတွင် လေမရှိတော့ပဲ အောက်ဆီဂျင်ဓါတ်ကုန်ခမ်းသွားပါတယ်။ ဒီလို အချိန်မျိုးမှာ စပါးခင်းထဲမှာရှိတဲ့ သံဓါတ်(အခဲ) တွေဟာ စပါးပင်အလွယ်တကူစုပ်ယူနိုင်တဲ့ သံဓါတ် (အမှုန်) ပုံစံသို့ ပြောင်းသွားပြီးတော့ စပါးပင်ထဲကို ရေကြောမှတစ်ဆင့် ပမာဏများစွာဝင်ရောက် သွားပါတယ်။ လိုအပ်တဲ့ပမာဏထက်ပိုလာတဲ့အခါမှာတော့ စပါးရွက်တွေဟာ သံချေးရောင်၊ နီညိုရောင် ပြောင်းလာတတ်ပါတယ်။

    နောက်ပြီးတော့ စပါးပင်ထဲမှာရှိနေတဲ့ သံဓါတ်တွေဟာ လေနဲ့ထိတွေ့လိုက်တဲ့အခါ အခဲပုံစံသို့ ပြန်ပြောင်းသွားပြီးတော့ စပါးပင်စည် အတွင်းမှာရှိတဲ့ ရေကြောနဲ့အစာကြောတွေမှာ ပိတ်ဆို့သွားပါတယ်။ အဲချိန်မှာဆိုရင် အမြစ်ကစုပ်ယူတဲ့ အစာအာဟာရတွေကို အရွက်သို့ရောက်အောင် မပို့နိုင်တော့ပါဘူး။ အပင်က အာဟာရကောင်းစွာမရနိုင်တဲ့အတွက် ဆက်လက်မကြီးထွားနိုင်တော့ပဲ အပင်တွေပုကုန်ပါတယ်။ ဒီလိုချိန်မျိုးမှာ တောင်သူအများစုဟာ အပင်ကြီးထွားမှုကောင်းအောင်ပုလဲမြေဩဇာ ပက်လေ့ရှိပါတယ်။ သို့သော် အပင်ရဲ့ အစာကြော၊ရေကြောဟာပိတ်နေတာဖြစ်တဲ့အတွက် အပင်ကမစားနိုင်ပါဘူး။ ကျွေးသမျှ ကတော့ လေလွင့်ဆုံးရှုံးကုန်ပါမယ်။

    ဒီတော့ နီတို ဖြစ်လာပြီဆိုရင် ပြန်လည်ကုစားရမယ့် အကောင်းဆုံးနည်းလမ်းကတော့ စိုက်ခင်းထဲ ကရေတွေကို ပြောင်အောင်ထုတ်ပေးခြင်းဖြစ်ပါတယ်။ ရေထုတ်ခြင်းဖြင့် သံဓါတ်အဆိပ်သင့်မှုကို ကုစားနိုင်မှာဖြစ်ပါတယ်။ ရေထုတ်ပြီး တစ်ပတ် အကြာလောက်မှာတော့ အပင်အတွက် အာဟာရတွေ ပြန်လည်ထောက်ပံ့ပေးသင့်ပါတယ်။

    သို့သော် အချို့သောဒေသများတွင် ရေထုတ်ရန် အတွက် အခက်အခဲရှိတတ်ကြပါတယ်။ များသော အားဖြင့် မိုးရေကိုသာအားကိုးရတဲ့မိုးကောင်းသောက်ဒေသ တွေမှာဆိုရင် ရေကိုလုံးဝကုန်စင် အောင် ထုတ်ပေးနိုင်ဖို့ ဖြစ်နိုင်ချေ အလွန်နည်းပါတယ်။ ထိုကဲ့သို့သောဒေသများမှာ သံဓါတ်အဆိပ် သင့်မှု ပြဿနာကို ကုစားဖို့အတွက် ပိုတက်ချ်(K) မြေဩဇာကိုထည့်ပေးပါ။ ပိုတက်ချ်(K) ဟာ စပါးပင် အမြစ် တွေရဲ့ လေထုတ်လုပ်နိုင်မှုနှုန်းကို မြှင့်တင်ပေးနိုင်ပါတယ်။ နောက်ပြီးတော့ သံဆိပ်သင့်တဲ့ ပြဿနာဟာ မြေချဉ်တဲ့ စိုက်ခင်းတွေမှာ ပိုအဖြစ်များတဲ့အတွက် ပိုတက်ချ်(K) မြေဩဇာအပြင် ကျောက် မှုန့်မြေဩ ဇာကိုလည်း တွဲဖက်အသုံးပြုခြင်းဖြင့် သံဓါတ်အဆိပ်သင့်တဲ့ပြဿနာ (နီတို) ကို ကုစားနိုင်ပါတယ်။

    ငါးကန်များအတွက် အကြံပြုချက်

    - ကန်ဖော်သင့်သည့်အချိန်ဖြစ်၍ ကန်ရေထုတ်ဆောင်ရွက်ရန်၊

    - ကန်မဖော်မီ အသုံးပြုမည့် ပစ္စည်းများ၊ သယ်ယူပို့ဆောင်ရေး ကိစ္စများကို ကြိုတင် ပြင်ဆင် ထားရန်နှင့် ကန်ဖော်ရာတွင် ကန်အတွင်း ငါးများမထိခိုက်စေရန် စနစ်တကျ ကိုင်တွယ် ဆောင် ရွက်ရန်၊

    - ကန်ဖော်ပြီးနောက် မိမိငါးကန်၏ အောက်ခြေရှိ ရွံ့မြေများ အက်ကွဲသည်အထိ ရက်အနည်းငယ် အခြောက်ခံထားရန်၊

    - ကန်အောက်ခြေရှိ အဆိုပါ ရွံ့မြေများကို ဖယ်ရှားပြီး စိုက်ပျိုးပင်များတွင်ထည့်သွင်း အသုံးပြု နိုင်ရန်၊

    - အကယ်၍ ကန်အောက်ခြေရှိ ရွံ့မြေထုသည် ၅ စင်တီမီတာ သာရှိပါက ဖယ်ရှားမပစ်ဘဲ ဆက်လက် ထားရှိရန်၊

    - ငါးကန် သန့်ရှင်းရေး ဆောင်ရွက်ရန်၊

    Weather Source: CIAT

    ------------------

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes9comments0
views110views3386