cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရှောက်သံပုရာ အစေးထွက်ရောဂါ

. ရောဂါ
ရှောက်သံပုရာ အစေးထွက်ရောဂါသည် မှိုကြောင့်ဖြစ်သော ရောဂါဖြစ်သည်။ အပင်ငယ်စဉ် ပျိုးခင်းကာလတွင် အစိုဓာတ်များပြားမှုကြောင့်သော်လည်းကောင်း၊ ပျိုးခင်းတွင် ရှည်ကြာသောကြောင့် သော်လည်းကောင်း ရောဂါဝင်ရောက်ခြင်းဖြစ်လာနိုင်သည်။ ပုံမှန်အားဖြင့် ပျားလိမ္မော်၊ သံပုရာ နှင့် ရှောက်မျိုးနွယ်ဝင် အပင်များတွင် ကျရောက်လေ့ရှိသည်။ ရှောက်မျိုးနွယ်ဝင် အပင်များ၏ အဓိက အဖြစ်များသော ရောဂါဖြစ်ပါသည်။
  • ရောဂါလက္ခဏာ

    ပထမဆုံး လက္ခဏာများသည် သစ်ခေါက်တွင် အနက်ရောင် အစွန်းအထင်းများဖြစ်ပြီးနောက် အသားထဲသို့ ပျံ့နှံ့သွားသည်။

    အောက်ခြေမှ သစ်ခေါက်ဖျက်ဆီးခံရပြီး အရစ်များဖြစ်သွားကာ နောက်ပိုင်းတွင် အပင်သေသွားသည်။ ရောဂါရအစိတ်အပိုင်းများမှ သစ်ခေါက်များ သေသွားပြီး ကွဲအက်သွားသည်။

    ၎င်းပင်စည်၏ သစ်ခေါက်မှ အစေးများထွက်လာသည်။

    ရောဂါကူးစက်မှုသည် အမြစ်ဆုံသို့ တိုးချဲ့သွားသည်။

    ရေလွှမ်းခြင်း၊ ရေဝပ်ခြင်း၊ အစိုဓာတ်များခြင်း၊ ရေဖြင့် ပင်စည်ကို ထိတွေ့ခြင်းများသည် ရောဂါဖြစ်ပွားမှုကို

    အားပေးသည်။

    မိုးရေ၊ သွင်းရေ၊လေနှင့်တကွ ရောဂါကူးစက်ပျံ့နှံ့နိုင်သည်။

    ကာကွယ်နှိမ်နင်းခြင်း

    သစ်သီးခြံကို အမြဲသန့်ရှင်းအောင်ထားပေးပါ။ မဖွံ့ဖြိုးသော၊ ခြောက်သွေ့နေသော၊

    ရောဂါကျရောက်နေသော အကိုင်းများကို ခုတ်ထွင် ရှင်းလင်းပေးပါ။

    အပင်ကို အသီးများခူးပြီးကာလ (သို့) အသီးစတင်ဖြစ်စ ကာလတွင် ဘော်ဒိုးဆေးရည်ပုံမှန်ဖျန်းပက်ပေးပါ။

    ပေါင်းမြက်ရှင်းလင်းစဉ် (သို့) ထွန်ယက်စိုက်ပျိုးစဉ်တွင် အပင်ခြေများ၊ အမြစ်ဆုံများကို ထိခိုက်မှုမရှိအောင် ဂရုစိုက်ပေးပါ။

    ပင်စည် သစ်ခေါက်များကို ဘော်ဒိုးဆေးရည် သုတ်လိမ်းပေးပါ။

    ဓာတုဆေးများသုံးမည်ဆိုပါက ဖော့စတိုင်းအေအယ်လ်၊ ကော့ပါးပါသောဆေးတစ်မျိုးမျိုးမှ မိမိကြိုက်နှစ်သက်ရာဆေးကို အသုံးပြုပက်ဖျန်းပေးနိုင်ပါတယ်။

    Ref: https://www.plantwise.org/.../factsheetforfar.../20147801443

    https://www2.ipm.ucanr.edu/.../citrus/Phytophthora-Gummosis/

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို Like, Share နှင့် Download လုပ်ထားပါ - bit.ly/fbhtwettoe


  • article
likes12comments0
views182views2328