cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ကပ်ပါးကောင်ကြောင့်ဖြစ်တတ်သော ငါးရောဂါများ

. ငါးမွေးမြူရေးဆောင်းပါးများ
ငါးသန်းကျရောက်သော ငါးများသည် သွေးအားနည်းလာပြီး အင်အားချိနဲ့လာသောကြောင့် သေဆုံးသည်အထိ ကြုံတွေ့ရပါသည်။ ငါးသန်းရောဂါကို (Argulosis) ဖြစ်ပါသည်။ ငါးမွေးတောင်သူများသည် ငါးသန်းများ ၊ပါးဟက်တွင်စွဲကပ်သောကပ်ပါးကောင်များကြောင့်ငါးများ ငါးသန်းရောဂါကျရောက်ပါက အမြန်ဆုံးကုသကာကွယ်ရန် လိုအပ်ပါသည်။
  • ငါးမွေးတောင်သူများသည် ငါးသန်းများ၊ ပါးဟက်တွင် စွဲကပ်သောကပ်ပါးကောင်များကြောင့် သေဆုံးမှု ကြုံကြရပါသည်။ ကပ်ပါးကောင်ကြောင့် ငါးသန်းရောဂါဖြစ်ရခြင်းမှာ တစ်ဧကတွင် ငါးထည့်သွင်းမွေးရမည့် ပမာဏထက်များပြားခြင်းနှင့် ဩဂဲနစ်မြေဩဇာအသုံးများခြင်းကြောင့် ငါးများတွင် ငါးသန်းကျရောက်ရခြင်း ဖြစ်ပါသည်။ ငါးသန်းကျရောက်သော ငါးများသည် သွေးအားနည်းလာပြီး အင်အားချိနဲ့လာသောကြောင့် သေဆုံးသည်အထိ ကြုံတွေ့ရပါသည်။ ငါးသန်းရောဂါကို (Argulosis) ဖြစ်ပါသည်။ ငါးမွေးတောင်သူများသည် ငါးသန်းများ ၊ပါးဟက်တွင်စွဲကပ်သောကပ်ပါးကောင်များကြောင့်ငါးများ ငါးသန်းရောဂါကျရောက်ပါက အမြန်ဆုံးကုသကာကွယ်ရန် လိုအပ်ပါသည်။ ရေသန်းသည် ငါးအချင်းချင်းကူးစက်မှု မြန်ပါသည်။ ကာကွယ်ကုသခြင်းမှာ ငါးသန်းပေါသောကန်များကို ဝါးခြမ်းပြားများချပေးခြင်းဖြင့် ရေသန်းများသည် ဝါးခြမ်းတွင် တွယ်ကပ်စေပြီး၊ အဆိုပါ ဝါးခြမ်းများကိုနေလှန်းပေးပြီး ကန်အတွင်းသို့ ပြန်လည်ချပေးပါ။

    ငါး၏အရေပြားတွင် စွဲကပ်သော ကပ်ပါးပိုးသည် လာနီရေးကပ်ပါးရောဂါ(Lernaesis)ဖြစ်ပါသည်။ သေးသွယ်ရှည်လျှားသောပုံရှိပြီး စွဲကပ်ခံရသော ငါးသည် သွေးထွက်ခြင်း၊ အလေးချိန်လျှော့ခြင်းနှင့် ‌နှေးကွေးစွာ ရေကူးခြင်းများ ရှိပါသည်။

    ကာကွယ်ကုသရန်မှာ ပိုတက်စီယမ်ပါမင်းဂနိတ် ၅မီလီဂရမ်ကို ရေတစ်လီတာတွင် ဖျော်ပြီးငါးကို စိမ်ပေးပါ။ ဆားဖျော်ရည် ၃-၅ %ကို ၁ မိနစ်နစ်ခန့် (သို့) ငါးခံနိုင်သည်အထိ စိမ်ပေးပါ။

    ငါးများ၏ ပါးဟက်တွင် တွယ်ကပ်တတ်သော ကပ်ပါးပိုးများလည်း ရှိပါသည်။ ဒက်တိုင်လိုဂိုင်းရပ်ကပ်ပါးပိုး ဖြစ်ပါသည်။ အဆိုပါကပ်ပါးပိုးသည် ငါး၏ ပါးဟက်မျှင်များ ပျက်စီးခြင်း၊ ပါးဟက်ရောင်ရမ်းခြင်း၊ အချွဲများ ပိုမိုထွက်ခြင်းများဖြစ်လာပြီး၊ ငါးသည်ကိုယ်အလေးချိန် ကျဆင်းလာပါသည်။ ပါးဟက်မှာလည်း အဖြူရောင်သန်းလာပါသည်။ အဆိုပါ ကပ်ပါးပိုးသည် ကူးစက်မှုလျှင်မြန်ပါသည်။

    ကာကွယ်ကုသခြင်းမှာ - (၁)ဖော်မလင် ၂၀မီလီဂရမ်ကို ရေတစ်လီတာတွင်ဖျော်ပြီး ကန်ရေအတွင်းသို့ ထည့်ပေးပါ။ (၂)ရောဂါဖြစ်သောငါးကို ဖော်မလင်၂၀မီဂရမ်နှင့် ရေတစ်လီတာဖျော်ရည်တွင် စိမ်ထားပေးခြင်းလည်း ဆောင်ရွက်နိုင်ပါသည်။ (၃)အိမ်သုံးဆား ၂-၃ ရာခိုင်နှုန်း ဖျော်ရည်တွင်လည်း ၁-၂ မိနစ်စိမ်ထားပေးခြင်းဖြင့်လည်း ကုသနိုင်ပါသည်။

    ဦးဆန်းအောင်

    ထွက်တိုး

    ------

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ - https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
  • article
likes11comments0
views216views5427