cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မန်ကျည်းပင်စိုက်နည်းစနစ်

. စိုက်ပျိုးနည်းစနစ်များ
မုတ်သုံကာလ မိုးရာသီမှာတော့ အရွက်နုတွေထွက်ပီး စိမ်းစိုနေပေမဲ့ မိုးပါးပီး ခြောက်သွေ့သော ဒေသ ရာသီတွေမှာ ဆိုရင်တော့ တပင်လုံးအရွက်တွေကြွေကျတတ်ပါတယ်။
  • ဒီတပတ် တင်ပြပေးသွားမဲ့ အကြောင်းအရာကတော့ သဘာ၀ အလျောက်ပေါက်ရောက်လေ့ ရှိတဲ့ မန်ကျည်းပင်အကြောင်းဘဲ ဖြစ်ပါတယ်။မန်ကျည်းပင်ဟာဆိုရင် မြန်မာနိုင်ငံရှိ နေရာ အနှံ့ပြားမှာ တွေ့ရတတ်ပီး မြန်မာနိုင်ငံ အထက်ပိုင်းဒေသတွေမှာတော့ အရိပ်ရ သစ်ပင်ကြီးတွေ အဖြစ် အများအပြား စိုက်ပျိုးထားတာကို တွေ့ရပါတယ်။ မုတ်သုံကာလ မိုးရာသီမှာတော့ အရွက်နုတွေထွက်ပီး စိမ်းစိုနေပေမဲ့ မိုးပါးပီး ခြောက်သွေ့သော ဒေသ ရာသီတွေမှာ ဆိုရင်တော့ တပင်လုံးအရွက်တွေကြွေကျတတ်ပါတယ်။

    ➤ကြိုက်နှစ်သက်သော ရေမြေရာသီဥတု

    မန်ကျည်းပင်ဟာဆိုရင် အပူပိုင်းနှင့် သမပိုင်း ရာသီမျိုးကို နှစ်သက်ပါတယ်။ အပူပိုင်းဒေသတွေမှာ ရှင်သန်ကြီးထွားနိုင်တယ်ဆိုပေမဲ့လဲ အသီးတင်နိုင်မှုအားကတော့ နည်းနိုင်ပါတယ်။ ဒါ့အပြင် အပင်ငယ်စဉ်ချိန်ခါမှာ ဆိုရင်လဲ အရမ်းအေးတဲ့ ရာသီဥတုဒဏ်ကို ခံနိုင်ရည် မရှိကြပါဘူး။ ဒါကြောင့် မန်ကျည်းပင်ကို စီးပွားဖြစ် အနေနဲ့ စိုက်ပျိုးဖို့ကတော့ အပူအအေး ညီမျှတဲ့ ဒေသတွေမှာ စိုက်ပျိုးတာကတော့ အသင့်တော်ဆုံးဖြစ်ပါတယ်။ မြေ အမျိုးအစားမရွေး စိုက်နိုင်ပေမဲ့ ရေစီးရေလာကောင်းပီး ရွှံ့စေးဆန်သော မြေကို ပိုမို နှစ်သက်ပါတယ်။ မြေချဉ်ငန်ဓာတ် ၄.၅ - ၉ အထိ စိုက်ပျိုးနိုင်ပါတယ်။

    ➤စိုက်ပျိုးခြင်း

    မန်ကျည်းပင်ကို အစေ့မှ တစ်ဆင့် စိုက်ပျိုးနိုင်သလို ၊ ကိုင်းဖြတ်စိုက်ခြင်း ၊ မြေထုတ်စည်းခြင်း ၊ ကိုင်းကူးစိုက်ခြင်း စသဖြင့် အမျိုးမျိုး စိုက်နိုင်ပါတယ်။ ကိုင်းကူးစိုက်မယ်ဆိုရင်တော့ အပင်အမြန် ဖြစ်ဖို့ လွယ်ကူပေမဲ့လဲ အစေ့ကနေ စိုက်ပျိုးမယ်ဆိုရင်တော့ အပင်ပေါက်ဖို့ လ အနည်းငယ်လောက် စောင့်ရတတ်ပါတယ်။ ဒါကြောင့် ကိုင်းကူးစိုက်တာကတော့ အသင့်တော်ဆုံးလို့ ပြောရပါလိမ့်မယ်။

    ➤ပြုစု ဂရုစိုက်ခြင်း

    အပင်ကြီးထွားစဉ်တစ်လျောက် ရေ နေ့စဉ်ပုံမှန်လောင်းနေစရာ မလိုလောက်အောင် ဂရုစိုက်စရာ သိပ်မလိုတဲ့ နှစ်ရှည်ပင် တစ်မျိုးဘဲ ဖြစ်ပါတယ်။အပင်ငယ်စဉ်ချိန်ခါမှာတော့ မြေသြဇာတွေ အနေနဲ့ မြေဆွေး ၊ နွားချေး ၊ ၁၅ ပတ်လည် ကွန်ပေါင်းကို တစ်မျိုးမျိုးကို တစ်နှစ်လျှင် ၃ ကြိမ် ကျွေးရပါမယ်။

    အပင်တွေကိုလဲ နှစ်စဉ်ပုံမှန် ကိုင်းချိုင်ပေးဖို့လိုပါတယ်။ ကိုင်းခြောက်တွေ ဖယ်ရှားပေးခြင်းဖြင့် ကိုယ်လိုသလို ပုံသွင်း ပေးဖို့လိုပါတယ်။

    ➤ကျရောက်တတ်သော ပိုးမွှားရောဂါများ

    ပိုးစေးနှဲ ၊ ပျ ၊သီးလုံးဖောက်ပိုး စတဲ့ ပိုးတွေက အဓိက ကျရောက်တတ်ပါတယ်။ ရောဂါတွေအနေနဲ့ကတော့ အမြစ်ပုပ်ရောဂါ ၊ ကြပ်ခိုးမှိုရောဂါ ၊ ရွက်ပြောက်ရောဂါ တွေ ကျရောက်တတ်ပါတယ်။

    ➤မန်ကျည်းသီး၏ အသုံးဝင်ပုံ

    မန်းကျည်းသီး ၊ အရွက် တွေ ကို ဒီအတိုင်း အစိမ်းစားလေ့ရှိကြသလို ဖျော်ရည် ၊ ယို အချိုမှုန့် ၊ သကြားလုံး နှင့် ဟင်းချက်ရာတွင်လည်း ပါဝင်ပစ္စည်းတွေ အဖြစ်အသုံးပြုလေ့ရှိပါတယ်။

    ပန်းပျိုမေ (၂၀၁၈)

    Source- https://balconygardenweb.com

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes6comments1
views244views1801