cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

နွေစပါးမှာ ဖြစ်ပွားနိုင်သော မှိုရောဂါများ

. ရောဂါ
စပါးရွက်ဖုံးတွေပုပ်တာကလည်း မှိုရောဂါပါပဲ။ မိုးများတဲ့ဒေသတွေမှာ ဖြစ်ပွားမှုပိုများတယ်။ ဒီဇင်ဘာလမှာ မိုးရွာရင်ပတ်ဝန်းကျင်အစိုဓာတ်တွေများ၊ ဥတုကလည်းအေးတော့ရောဂါဖြစ်ရင် ပြန့်ပွားမှုများလာတယ်။
  • မိုးရာသီ စိုက်ပျိုးတဲ့ စပါးခင်းတွေမှာ စိုစွတ် မိုးများမှုကြောင့် စပါးပင်တွေမှာ မှိုကြောင့်ဖြစ်တဲ့ အပင်ရောဂါကျတတ်တယ်။နွေစပါးကတော့ နွေပူပူ၊ နေပူပူမှာ စိုက်တဲ့စပါးပင်မို့ မှိုရောဂါကျတာ နည်းပါးနိုင်တယ်လို့ထင်မှတ်ကြရင် မှားပါလိမ့်မယ်။

    စပါးတွေပိုမိုထွက်ဖို့ မိုးရာသီ စပါးစိုက်တာအပြင် နွေရာသီ နွေစပါးစိုက်တာကို ၁၉၉၂ ခုနှစ်မှာ ရေရရှိအောင် စီမံပြီး ၈၂၁ဧကဖြင့် စတင်စိုက်ပျိုးခဲ့ပါတယ်။ မိုးစပါးစိုက်ချိန်က မေလမှ စက်တင်ဘာလကုန်၊ နွေစပါးစိုက်ချိန်က အောက်တိုဘာလမှ ဧပြီလကုန်ဆိုပြီး မိုးစပါး၊ နွေစပါး သတ်မှတ်ခဲ့ကြပါတယ်။ နွေစပါးက နေရောင်ခြည်ပိုရပြီး ရေလည်းပြည့်စုံအောင်ရကြ

    ရင် မိုးစပါးထက်ပိုထွက်တော့ စိုက်ပျိုးမှုဧကဟာ နှစ်စဉ်အတိုးပဲ ရှိလာပါတော့တယ်။

    နွေစပါးကမိုးစပါးထက်လည်း အပင်အာဟာရဓာတ်စုပ်ယူစားသုံးမှု ပိုများပါတယ်။ ဒါကြောင့် စပါးပင်ရဲ့အမြစ်တွေ ပိုပြီးဖြစ်ထွန်းတယ်။ နိုက်ထရိုဂျင်နဲ့အမိုင်နိုအက်စစ်တွေလည်း ပိုရတယ်။ ဒါကြောင့် အပင်ရောဂါ ဖြစ်နိုင်မှုကလည်း ပိုများနိုင်တယ်။ ရာသီဥတုကလည်း နေ့

    ပိုင်းပူပေမဲ့ ညဘက်မှာ အပူချိန်နိမ့်တာ၊ စိုထိုင်းဆများတာ၊ ဆောင်းကြွင်းဆောင်းကျန် နှင်းဖွဲလေးများ မနက်ပိုင်းကျန်တာတွေက အပင်ရောဂါ ဖြစ်ပွားမှု၊ ကူးစက်ပျံ့နှံ့မှုကို လွယ်ကူစေတယ်။ အားပေးနိုင်တယ်။ သတိပြုရမဲ့ ရောဂါက စပါး

    ကုပ်ကျိုးရောဂါ ဖြစ်ပါတယ်။ ဒီရောဂါဟာ မှိုကြောင့်ဖြစ်တဲ့ရောဂါ ဖြစ်တယ်။

    အပင်ငယ်စဉ်ရော အပင်ကြီး စပါးနှံထွက်တဲ့အထိရောဂါကျနိုင်တယ်။ အပင်ငယ်စဉ်ကျရင်အကုန်ပျက်စီးတယ်။ အထူးသဖြင့် အပင်ကြီး အနှံထွက်မှ ကျရောက်ရင် အဆစ်ကျိုး၊ စပါးနှံနဲ့ဆက်ထားတဲ့ ကုပ်ကျိုးမယ်၊ ရောဂါကျစပါးနှံမှာ အဆန်

    မတည်တော့ဘဲ အဆန်ချောင်၊ ဖြူဖြူဖွေးဖွေး အနှံတွေဖြစ်လာမယ်။ ပုလဲဓာတ်မြေသြဇာတစ်မျိုးတည်း ကျွေးထားရင်ရောဂါပိုဆိုးတာပေါ့။ ကုပ်ကျိုးရောဂါက မိုးစပါးထက် နွေစပါးမှာ ပိုဖြစ်တတ်တယ်။ ရေသွင်းစိုက်ခင်းထက် ကြဲခင်းတိုက်

    ရိုက် မျိုးစေ့ချ စပါးခင်းပိုမိုဖြစ်နိုင်တယ်။

    ရာသီဥတုအေးတဲ့ ဒေသတွေနဲ့ မိုးများတဲ့ ဒေသတွေက နွေစပါးခင်းတွေ ပိုပြီးသတိပြု ကာကွယ်နှိမ်နင်းကြသင့် တယ်။ ရောဂါကျတဲ့ စပါးခင်းတွေမှာ ပုလဲဓာတ်မြေသြဇာကို လုံးဝမထည့်ဘဲ ပိုတက်စီယမ်ဓာတ်မြေသြဇာကိုသာ တစ်ဧက တစ်အိတ်ခွဲနီးပါးလောက် ထည့်တာ။ ကောက်ရိုးကို မီးရှို့ပြာချပြီး ရတဲ့ပြာကို တစ်တင်း လောက်ထည့်တာ ပြုလုပ်နိုင်တယ်။ နောက်ပိုင်းမှာ ရောဂါသက်သာအောင် ကုပ်ကျိုးရောဂါ ဖြစ်မှုအားပေးတဲ့

    အပူချိန်ရှိမဲ့ကာလကိုရှောင်ပြီး စိုက်ကြတော့တယ်။အခုအခါ မိုးစပါးမှာလည်း မိုးလယ်ကာလ မိုးရွာတာနည်းလာရင် စပါးကုပ်ကျိုးရောဂါ ဖြစ်လာတာကို ဧရာဝတီတိုင်းဒေ

    သကြီး ကျောင်းကုန်းမြို့နယ်မှာ တွေ့လာရပြီ။ နွေစပါးမှာ ပျိုးခင်းက စိုက်ခင်းရွှေ့စိုက်ချိန် ရောဂါပိုကျနိုင်တယ်။

    ဘာကြောင့်ဒီလိုဖြစ်ရသလဲ လေ့လာတော့ အပင်ကို လိုတာထက်ပိုပြီး စိပ်စိပ်စိုက်ကြလို့။ ပျိုးပင်ကိုစိုက်ရာမှာ မြေထဲနက်နက် ထိုးထည့်စိုက်လို့ဆိုတာတွေ တွေ့လာရတယ်။ နွေစပါး စိုက်ရင် ကုပ်ကျိုးရောဂါခံနိုင်တဲ့ စပါးမျိုးတွေစိုက်ပါ။ ရေသွင်းစိုက်ခင်းဆိုရင် စိုက်ခင်းထဲ ရေမပြတ်စေဘဲ လုံလောက်တဲ့ပမာဏ ထည့်ထားပါ။ ပုလဲဓာတ်မြေသြဇာတစ်မျိုး

    တည်းမထည့်ဘဲ ဖော့စပရပ်နဲ့ ပိုတက်စီယမ် ဓာတ်မြေသြဇာများကိုလည်း အချိုးကျထည့်ပေးပါ။

    စပါးစေ့ကို မစိုက်ခင် မျိုးစေ့တစ်ပြည်ကို မှိုသတ်ဆေးမှုန့် ဟင်းစားဇွန်းတစ်ဇွန်းနဲ့ လူးနယ်စိုက်ပျိုးပါ။ ရောဂါကျရင် မှိုသတ်ဆေးပက်ဖျန်းပါ။ ရောဂါဖြစ်စေတဲ့မှိုဟာ စပါးရိုးပြတ်နဲ့မြက်တွေမှာ ခိုအောင်းနားခိုတတ်ပါတယ်။ပေါင်းရှင်းပါ။ စပါးရိတ်ပြီးရင် ရိုးပြတ်

    ကိုဖယ်ရှင်းစုပုံ မီးရှို့ပါ။ ပျိုးခင်းကစပြီး ရောဂါတွေ့နိုင်ပါတယ်။ စပါးရွက်တွေမှာအစက်အပြောက်တွေ ပြလာပါတယ်။စပါးခင်း အနှံထွက်ချိန်ကျတော့ အနှံမှာ ရောဂါဝင်ရင် စပါးနှံအောက်က ကုပ်မှာ အညိုကွက် တွေ့ပါတယ်။ နို့ရည်မ

    တည်ခင်ရောဂါကျရင် နို့ရည်ဆက်မတည်တော့ဘဲအဆန်မတည်တဲ့အနှံ ဖြစ်တော့တာပါပဲ။

    သတိပြု ကာကွယ်နှိမ်နင်းရမှာက အပင်မှိုရောဂါ ဖြစ်ပါတယ်။ ဒါက အများဆုံးတွေ့ရတဲ့ နွေစပါးရဲ့မှိုရောဂါဖြစ်ပါတယ်။

    စပါးရွက်ဖုံးတွေပုပ်တာကလည်း မှိုရောဂါပါပဲ။ မိုးများတဲ့ဒေသတွေမှာ ဖြစ်ပွားမှုပိုများတယ်။ ဒီဇင်ဘာလမှာ မိုးရွာရင်ပတ်ဝန်းကျင်အစိုဓာတ်တွေများ၊ ဥတုကလည်းအေးတော့ရောဂါဖြစ်ရင် ပြန့်ပွားမှုများလာတယ်။ လေပြင်းကျတာပါဆိုပြီးဖြစ်ရင်တော့ ပျက်စီးပြီ။ ဒီမှာလည်း ဓာတ်မြေသြဇာအသုံးပြုရာမှာကြိုက်တဲ့ ပုလဲလို နိုက်ထရိုဂျင်ဓာတ်မြေသြဇာတွေ

    များများသုံးပြီး ပိုတက်စီယမ်ဓာတ်မြေသြဇာ အသုံးနည်းလို့ကတော့ ရောဂါပိုဖြစ်လာတယ်။ ယှဉ်တွဲဖြစ်လာနိုင်တာကရွက်ဖုံးပုပ်ရောဂါနဲ့ ရွက်ဖုံးခြောက်ရောဂါတွေဖြစ်တော့ ရာသီဥတုက မှိုအကြိုက်ဖြစ်လာရင် ကိုယ့်စပါးခင်းကို နေ့စဉ်စစ်ဆေးမှ လက်ဦးအောင် ကာကွယ်နှိမ်နင်းနိုင်မှာပါ။ မှိုရောဂါတွေဟာ အရွက်၊ ရွက်ဖုံးနဲ့အနှံတွေမှာ အစင်းတွေ၊ အကွက်

    တွေ၊ အပြောက်တွေ၊ ပုပ်တာတွေ၊ ခြောက်တာတွေ ဖြစ်လာတယ်။ နွေမှာ စပါးစိုက်တာမို့မိုးရွာချိန်စိုက်တဲ့ မိုးစပါးလောက်မှိုရောဂါတွေ မကျနိုင်ဘူးလို့ ထင်မှတ်မထားကြပါနဲ့။

    မိုးအကုန် ဆောင်းအကူးကာလနဲ့ ဆောင်းအကုန် နွေအကူးမှာရာသီတွေ ကူးပြောင်းသလို ရာသီဥတုလည်း မိုးရွာ၊နေပူ ပြောင်းလဲလာတတ်လို့ နွေစပါးမှာလည်း မှိုရောဂါတွေဟာ မိုး

    စပါးလိုပဲ ဖြစ်ပွားတတ်ပါသေးတယ်။

    ကိုရဲ(စိုက်ပျိုးရေး)

    မြန်မာတောင်သူကြီးများ ဂျာနယ်

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes7comments1
views171views1998