cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

တစ်ပတ်စာ မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက် (ဧရာဝတီတိုင်းဒေသကြီး)

. ရာသီဥတု သတင်းများ
၂ဝ၂၄ ခုနှစ်၊ ဧပြီလ (၅) ရက်နေ့မှ ဧပြီလ(၁၁) ရက် နေ့အထိ တစ်ပတ်တာ ခန့်မှန်းချက်အနေဖြင့်
  • ဧရာဝတီတိုင်းဒေသကြီးရှိ ဟင်္သာတ၊ အင်္ဂပူ၊ ကြံခင်း၊ လေးမျက်နှာ၊ ဇလွန်၊ လပ္ပတ္တာ၊ မော်လမြိုင်ကျွန်း၊ ဓနုဖြူ၊ မအူပင်၊ ညောင်တုန်း၊ ပန်းတနော်၊ မြောင်းမြ၊ ဝါးခယ်မ၊ ကန်ကျည်းထောက်၊ ကျုံပျော်၊ ငပုတော၊ ပုသိမ်၊ ဒေးဒရဲ၊ ကျိုက်လတ်၊ ဖျာပုံ စသည့် ဖော်ပြပါ မြို့နယ်များတွင် ၂ဝ၂၄ ခုနှစ်၊ ဧပြီလ (၅) ရက်နေ့မှ ဧပြီလ(၁၁) ရက် နေ့အထိ တစ်ပတ်တာ ခန့်မှန်းချက်အနေဖြင့် မိုးရွာရန် (၁၀)ရာခိုင်နှုန်းအောက်သာရှိသဖြင့် ရွာရန် ရာခိုင်နှုန်းအလွန်နည်း ပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။

    စိုက်ပျိုးရေး အကြံပြုချက်

    စပါးလှေးပိုးဖျက်ဆီးမှု လက္ခဏာများ

    - စပါးရွက်များ လိပ်နေလျှင် လှေးပိုးကျရောက်မှုလက္ခဏာ ဖြစ်နိုင်ပါသည်။ လှေးပိုးကျရောက်မှုကို သိရှိနိုင်ရန် လိပ်နေသော အရွက်များအတွင်း လှေးပိုးရှိမရှိ စစ်ဆေးပါ။

    - နို့နှစ်ရောင် ဥများကို စပါးရွက် မျက်နှာပြင်ပေါ်တွင် ရှိ မရှိစစ်ဆေးပါ။ လှေးပိုးဖျက်ဆီးမှုဒဏ် ခံရပါက ရိုးတံများသည် ဖြူဖျော့လာကာ ရွက်ပြားများမှာ အဝါရောင်ဖြစ်လာတတ်ပါသည်။

    မိုးစပါးတွင် ကျရောက်တတ်သော လှေးပိုး ကာကွယ်နှိမ်နှင်းနည်းများ

    - လှေးပိုးအား နှိမ်နှင်းရန် စပါးခင်းအား ၂ရက်ခန့် ရေလွှမ်းပေးပါ။

    - လိပ်ခုံးကျိုင်း၊ ပုစဉ်း၊ ပင့်ကူ၊ ရေနေကြမ်းပိုး၊ နဂျီ စသည်တို့သည် လှေးပိုးများအား တိုက်ဖျက်စားသုံးသော မိတ်ဆွေပိုးများဖြစ်ပါသည်။

    - ရွေ့ပြောင်း စိုက်ပျိုးပြီး ရက် ၃ဝအတွင်း တစ်ပတ်လျှင် ၃ကြိမ် ပုံမှန် စစ်ဆေးပါ။

    - လှေးပိုးကျရောက်ဖျက်ဆီးမှုကို ခန့်မှန်းနိုင်ရန်အတွက် ရေစိုလက်ဖြင့် စပါးပင်၏ ထိပ်ဖျားတွေကို ထိကြည့်သည့်အခါ လက်မှာ လှေးပိုးများတွေ့ရှိရပါက နှိမ်နင်းဖို့ လိုအပ်ပါမည်။

    - ပြာများ ပက်ကြဲပေးပါ။

    - စပါးပင်များအား လှေးပိုးရန်မှ ကာကွယ်ရန် ဖော်ပြပါ ပိုးသတ်ဆေးများအား အသုံးပြုနိုင်ပါသည်။

    ၁။ ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံးတစ်ပုံးလျှင် ဖီပရိုနေးလ် ၅% အက်စ်စီ၊ စားပွဲတင်ဇွန်း (၂-၈) ဇွန်း

    ၂။ ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံးတစ်ပုံးလျှင် အာဘာမက်တင်း ၁.၈% အီးစီ၊ စားပွဲတင်ဇွန်း (ဇွန်းဝက်-၁ဇွန်းခွဲ)

    ၃။ ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံးတစ်ပုံးလျှင် အဆီတာမီပရစ် + လမ်ဒါဆိုင်ဟေလိုသရင် (၅%) ဒဗလျူပီ၊ စားပွဲတင်ဇွန်း (၄-၅) ဇွန်း

    ၄။ ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံးတစ်ပုံးလျှင် ဆိုက်ပါမီသရင် စားပွဲတင်ဇွန်း (၄-၆ ) ဇွန်း

    ၅။ ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံးတစ်ပုံးလျှင် ကာတက်ဟိုက်ဒရို ကလိုရိုက် (၉၅%)အက်စ်စီ စားပွဲတင်ဇွန်း ( ၂-၄) ဇွန်း

    သို့မဟုတ် ဈေးကွက်အတွင်း ဝယ်ယူရရှိနိုင်သာ မှိုသတ်ဆေးထုတ်များတွင် ပါရှိသည့် အညွှန်းအတိုင်း အသုံးပြုနိုင်ပါသည်။

    ငါးအကြံပြုချက်

    ကပ်ပါးကောင်ကြောင့်ဖြစ်တတ်သော ငါးရောဂါများ

    ငါးမွေးတောင်သူများသည် ငါးသန်းများ၊ ပါးဟက်တွင် စွဲကပ်သောကပ်ပါးကောင်များကြောင့် သေဆုံးမှု ကြုံကြရပါသည်။ ကပ်ပါးကောင်ကြောင့် ငါးသန်းရောဂါဖြစ်ရခြင်းမှာ တစ်ဧကတွင် ငါးထည့်သွင်းမွေးရမည့် ပမာဏထက်များပြားခြင်းနှင့် ဩဂဲနစ်မြေဩဇာအသုံးများခြင်းကြောင့် ငါးများတွင် ငါးသန်းကျရောက်ရခြင်း ဖြစ်ပါသည်။ ငါးသန်းကျရောက်သော ငါးများသည် သွေးအားနည်းလာပြီး အင်အားချိနဲ့လာသောကြောင့် သေဆုံးသည်အထိ ကြုံတွေ့ရပါသည်။ ငါးသန်းရောဂါကို (Argulosis) ဖြစ်ပါသည်။ ငါးမွေးတောင်သူများသည် ငါးသန်းများ ၊ပါးဟက်တွင်စွဲကပ်သောကပ်ပါးကောင်များကြောင့်ငါးများ

    ငါးသန်းရောဂါကျရောက်ပါက အမြန်ဆုံးကုသကာကွယ်ရန် လိုအပ်ပါသည်။ ရေသန်းသည် ငါးအချင်းချင်းကူးစက်မှု မြန်ပါသည်။ ကာကွယ်ကုသခြင်းမှာ ငါးသန်းပေါသောကန်များကို ဝါးခြမ်းပြားများချပေးခြင်းဖြင့် ရေသန်းများသည် ဝါးခြမ်းတွင် တွယ်ကပ်စေပြီး၊ အဆိုပါ ဝါးခြမ်းများကိုနေလှန်းပေးပြီး ကန်အတွင်းသို့ ပြန်လည်ချပေးပါ။

    ငါး၏အရေပြားတွင် စွဲကပ်သော ကပ်ပါးပိုးသည် လာနီရေးကပ်ပါးရောဂါ(Lernaesis)ဖြစ်ပါသည်။ သေးသွယ်ရှည်လျှားသောပုံရှိပြီး စွဲကပ်ခံရသော ငါးသည် သွေးထွက်ခြင်း၊ အလေးချိန်လျှော့ခြင်းနှင့် ‌နှေးကွေးစွာ ရေကူးခြင်းများ ရှိပါသည်။

    ကာကွယ်ကုသရန်မှာ ပိုတက်စီယမ်ပါမင်းဂနိတ် ၅မီလီဂရမ်ကို ရေတစ်လီတာတွင် ဖျော်ပြီးငါးကို စိမ်ပေးပါ။ ဆားဖျော်ရည် ၃-၅ %ကို ၁ မိနစ်နစ်ခန့် (သို့) ငါးခံနိုင်သည်အထိ စိမ်ပေးပါ။

    Weather Sorce: CIAT

    -----------------

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes10comments0
views122views3621