cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

“ပူပြင်းတယ့်ရာသီမှာ ခံတွင်းလိုက်စေမယ့် ညောင်ချဉ်ဖူးသုပ်”

. ကျန်းမာရေးဆောင်းပါးများ
ဇလုံတစ်ခုထဲတွင် ညောင်ချဉ်ဖူးများကိုထည့်ပြီး ကြက်သွန်နီ၊ ဖြူဆီချက်၊ ဆား၊ ဟင်းခတ်မှုန့်၊ ငရုတ် သီးစိမ်း၊ ငရုတ်လှော်မှုန့် (နှစ်သက်ပါက ပုစွန်ခြောက်မှုန့်အနည်းငယ်ထည့်နိုင်) တို့နှင့်အတူ ရောပြီး ခပ်ဖွဖွ နယ်ပေးပြီး နှမ်းလှော်ဖြူးပြီး စားသုံးနိုင်ပါပြီခင်ဗျာ။
  • ပါဝင်ပစ္စည်းများ

    ညောင်ချဉ်ဖူး - ၃ ဖူး (နို့ဆီဗူး)

    ကြက်သွန်ဖြူ - ၁၀ တက်

    ကြက်သွန်နီ - ၂ လုံး

    ဆီ - လိုအပ်သလို

    နနွင်းမှုန့် - အနည်းငယ်

    မြေပဲလှော် - ၅ ဇွန်း

    ငရုတ်သီးစိမ်း - ၅ တောင့်

    ငရုတ်လှော်မှုန့် - အနည်းငယ်

    ဆား - အနည်းငယ်

    ဟင်းခတ်မှုန့် - အနည်းငယ်

    ပြုလုပ်နည်း

    လတ်ဆတ်တယ့် ညောင်ချဉ် ဖူးတွေရမယ်ဆိုရင် အဖန်ဓါတ်များ ကုန်သွားသည်အထိ (၂) ရည် (၃)ရည်ခမ်းအောင်ပြုတ်ပေးရပါမည်။

    စျေးထဲမှ ပြုတ်ပြီးသားအဆင်သင့်ရလျှင် (၁) ရည်လောက်ပြုတ်ပေးပါ။ ပြုတ်ပြီးသား ညောင်ချဉ်ဖူးများကို ရေစင်နေအောင် စစ်ထားပါ။

    ကြက်သွန်နီ၊ ဖြူတို့ကို နနွင်းမှုန့်အနည်းငယ်နှင့်အတူ ဆီချက်ပြုလုပ်ပါ။ ပြုတ်ပြီးသား ညောင်ချဉ်ဖူးများ ကို ရေစင်နေအောင် စစ်ထားပါ။

    ရေစင်အောင်စစ်ထားသည့် ညောင်ချဉ်ဖူးများကို ရေကုန်သည်အထိ ညှစ်ချပါ။ မြေပဲလှော်ကို မညက် တညက်ထောင်းပါ။ ငရုတ်သီးစိမ်းကို ပါးပါးလှီးထားပါ။ ရေစင်အောင်စစ်ထားသည့် ညောင်ချဉ်ဖူးများကို ရေကုန်သည်အထိညှစ်ချပါ။ ငရုတ်ဆုံထဲ မွရုံထည့်ပြီးထောင်းပါ။ မွရုံဖြစ်နေသည့် ညောင်ချဉ်ဖူးများကို ဓါးနှင့် ခပ်ပါးပါးလှီးဖြတ်ပါ။

    ဇလုံတစ်ခုထဲတွင် ညောင်ချဉ်ဖူးများကိုထည့်ပြီး ကြက်သွန်နီ၊ ဖြူဆီချက်၊ ဆား၊ ဟင်းခတ်မှုန့်၊ ငရုတ် သီးစိမ်း၊ ငရုတ်လှော်မှုန့် (နှစ်သက်ပါက ပုစွန်ခြောက်မှုန့်အနည်းငယ်ထည့်နိုင်) တို့နှင့်အတူ ရောပြီး ခပ်ဖွဖွ နယ်ပေးပြီး နှမ်းလှော်ဖြူးပြီး စားသုံးနိုင်ပါပြီခင်ဗျာ။

    photo crd

    Source: https://myfoodmyanmar.com/burmese-traditional-dish/

    ---------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes7comments0
views121views1218