cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရက်ဝေးမိုးလေဝသခန့်မှန်းချက် (Long kick) 🌦️🌦️ 🌦️🌦️

. ရာသီဥတု သတင်းများ
၂၀၂၄ ခုနှစ် မြန်မာ့မိုးရာသီအတွက်
  • ၂၀၂၄ မေလတွင် ပုံမှန်မုတ်သုန်လေဝင်ရောက်သည့်ရက်ထက် နှောင့်နှေးကျန့်ကြာနိုင်ပြီး

    မုတ်သုန်လေဝင်ရောက်မှု နောက်ကျနိုင်သည့်အတွက် မေလမှာ ရွာသွန်းမြဲထက်လျော့နည်းနိုင်ကာ pre monsoon precipitation မုတ်သုန်ကြိုမိုးများသာ ရွာသွန်းနိုင်ပါတယ်။

    ဇွန်လမှာ မုတ်သုန်လေဆွဲတင်မည့် လေဖိအားနည်းရပ်ဝန်း သို့မဟုတ် မုန်တိုင်းငယ်တစ်လုံး ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နိုင်သည့်အတွက် မုတ်သုန်လေစတင်ရရှိလာကာ ပုံမှန်မိုးများ စတင်ရရှိလာနိုင်ပါတယ်။

    ဇူလိုင်လ၊ သြဂုတ်လတွေမှာ မုတ်သုန်လေအားကောင်းနိုင်ပြီး ရွာသွန်းမြဲထက် ၂ဆပိုမိုရွာသွန်းနိုင်ပါတယ်။ အထူးသတိထားရမည့်လကတော့ စက်တင်ဘာလဖြစ်ပါတယ်။

    မုတ္တမပင်လယ်ကွေ့အတွင်း လေထုမငြိမ်သက်မှုတွေ ဖြစ်လာနိုင်ပြီး တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းတောင်ပိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းဒေသကြီးတွေမှာ ရွာသွန်းမြဲထက် ၃ဆ ပိုမိုရွာသွန်းနိုင်တဲ့အတွက် ရေကြီးရေလျှံမှုတွေဖြစ်ပေါ်နိုင်ပါတယ်။ အရှေ့လေစီးကြောင်းများက အောက်တိုဘာအတွင်း ဝင်ရောက်မိုးရွာစေနိုင်ပါတယ်။ ဒါကြောင့် ခြုံငုံသုံးသပ်ရမယ်ဆိုရင် မိုးဦးသိပ်မကောင်းနိုင်ပဲ မိုးလယ် မိုးနှောင်းကောင်းမှာဖြစ်တဲ့အတွက် စိုက်ပျိုးရေးသမားများ/ တောင်သူလယ်သမားများ မိုးရာသီစိုက်ပျိုးရာတွင် မည်သည့်သီးနှံ ဘယ်လ၊ ဘယ်အချိန်စိုက်ရမလဲဆိုတာ မျိုးရွေးချယ်နိုင်ကြစေရန်အတွက် ၂၀၂၄ မြန်မာမိုးရာသီ လဝေးခန့်မှန့်မှန်းချက်ကြီးကို ကြိုးစားခန့်မှန်းထုတ်ပြန်ပေးလိုက်တာ ဖြစ်ပါတယ်။

    သင်္ကြန်စာမဟုတ်ပါ

    ခေတ်မီ Meteorological မိုးလေဝသပညာရပ်သာ ဖြစ်ပါတယ်

    share ပေးကြပါ

    ISSUED TIME

    06/04/2024 7:05am(MMT)


    Su Su San မင်း ဂွတ် သီး

    𝙈𝙚𝙩𝙚𝙤𝙧𝙤𝙡𝙤𝙜𝙞𝙘𝙖𝙡 𝘾𝙚𝙣𝙩𝙚𝙧

    𝘾𝙡𝙞𝙢𝙖𝙩𝙤𝙡𝙤𝙜𝙞𝙨𝙩

    𝘼𝙙𝙫𝙖𝙣𝙘𝙚𝙙 𝙒𝙚𝙖𝙩𝙝𝙚𝙧 𝙁𝙤𝙧𝙚𝙘𝙖𝙨𝙩𝙚𝙧

    &

    𝐌𝐞𝐭𝐞𝐨𝐫𝐨𝐥𝐨𝐠𝐢𝐜𝐚𝐥 𝐈𝐧𝐭𝐞𝐥𝐥𝐢𝐠𝐞𝐧𝐜𝐞 𝐎𝐟𝐟𝐢𝐜𝐞𝐫

    -----------------------------

    မိုးလေဝသခန့်မှန်းချက်များ၊ မိုးလေဝသသတင်းများ၊ မိုးလေဝသဆိုင်ရာ စိုက်ပျိုးရေးအကြံပြုချက်များအတွက် ထွက်တိုးကို Like, Share နှင့် Download လုပ်ထားပါ -https://htwettoe.com/download


  • article
likes11comments1
views181views1116