cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

တစ်ပတ်စာ မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက် (ပဲခူးတိုင်းဒေသကြီး)

. ရာသီဥတု သတင်းများ
စိုက်/မွေး အကြံပြုချက်
  • ပဲခူးတိုင်းဒေသကြီးရှိ လက်ပံတန်းမြို့နယ်၊ မိုးညိုမြို့နယ်၊ သာယာဝတီမြို့နယ်

    ပဲခူးတိုင်းဒေသကြီးရှိ ဖော်ပြပါ မြို့နယ်များတွင် ၂ဝ၂၄ ခုနှစ်၊ ဧပြီလ (၈) ရက်နေ့မှ (၁၄) ရက် နေ့အထိ တစ်ပတ်တာ ခန့်မှန်းချက်အနေဖြင့် မိုးရွာရန် (၁၀)ရာခိုင်နှုန်းအောက်သာရှိပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။


    စိုက်ပျိုးရေးအကြံပြုချက်

    စပါးလှေးပိုးဖျက်ဆီးမှု လက္ခဏာများ

    - စပါးရွက်များ လိပ်နေလျှင် လှေးပိုးကျရောက်မှုလက္ခဏာ ဖြစ်နိုင်ပါသည်။ လှေးပိုးကျရောက်မှုကို သိရှိနိုင်ရန် လိပ်နေသော အရွက်များအတွင်း လှေးပိုးရှိမရှိ စစ်ဆေးပါ။

    - နို့နှစ်ရောင် ဥများကို စပါးရွက် မျက်နှာပြင်ပေါ်တွင် ရှိ မရှိစစ်ဆေးပါ။ လှေးပိုးဖျက်ဆီးမှုဒဏ် ခံရပါက ရိုးတံများသည် ဖြူဖျော့လာကာ ရွက်ပြားများမှာ အဝါရောင်ဖြစ်လာတတ်ပါသည်။

    မိုးစပါးတွင် ကျရောက်တတ်သော လှေးပိုး ကာကွယ်နှိမ်နှင်းနည်းများ

    • လှေးပိုးအား နှိမ်နှင်းရန် စပါးခင်းအား ၂ရက်ခန့် ရေလွှမ်းပေးပါ။
    • လိပ်ခုံးကျိုင်း၊ ပုစဉ်း၊ ပင့်ကူ၊ ရေနေကြမ်းပိုး၊ နဂျီ စသည်တို့သည် လှေးပိုးများအား တိုက်ဖျက် စားသုံး သော မိတ်ဆွေပိုးများဖြစ်ပါသည်။
    • ရွေ့ပြောင်း စိုက်ပျိုးပြီး ရက် ၃ဝအတွင်း တစ်ပတ်လျှင် ၃ကြိမ် ပုံမှန် စစ်ဆေးပါ။
    • လှေးပိုးကျရောက်ဖျက်ဆီးမှုကို ခန့်မှန်းနိုင်ရန်အတွက် ရေစိုလက်ဖြင့် စပါးပင်၏ထိပ်ဖျားတွေကို ထိကြည့်သည့်အခါ လက်မှာ လှေးပိုးများတွေ့ရှိရပါက နှိမ်နင်းဖို့ လိုအပ်ပါမည်။
    • ပြာများ ပက်ကြဲပေးပါ။

    - စပါးပင်များအား လှေးပိုးရန်မှ ကာကွယ်ရန် ဖော်ပြပါ ပိုးသတ်ဆေးများအား အသုံးပြုနိုင်ပါသည်။

    ၁။ ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံးတစ်ပုံးလျှင် ဖီပရိုနေးလ် ၅% အက်စ်စီ၊ စားပွဲတင်ဇွန်း (၂-၈) ဇွန်း

    ၂။ ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံးတစ်ပုံးလျှင် အာဘာမက်တင်း ၁.၈% အီးစီ၊ စားပွဲတင်ဇွန်း (ဇွန်းဝက်-၁ဇွန်းခွဲ)

    ၃။ ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံးတစ်ပုံးလျှင် အဆီတာမီပရစ် + လမ်ဒါဆိုင်ဟေလိုသရင် (၅%) ဒဗလျူပီ၊ စားပွဲတင်ဇွန်း (၄-၅) ဇွန်း

    ၄။ ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံးတစ်ပုံးလျှင် ဆိုက်ပါမီသရင် စားပွဲတင်ဇွန်း (၄-၆ ) ဇွန်း

    ၅။ ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံးတစ်ပုံးလျှင် ကာတက်ဟိုက်ဒရို ကလိုရိုက် (၉၅%)အက်စ်စီ စားပွဲတင် ဇွန်း ( ၂-၄) ဇွန်း

    သို့မဟုတ် ဈေးကွက်အတွင်း ဝယ်ယူရရှိနိုင်သာ မှိုသတ်ဆေးထုတ်များတွင် ပါရှိသည့် အညွှန်းအတိုင်း အသုံးပြုနိုင်ပါသည်။

    ငါး/ပုဇွန် ကန်များအတွက်အကြံပြုချက်

    ရာသီဥတု ပူလာပြီဖြစ်သည့်အတွက် အောက်ပါအချက်တွေဆောင်ရွက်ဖို့ အကြံပြုတိုက်တွန်း လိုပါတယ် ခင်ဗျာ။

    • ရာသီဥတုပူလာသဖြင့် အပူချိန်ရုတ်တရက်ပြောင်းလဲသွားခြင်း(Shock)မဖြစ်စေရန် ဂရုပြုရန်၊
    • ငါးရောဂါများ (ဥပမာ- ငါးအနီစက်ရောဂါ)ကျနိုင်သဖြင့် ဂရုစိုက်ရန်၊
    • ငါးသားဖောက်ကန်များ အစာကို အလေးထားကျွေးရန်၊
    • ရေချဉ်ဖန်နှုန်းစစ်ဆေးပေးရန်၊
    • အမိုးနီးယားပမာဏကို စစ်ဆေးပေးရန်၊

    Weather Source: CIAT

    ------------------

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes7comments0
views91views1539