cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

သင်္ကြန်ပွဲတော်အကြောင်း ( သမိုင်း)

. ဗဟုသုတ
သင်္ကြန်ကျခြင်း။ ။ သင်္ကြန်ကျချိန်သည် တနင်္ဂနွေ ဖုဋဂြိုဟ်စင် မိဿရာသီဝင်ချိန်ဖြစ်သည်။

သင်္ကြန်တက်ခြင်း။ ။ သင်္ကြန်တက်ချိန်သည် တနင်္ဂနွေ မဓျဂြိုဟ် မိဿရာသီဝင်ချိန်ဖြစ်သည် ။

သင်္ကြန်အကြတ်ရက်။ ။ တနင်္ဂနွေ ဖုဋဂြိုဟ်စင် မိဿရာသီဝင်ချိန် မှ တနင်္ဂနွေ မဓျဂြိုဟ် မိဿရာသီဝင်ချိန်ထိ ကြားကာလမှာ သင်္ကြန်ကာလဖြစ်၏။
  • ရှေးအခါက ‘ကဝါလမိုင်းဆရာကြီး’ သည် လောကီဗေဒင်အရာ၌ အလွန်တတ်ကျွမ်းသောကြောင့် လူ့ပြည်၊ နတ်ပြည်တို့တွင် ကျော်ကြားလေသည် ။ သိကြားမင်းနှင့် ‘အာသီ’ အမည်ရှိ ဗြဟ္မာမင်းတို့သည် တစ်နှစ်ပတ်လုံး၌ မင်္ဂလာအခါ မပြုကောင်း သောရက်နှင့် ပတ်သက်၍ အငြင်းအခုံ ဖြစ်ကြ၏ ။ ဗြဟ္မာမင်းက သက္ကရာဇ်ကိုတည်၊ သုံးဖြင့်မြှောက်။ တစ်ဆယ့်နှစ် ဖြင့်စား ။ ကြွင်းသော ရက်သည် အခါမပြုကောင်း သောရက် ဖြစ်သည်ဟုဆို၏ ။ သိကြားမင်းက သက္ကရာဇ်ကို တည်၊ ခုနစ်ဖြင့်စား ။ ကြွင်းသောရက်သည် အခါမပြုကောင်းသောရက် ဖြစ်သည်ဟု ဆို၏ ။ သိကြားမင်းနှင့် ဗြဟ္မာမင်းတို့ အငြင်းအခုံ ဖြစ်ရာ ရှုံးသူက ဦးခေါင်းဖြတ်ခံမည်ဟု ကတိပြုကြပြီး လူ့ပြည်သို့ သက်ဆင်း၍ ကဝါလမိုင်း ဆရာကြီးကိုမေးမြန်းကာ ဆုံးဖြတ်စေသည်။ ဆရာကြီးပြောသည့် အတိုင်း သိကြားမင်းနှင့် ဗြဟ္မာမင်းတို့လည်း စကြာဝဠာ တံတိုင်းသို့ သွားကြည့်ကြရာ သိကြားမင်း၏ ဆိုစကားသည် အမှန်ဖြစ်၏ ။ထို့ကြောင့် ဗြဟ္မာမင်း၏ ဦးခေါင်းကို သိကြားမင်းက စက်ဖြင့်ဖြတ်ပြီးကြွင်းသော ဗြဟ္မာကိုယ်တွင် ‘ပိင်္ဂလ’ ဆင်၏ ဦးခေါင်းကို ဖြတ်၍တပ်ကာ ရေစင်ဖြန်းသဖြင့် အသက်ဝင်လာရာ မဟာပိန္နဲနတ် ဟူ၍ ဖြစ်လာလေသတည်း ။ သိကြားမင်းဖြတ်၍ လွင့်စဉ်သွားသော ဦးခေါင်းကို ကောက်ယူကာ တာဝတိံသာ နတ်ပြည်သို့ တက်ပြီးလျှင် နတ်သမီး ခုနစ်ဖော်တို့ကို ရွေးချယ်၍ အပ်နှင်းသဖြင့် နတ်သမီး ခုနစ်ယောက်တို့သည် တလှည့်စီ ကိုင်ကာ အလှည့်ကျ စောင့်ကြရလေသည် ။ ဗြဟ္မာမင်း၏ ဦးခေါင်းကို အလှည့်စေ့သည့်အတွက် နတ်သမီး တစ်ပါးမှသည် အခြား နတ်သမီးတစ်ပါးသို့ ပြောင်းသည်ကို အစွဲပြု၍ သက္ကရာဇ်ဦးခေါင်း ပြောင်းသည် ဟု ခေါ်စမှတ် ပြုကြလေသည် ။သင်္ကြန်ဟူသည် သက္ကဋဘာသာ သင်္ကရန္တိ အဓိပ္ပါယ်မှ ဆင်းသက်လာပြီး ‘ကူးပြောင်းခြင်း’ ဟု အဓိပ္ပါယ်ရပါသည် ။ ထိုမှ သင်္ကရန္တိ-သင်္ကန္တြ -သင်္ကြန် ဟုရွေ့လျောလာ ခြင်းဖြစ်သည် ။ ဂြိုဟ်အပေါင်းတို့ ၏မိခင်ဖြစ်သော တနင်္ဂနွေဂြိုဟ် ကိုအလေးဂရုပြု ၍ နှစ် ၊ လ ၊ရက်တို့ ကိုမှတ်သားကြ သောကြောင့် တနင်္ဂနွေဂြိုဟ် ပြောင်းရွှေ့ကူးပြောင်းခြင်းကို သာလျှင် "သင်္ကြန်"ဟု လည်းကောင်း ၊ "သင်္ကြန်ကြီး- မဟာသင်္ကြန်" ဟုလည်းကောင်း အလေးအမြတ်ပြုလျက် သင်္ကြန်ပွဲတော် ဆင်နွှဲကျင်းပ ကြပါတယ် ။ သင်္ကြန်ကျပြီဆိုလျှင် ရှေးမြန်မာမင်းများ လက်ထက်က ငွေဖလားတွင် ရေကြည်ရေအေး သို့မဟုတ်အမွေးနံ့သာ ထုံရည်များကို အပြည့်ဖြည့်၍ သပြေခက်ဖြင့် တစ်ဦးကို တစ်ဦးရေပက်ခြင်း ၊ ရေကစားခြင်း ပြုခဲ့ကြသည်။

    ➢ သင်္ကြန်စာ မြန်မာပြက္ခဒိန်သည် သင်္ကြန်စာနှင့် ဆက်စပ်နေသည် ။ သင်္ကြန်စာတွင် ဖော်ပြထားသော သင်္ကြန်ကျချိန် ၊ တက်ချိန် ၊ နှစ်ဆန်းချိန် တို့အရ မြန်မာပြက္ခဒိန်တွင်ဖြည့်ရသည့်အတွက် သင်္ကြန်စာသည် အရေးကြီး၏ ။ သင်္ကြန်စာတွင် သင်္ကြန်ကျချိန် ၊ တက်ချိန်ဂြိုဟ်ခွင်များအောက် ဘယ်ဘက်တွင် နတ်သမီးတစ်ဦး ဗြဟ္မာမင်း ဦးခေါင်းကိုင်နေပုံ နှင့် ညာ ဘက်တွင် တနင်္ဂနွေဂြိုဟ်မင်း (သင်္ကြန်မင်းဟုလည်း ခေါ်ပါသည် ။ သိကြားမင်းမဟုတ်ပါ ။) စီးတော်ယာဉ် တစ်မျိုးမျိုး စီးလျှက် ဆင်းလာပုံကို ဖော်ပြထားပါသည် ။ ယခင်က သင်္ကြန်စာများ တွင်မူ နတ်သမီးတစ်ဦးက ဗြဟ္မာမင်း ဦးခေါင်းကို လှမ်းပေးနေပုံ ၊ နတ်သမီး တစ်ဦးကယူနေပုံ ၊ အခြားနတ်သမီး တစ်ဦးက စောင့်နေပုံတို့ကိုပါ ထည့်သွင်း ရေးဆွဲပါသည်။သင်္ကြန် အဟောများကိုလည်း နေ့ခုနစ်နေ့အလိုက် တနင်္ဂနွေဂြိုဟ်မင်း ဝတ်ဆင်သည့် အဝတ်အစား အရောင် ၊ ဝင်ရာထောင့် ၊ စီးသောယာဉ် ၊ ကိုင်ဆောင်ရာပစ္စည်း ၊ လက်အနေအထား ၊ နတ်သမီး တို့က ဗြဟ္မာမင်းဦးခေါင်းကို လက်ခံသည့် အမူအရာ ၊ စီးသောယာဉ် အစရှိသည်တို့ကို မူတည်ကာ ထုတ်ထားသော ဟောချက်များပင် ဖြစ်ပါသည် ။တနင်္ဂနွေ ဂြိုဟ်မင်းဟူသည် နေလုံးကြီးကိုတင်စား ခေါ်ခြင်းဖြစ်၏။

    ➢ အကျဉ်းချုပ်သော် သင်္ကြန် = သင်္ကန္တ = ကူးပြောင်းခြင်း ။ နေလနက္ခတ်တာရာတို့ တစ်နေရာမှ တစ်နေရာ ၊ တစ်ရာသီမှ တစ်ရာသီသို့ ကူးပြောင်းခြင်းကိုခေါ်သည် ။ မြန်မာတို့ ရိုးရာကျင်းပသော သင်္ကြန်မှာ တနင်္ဂနွေဂြိုဟ် (နေမင်း) သည် မိန်ရာသီအဆုံးမှ မိဿရာသီအစသို့ ကူးပြောင်း ဝင်ရောက်သည့် အချိန်ဖြစ်သည်။

    သင်္ကြန်ကျခြင်း။ ။ သင်္ကြန်ကျချိန်သည် တနင်္ဂနွေ ဖုဋဂြိုဟ်စင် မိဿရာသီဝင်ချိန်ဖြစ်သည်။

    သင်္ကြန်တက်ခြင်း။ ။ သင်္ကြန်တက်ချိန်သည် တနင်္ဂနွေ မဓျဂြိုဟ် မိဿရာသီဝင်ချိန်ဖြစ်သည် ။

    သင်္ကြန်အကြတ်ရက်။ ။ တနင်္ဂနွေ ဖုဋဂြိုဟ်စင် မိဿရာသီဝင်ချိန် မှ တနင်္ဂနွေ မဓျဂြိုဟ် မိဿရာသီဝင်ချိန်ထိ ကြားကာလမှာ သင်္ကြန်ကာလဖြစ်၏။ ယနေ့လက်ခံထားသောထိုကာလမှာ ၂ ရက် ၄ နာရီ ၄ မိနစ် ၅၁ စက္ကန့် ဖြစ်၏ ။ (၂ ရက် ၄ နာရီ ၄ မိနစ် စက္ကန့် ၄၀ ဟုလည်း အချို့နေရာများတွင် ဖော်ပြထားသည်။) ************* ဒုတိယအကြတ် ။ ။ တနင်္ဂနွေ ဖုဋဂြိုဟ်စင် မိဿရာသီဝင်ချိန် သည် ည ၇ နာရီ ၅၅ မိနစ်၊ စက္ကန့် ၂၀ နှင့် ထိုအချိန်ထက် နောက်ကျသောကြောင့် အကြတ် (၂)ရက် ထားပေးရပါသည် ။ သို့ဖြစ်၍ ဒုတိယ အကြတ်နေ့ ဖြစ်လာရပါသည် ။ ****

    နှစ်ဆန်းတစ်ရက်နေ့။ ။ မြန်မာသက္ကရာဇ် နှစ်တစ်နှစ်၏ အစနေ့ဖြစ်သည်။ သူရိယနေမင်းသည် မိန်ရာသီမှ သာယန မိဿရာသီသို့ ကူးပြောင်းဝင်ရောက်ပြီးသည်၏ နောက်တစ်ရက် ဖြစ်သည်။ ကူးပြောင်းဝင်ရောက်ချိန်မှာ သင်္ကြန် အတက်နေ့ ဖြစ်သည်။

    ဦးတန်ခူး။ ။ ၁၃၇၄ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့သည် တန်ခူးလဆုတ် ၁၁ ရက်နေ့ဖြစ်၏ ။ ထိုအခါ တန်ခူးလဆုတ် ၁၁ ရက်နေ့မှ တန်ခူးလကွယ် နေ့ထိရက်များသည် နှစ်သစ်ဖြစ်သော ၁၃၇၄ ခုနှစ်မှရက်များဖြစ်ပြီး ထိုရက်များကို ဦးတန်ခူး ဟု ခေါ်သည်။ ဥပမာ - ၁၃၇၄ ခုနှစ် ဦးတန်ခူးလဆုတ် ၁၃ ရက် ။

    နှောင်းတန်ခူး။ ။ ၁၃၇၄ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့သည် တန်ခူးလဆုတ် ၁၁ ရက်နေ့ဖြစ်၏။ ထိုအခါ တန်ခူးလဆန်း ၁ ရက်နေ့မှ တန်ခူးလဆုတ် ၁၀ ရက်နေ့ထိရက်များသည် နှစ်ဟောင်းဖြစ်သော ၁၃၇၃ ခုနှစ်မှရက်များဖြစ်ပြီး ထိုရက်များကို နှောင်းတန်ခူး ဟု ခေါ်သည်။ ဥပမာ - ၁၃၇၃ ခုနှစ် နှောင်းတန်ခူးလဆန်း ၁၂ ရက်။

    သာယန။ ။ နေသွားခြင်းကို မူတည်တွက်ချက်သော နှစ်လရက်၊ ပြက္ခဒိန်များ။ သာယနသည် နက္ခတ်စက် အရွေ့ကို ထည့်သွင်းတွက်ချက်သည်။

    နိရာယန။ ။ နက္ခတ်စက်၏ ရွေ့လျားခြင်းကို ထည့်မတွက်ဘဲထားသော တစ်နည်းအားဖြင့် အာယနအံသာ မပါသော ပြက္ခဒိန်။ မြန်မာပြက္ခဒိန်သည် နိရာယနပြက္ခဒိန်ဖြစ်သည်။

    သင်္ကြန်တွင်းမှာ၊ ရှောင်ကြဉ်ရာ၊ ၁၀ ဖြာတရားစု

    ၁) ရုဒ - ငိုကြွေးပူဆွေးခြင်း

    ၂) မေထုန်န - မေထုန်သံဝါသပြုခြင်း

    ၃) မံသ - အသားဟင်းလျာ စားသောက်ခြင်း

    ၄) သူရာ - သေရည်သေရက် သောက်စားမူးယစ်ခြင်း

    ၅) ကောဓ - အမျက်ဒေါသထွက်ခြင်း၊ သတ်ပုတ်ခြင်း

    ၆) ရုဓိရ - သွေးဖောက်၊ သွေးထုတ်ခြင်း

    ၇) တေလိက - ဆီလိမ်း၊ ဆေးလိမ်းခြင်း

    ၈) ရုက္ခေဆ - သစ်ပင်ခုတ်ဖြတ်ခြင်း၊ ခုတ်လှဲခြင်း၊ ထင်းခုတ်ခွဲခြင်း

    ၉) ကိဏ - ဝယ်ယူခြင်း၊ ကျီသွင်းခြင်း

    ၁၀) ဝိက္ကဏ - ရောင်းခြင်း၊ ဆိုင်ထွက်ခြင်း

    ကိုးကား ။ ဦးအုန်းကြိုင် မြန်မာ ပြက္ခဒိန် သုတေသနကျမ်း။

    ဦးအေးငြိမ်း မြန်မာ ပြက္ခဒိန် တွက်နည်း ။

    အင်တာနက် ။

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes10comments0
views257views1629