cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပူပြင်းတဲ့ ရာသီဥတုနှင့် အပူလျှပ်ခြင်း

. ကျန်းမာရေးဆောင်းပါးများ
အပူလျှပ်တာကို ဘယ်လိုကာကွယ်မလဲ
  • အပူလျှပ် ခြင်း

    အပူလျှပ်တယ်ဆိုတာက ခန္ဓာကိုယ် အပူချိန် အရမ်းမြင့်တက်လာတာကြောင့်ပါ။ အပူဒဏ်ကို အချိန်ကြာမြင့်စွာ ထိတွေ့တာ၊ ပူပြင်းတဲ့အခြေအနေမှာ လှုပ်ရှားမှုတွေ ပြင်းပြင်းထန်ထန်လုပ်ဆောင်မှုကြောင့် ခန္ဓာကိုယ်အပူချိန် မြင့်တက်တဲ့အခါမျိုးမှာ တွေကြုံရတဲ့ အခြေအနေတစ်ရပ်ပါ။ ခန္ဓာကိုယ်အပူချိန် ၁၀၄ ဒီဂရီ ဖာရင်ဟိုက် ဒါမှမဟုတ် ဒီအပူချိန်ထက်မြင့်တက်နေတာမျိုးဖြစ်နိုင်ပါတယ်။ နွေရာသီရဲ့လတွေမှာ အများဆုံးဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးအခြေအနေတစ်ရပ်ပါ။

    အပူလျှပ်တဲ့အခါမှာ အရေးပေါ်ပြုစုကုသမှု လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။ မကုသဘဲ သတိလက်လွတ်ထားလိုက်မယ်ဆိုရင် အပူလျှပ်တာကြောင့် ဦးနှောက်၊ နှလုံး၊ ကျောက်ကပ်နဲ့ ကြွက်သားတို့ဟာ အချိန်တိုအတွင်းမှာ ထိခိုက်ပျက်စီးသွားနိုင်ပါတယ်။ ဒါတွေတင် မကသေးပါဘူး။ ပြင်းထန်တဲ့ နောက်ဆက်တွဲဝေဒနာတွေနဲ့ အသက်သေဆုံးတာမျိုး အထိဖြစ်နိုင်ပါတယ်။

    အပူလျှပ်ရင် ဒီလိုလက္ခဏာတွေတွေ့ရနိုင်ပါတယ်

    အခုလိုလက္ခဏာတွေတွေ့ရပြီဆိုရင်တော့ အပူလျှပ်တာကို ခံစားနေရတာပါ။

    -ခန္ဓာကိုယ်အပူချိန် များနေမယ် – ခန္ဓာကိုယ်အပူချိန်က ၁၀၄ ဒီဂရီဖာရင်ဟိုက် ( ၄၀ ဒီဂရီ စင်တီဂရိတ်) ဒါမှမဟုတ် ဒီအပူချိန်ထက် ပိုမြင့်နေတာမျိုး ဖြစ်နေမယ်ဆိုရင်တော့ အပူလျှပ်နေပြီဆိုတာကို မြင်သာတဲ့ လက္ခဏာတစ်ခုပါ။

    -စိတ်အခြေအနေနဲ့ အပြုအမူပြောင်းလဲလာမယ် – အာရုံတွေ ရှုပ်ထွေးမယ်၊ စိတ်တွေ အရမ်းလှုပ်ရှားနေမယ်၊ စကားတွေလုံးနေမယ်၊ ခြေကုန်လက်ပမ်းကျနေမယ်၊ စိတ်ဂနာမငြိမ်ဖြစ်မယ်၊ တက်မယ်။

    -မအီမသာဖြစ်ပြီး အော့အန်နေမယ် – ဗိုက်ထဲမှာ နေလို့မကောင်းဖြစ်ပြီး အော့အန်ချင်သလိုလို ဖြစ်နေမယ်။

    -အရေပြားတွေ ပူစပ်ပူလောင်ဖြစ်မယ် – ခန္ဓာကိုယ်အပူချိန် မြင့်တက်လာမှုနဲ့အတူ အရေပြားတွေ ပူစပ်ပူလောင်ဖြစ်လာနိုင်ပါတယ်။ ချွေးမထွက်ဘဲ အသားတွေ ပူခြစ်နေမယ်။

    အသက်ရှူ မြန်လာမယ် – အသက်ရှူမဝသလိုလိုဖြစ်ပြီး အသက်ရှူနှုန်း အရမ်းမြန်လာနိုင်ပါတယ်။

    -နှလုံးခုန်မြန်လာမယ် – အပူချိန်မြင့်တက်မှုကြောင့် နှလုံးက ခန္ဓာကိုယ်အပူချိန်လျှော့သွားအောင် ကြိုးစားလုပ်ဆောင်ချိန်မှာ နှလုံးခုန်နှုန်းက အရမ်းမြန်လာနိုင်ပါတယ်။

    -ခေါင်းကိုက်လာမယ် – အပူချိန်မြင့်တက်မှုနဲ့အတူ ခေါင်းကိုက်ဝေဒနာကို ခံစားရနိုင်ပါတယ်။

    နောက်ဆက်တွဲဖြစ်လာနိုင်တဲ့အခြေအနေတွေ

    အပူလျှပ်တဲ့အခါ ခန္ဓာကိုယ်မှာ အပူချိန်ဘယ်လောက်ထိမြင့်တက်လဲဆိုတာနဲ့ အချိန်ဘယ်လောက်ကြာကြာအထိ မြင့်တက်ခဲ့လဲဆိုတဲ့အပေါ်မှာ မူတည်ပြီး နောက်ဆက်တွဲအခြေအနေတွေက ဆိုးရွားပြင်းထန်နိုင်ပါတယ်။

    -ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ထိခိုက်ပျက်စီးမယ် – အပူလျှပ်တဲ့အချိန်မှာ ခန္ဓာကိုယ် အပူချိန်ကို မြန်မြန်ကျအောင် မလုပ်ဆောင်နိုင်ဘူးဆိုရင် အပူလျှပ်တာရဲ့ နောက်ဆက်တွဲအနေနဲ့ ဦးနှောက်နဲ့ အခြားအရေးပါတဲ့ အစိတ်အပိုင်းတွေ ရောင်ရမ်းပြီး လုံးဝထိခိုက်ပျက်စီးသွားတာမျိုး ကြုံရနိုင်ပါတယ်။

    -သေဆုံးမယ် – ချက်ချင်းကုသမှု မရရင်ဖြစ်ဖြစ်၊ လုံလောက်တဲ့ ကုသမှုမရရင် ဖြစ်ဖြစ် အပူလျှပ်တာကြောင့်သေဆုံးနိုင်ပါတယ်။

    အပူလျှပ်တာကို ဘယ်လိုကာကွယ်မလဲ

    အပူလျှပ်တာက ကာကွယ်လို့ရတဲ့ အခြေအနေတစ်ခုပါ။ ပူပြင်းတဲ့ ရာသီဥတုအခြေအနေကြောင့် အပူလျှပ်တာမျိုး မဖြစ်စေဖို့ ဒီနည်းလမ်းလေးတွေသုံးပြီး ကြိုတင်ကာကွယ်သင့်ပါတယ်။

    -အင်္ကျီအရောင်ဖျော့ဖျော့၊ ပွပွချောင်ချောင်တွေ ဝတ်ပါ – အင်္ကျီတွေကို ခပ်ကျပ်ကျပ်ဝတ်ဆင်တာက ခန္ဓာကိုယ်အပူချိန်ကို တိုးစေနိုင်ပါတယ်။

    -နေလောင်ဒဏ်ကနေ ကာကွယ်ပါ -နေလောင်တာကလည်း ခန္ဓာကိုယ်အပူချိန်ကို တိုးစေနိုင်ပါတယ်။ ဒါကြောင့် နွေရာသီမှာ အပြင်ထွက်တော့မယ်ဆိုရင် ထီးတို့၊ ဦးထုပ်တို့ ယူသွားတာမျိုးလုပ်ပေးပါ။ နေလောင်ကာခရင်မ်လူးပေးပါ။ ချည်သားအဝတ်ပွပွတွေ ဝတ်ဆင်ပေးပါ။ နေကာမျက်မှန်ဝတ်ဆင်ပေးပါ။

    -အရည်များများသောက်ပါ –ရေဓာတ်ပြည့်ဝနေမှုက ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။ ဒါကြောင့် နွေပူပူမှာ အရည်များများသောက်ပေးပါ။

    -ဆေးဝါးသောက်သုံးတဲ့အခါ သတိထားပါ -ဆေးဝါးတွေ သောက်သုံးနေရသူတွေအနေနဲ့လည်း ရေများများသောက်တာ၊ အပူရှောင်တာမျိုးတွေ လုပ်ပေးသင့်ပါတယ်။ နောက်တစ်ချက်က သတိထားရမယ့် အချက်တွေရှိ၊မရှိကို ဆရာဝန်နဲ့မေးမြန်းရမှာပါ။

    -လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန်မလုပ်ပါနဲ့ -နွေပူတဲ့အခါ အလုပ်တွေကို ပင်ပင်ပန်းပန်းမလုပ်သင့်သလို လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန်လုပ်တာမျိုးကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ ဒီလိုလုပ်တာက ခန္ဓာကိုယ်အပူချိန်ကို တိုးစေပြီး အပူလျှပ်တာ ဖြစ်နိုင်ခြေ တိုးစေနိုင်ပါတယ်။

    ဆောင်းပါးရှင် : Hello ဆရာဝန်

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
  • article
  • article
likes10comments0
views143views1412