cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ငါးမြစ်ချင်းမွေးမြူရာတွင် ရှိသင့်သော ကန်ရေအရည်အသွေး

. ငါးမွေးမြူရေးဆောင်းပါးများ
တစ်ဧကတွင် ငါးသားပေါက် ၃၀၀၀ အထက် ထည့်သွင်းမွေးမြူကြသူများသည် ကန်ရေ၏ အရည်အသွေးစစ်ဆေးခြင်းကို ဆောင်ရွက်မှသာလျှင် ငါးကြီးထွားနှုန်းနှင့် အစာကျွေးခြင်းလုပ်ငန်းများကို တွက်ချက်ခန့်မှန်းနိုင်ပါမည်။
  • ငါးမွေးတောင်သူအများစုသည် ကန်ရေဩဇာရရှိစေရန် ဆောင်ရွက်ကြပြီး၊ ကန်ရေ၏အရည် အသွေးစစ်ဆေးခြင်းလုပ်ငန်းကို ဆောင်ရွက်သူနည်းပါးကြပါသည်။ ကန်ဖြင့်ငါးမွေးမြူခြင်းလုပ်ငန်းတွင် ငါးကန်၏ ရေအရည်အသွေးကို စစ်ဆေးရန်လုပ်ငန်းသည် လုပ်ငန်းအောင်မြင်စေရန် ငါးကြီးထွားနှုန်း နှင့် ကန်တွင် ရောဂါကျရောက်ခြင်းကို ကြိုတင်ကာကွယ်နိုင်ပါသည်။ တစ်ဧကတွင် ငါးသားပေါက် ၃၀၀၀ အထက် ထည့်သွင်းမွေးမြူကြသူများသည် ကန်ရေ၏ အရည်အသွေးစစ်ဆေးခြင်းကို ဆောင်ရွက်မှသာလျှင် ငါးကြီးထွားနှုန်းနှင့် အစာကျွေးခြင်းလုပ်ငန်းများကို တွက်ချက်ခန့်မှန်းနိုင်ပါမည်။

    ကန်အတွင်းမွေးမြူထားသော ငါးများသည် ကန်ရေ အရည်အသွေးကောင်းမွန်ပါက သွားလာ လှုပ် ရှားခြင်း၊ အစာစားခြင်း၊ ရောဂါ ကျရောက်မှုနည်းပါးခြင်းနှင့် ငါးများအပေါ် ဖိစီးမှုနည်းခြင်းများ ဖြစ်ပေါ် စေပါသည်။ ငါးကန် အရည်အသွေးကျဆင်းပါက အစာစားနှုန်းကျဆင်းပြီး ငါးများတွင် အင်အားချိနဲ့လာပါ သည်။ ထို့အပြင် ငါးများအပေါ် ဖိစီးမှုများ ရှိလာပြီး ရောဂါဝင်ရောက်မှုလည်း မြန်ဆန်လာပါသည်။ ငါးမွေး မြူရေးလုပ်ငန်းစဉ်တွင် ရေ၏ချဉ်ဖန်နှုန်းသည် ၆ မှ ၉ အတွင်းမွေးမြူနိုင်ခြင်း နှင့် ကန်ရေ၏အပူချိန်သည် ၂၅ ဒီဂရီစင်တီဂရိတ်မှ ၃၂ဒီဂရီစင်တီဂရိတ်အတွင်း ရှိရပါမည်။ ရေကြည်နှုန်းသည် ၁၂လက်မမှ ၁၈လက်မ အတွင်း ရှိရမည်ဖြစ်ပြီး ၊ ပျော်ဝင်အောက်စီဂျင်သည် ၃ပီပီအမ်မှ ၅ပီပီအမ် အတွင်းရှိရမည်ဟု သတ်မှတ်ကြပါသည်။

    ငါးမြစ်ချင်းငါးမျိူးစိတ်အတွက် ရေ၏ချဉ်ဖန်နှုန်းသည် ၆.၅ မှ ၈.၅ အတွင်းသာမွေးမြူရန်အကောင်း ဆုံးအနေအထားဖြစ်ပါသည်။ ကန်ရေ အပူချိန်သည် ၂၀ ဒီဂရီစင်တီဂရိတ်မှ ၂၇ ဒီဂရီစင်တီဂရိတ်အတွင်းတွင် ငါးမြစ်ချင်းငါးအတွက် အကောင်းဆုံးအနေအထားဖြစ်ပါသည်။ ကန်ရေ၏ ရေကြည်နှုန်းသည် ၁၂လက် မှ ၁၆ လက်မအတွင်း ရှိသင့်ပြီး ပျော်ဝင် အောက်စီဂျင်သည် ၄ ပီပီအမ် အထက်ရှိနေပါက ငါးမြစ်ချင်း ငါးတွင် အစာစားခြင်း၊ ကျန်းမာခြင်းနှင့် ပုံမှန် အသားတိုးတက်လာခြင်းများ ရှိလာသည့်အပြင် ရောဂါကျ ရောက်မှုမှလည်း ကင်းဝေးနိုင်ပါသည်။ ထို့ကြောင့် ငါးမွေးတောင်သူများသည် ကန်ရေ အရည်အသွေးကို ပုံမှန်စစ်ဆေးပေးရန် အကြံပြုတိုက်တွန်းအပ်ပါသည်။

    ကန်ရေအရည်အသွေးကို စစ်ဆေးရာတွင် နေ့စဉ်ဆောင်ရွက်သင့်သော လုပ်ငန်းစဉ်မှာ ရေချဉ်ဖန် နှုန်းနှင့် အပူချိန် တိုင်းတာခြင်းလုပ်ငန်း ဖြစ်ပါသည်။ အဆိုပါ ကန်ရေ စစ်ဆေးခြင်း လုပ်ငန်းနှစ်ခုမှ ရရှိသော အဖြေများသည် မိမိကန်၏ ကန်ရေ အရည်အသွေး ကျဆင်းနေပါက အမြန်ဆုံး ပြုပြင်ခြင်းဖြင့် ငါးမွေး မြူရေးလုပ်ငန်း ကိုအောင်မြင်နိုင်ပါကြောင်း တင်ပြအပ်ပါသည်။

    ဦးဆန်းအောင်

    ထွက်တိုး

    ------

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ - https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes8comments0
views100views1701