cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

တစ်ပတ်တာ စျေးကွက်သုံးသပ်ချက် (၈.၄.၂၀၂၄ မှ ၁၂.၄.၂၀၂၄)

. ဈေးကွက်
သင်္ကြန် ပိတ်ရက်ရှည်ကာလအတွင်း အိန္ဒိယ ဝယ်ယူမှု နဲ့ ပဲ တင်ပို့ မှုတို့အတွက် ဝယ်လိုအား မြင့်တက်လာလို့ ဈေးတွေ မြင့်တက်လာတာလို့ ကုန်သည်တွေထံကနေ သိရပါတယ်။
  • မတ်ပဲ

    မတ်ပဲကတော့ ပြီးခဲ့တဲ့ အပတ်ကတည်းက ဈေးပြန်လည် မြင့်တက်နေခဲ့တာဖြစ်ပြီး ဒီတစ်ပတ်မှာလည်း ဆက်ပြီး ဈေးမြင့်တက်လာပါတယ်။ သင်္ကြန် ပိတ်ရက်ရှည်ကာလအတွင်း အိန္ဒိယ ဝယ်ယူမှု နဲ့ ပဲ တင်ပို့ မှုတို့အတွက် ဝယ်လိုအား မြင့်တက်လာလို့ ဈေးတွေ မြင့်တက်လာတာလို့ ကုန်သည်တွေထံကနေ သိရပါတယ်။ ဒါ့အပြင် ပြည်တွင်း ငွေကြေး လဲလှယ်ဈေးနှုန်း မြင့်တက် လာတာတွေကလည်း ပဲဈေးကို မြင့်တက်နေခဲ့တာ ဖြစ်ပါတယ်။

    အိန္ဒိယနိုင်ငံတွင်း မှာလည်း ဒေသတွင်း ပွဲတော်ကာလ နဲ့ ပဲစိုက်ရာသီအတွက် မျိုးပဲ ဝယ်ယူတာတွေ များလာလို့ ဈေးတွေက မြင့်တက်နေတာ ဖြစ်ပြီး ချန်နိုင်းဈေးကွက်မှာ မြန်မာမတ်ပဲ SQ က ရူပီး ၉၈၀၀ ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း ရူပီး ၂၀၀ လောက်ထပ်ပြီး မြင့်တက်လာပါတယ်။

    ပြည်တွင်း ကုန်သည်ကြီး အချို့ကတော့ မတ်ပဲက လတ်တလော မြင့်တက်နေတာ ဖြစ်ပြီး ဆက်ပြီး မြင့်တက် နိုင်ခြေ နည်းတယ်လို့ ခန့်မှန်းထားကြပေမယ့် အိန္ဒိယဘက်က ဈေးကွက် သတင်းတွေမှာတော့ မတ်ပဲ ရဲ့ လိုအပ်ချက်က ကြီးနေတာ ဖြစ်လို့ ဈေးက တက်နိုင်ဦးမယ်လို့သုံးသပ်မှုတွေ ရှိပါတယ်။

    ၂၀၂၄ လေးလတာ ကာလအတွင်း မတ်ပဲက တစ်တန်ကို ၃၅ သိန်းထိ စံချိန်တင် မြင့်တက်ခဲ့ တာဖြစ်တဲ့ အတွက် စံချိန်တင် ဈေးနှုန်းကို ရောက်ရှိနိုင်ဖို့ကတော့ အိန္ဒိယ နိုင်ငံရဲ့ အချိန်မရွေး ပြောင်းလဲ နေတဲ့ မူဝါဒတွေကြောင့် စောင့်ကြည့် ရမယ့်အနေအထားမှာ ရှိပါတယ်။

    ရန်ကုန်ဈေးကွက်မှာ မတ်ပဲ (FAQ/RC)က တစ်တန်ကို ၃၂၂၆၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ သောကြာနေ့နဲ့ယှဉ်ရင် တစ်တန်ကို ၁၁၅၀၀၀ လောက် ဈေးမြင့်တက်လာပါတယ်။ (SQ/RC)ကတော့ တစ်တန်ကို ၃၄၉၆၀၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၁၂၅၀၀၀ ကျပ်ဈေးတက်လာပါတယ်။ မတ်ပဲ Raw ကတော့ တစ်ပိဿာကို ၅၁၈၀ မှ ၅၂၂၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၅၀ ကျပ်ဈေး တက်လာပါတယ်။

    ပြီးခဲ့တဲ့အပတ်နဲ့ ယှဉ်ရင်တော့ အတက်ဈေးက နှေးနေပါတယ်။

    နယ်ဈေးကွက်တွေမှာလည်း မတ်ပဲက တစ်တင်းကို ၁၀၀၀၀၀ ကျော်အထိ ပေါက်ဈေးရှိလာပြီး တစ်တင်းကို အနိမ့်ဆုံး ၅၀၀၀ ကနေ ၈၀၀၀ ကြားဈေးမြင့်တက်လာပါတယ်။

    ပဲတီစိမ်း

    ပဲတီစိမ်းကတော့ရန်ကုန်ဈေးကွက်မှာ ဈေးငြိမ်နေပြီး နယ်ဈေးကွက်တွေမှာလည်း ဈေးအေးနေတဲ့ အခြေအနေ ဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ အကျဈေးနဲ့ငြိမ်နေပေမယ့် ဈေးကွက် အခြေအနေအရ ဈေးမာနေတဲ့အခြေအနေလို့ကုန်သည်အချို့က ဆိုပါတယ်။ ဆက်ပြီး ကျဆင်းနိုင်ဦး မယ်လို့ခန့်မှန်းထားကြပေမယ့် တရုတ်ဝယ်လိုအား မရှိတဲ့အတွက် အရောင်းအဝယ် ထိန်းလိုက် တာမျိုးတွေကြောင့် ဈေးက တန့်သွားတာလို့လည်း သုံးသပ်ကြပါတယ်။

    ရန်ကုန်ဘုရင့်နောင်‌ဈေးကွက်မှာတော့ ပဲတီစိမ်း(ပဲခူးရွှေဝါ)က တစ်ပိဿာကို ၃၆၆၅ ကျပ်၊ ပဲတီစိမ်း(ခရမ်းရွှေဝါ)ကတစ်ပိဿာကို ၃၈၃၀ ကျပ်၊ပဲတိစိမ်း(ဝါးခယ်မ)ကတော့ တစ်ပိဿာကို ၃၀၀၀ မှ ၃၃၃၅ နဲ့ ဈေးငြိမ်နေပါတယ်။

    မန်းဈေးကွက်မှာတော့ ဒီတစ်ပတ်လုံး ဈေးမဖွင့်ပဲ ခွဲပဲ ကတော့ တစ်အိတ်ကို ၁၂၅၀၀၀ ပေါက်ဈေး ရှိနေပါတယ်။

    ကုလားပဲ

    ကုလားပဲကတော့ ဈေးပြန်မြင့်တက်လာပါတယ်။ အစ္စလာမ်ပွဲတော်ကြောင့် ဝယ်ယူမှုများပြီး ဈေးမြင့်တက်လာတာလို့ သိရပါတယ်။ ဒါ့အပြင် ပိတ်ရက်ရှည်ကြောင့် သိုလှောင်တာတွေလည်း ရှိပြီး ပြည်ပကနေလည်း အဝင်နည်းတယ်လို့ သိရပါတယ်။ ဈေးကွက်ထဲကိုတော့ အသစ်တွေ အဝင်ရှိနေပြီး လက်ရှိ ဈေးကွက် အရ အဝင်ရှိသလောက် အဝယ်လည်း သွက်နေတယ်လို့ သိရပါတယ်။

    ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာတော့ ကုလားပဲလုံးဖြူက တစ်ပိဿာကို ၄၀၈၀ မှ ၄၂၅၀ ရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင်တော့ တစ်ပိဿာကို ၁၆၅ ကျပ်၊ ကုလားပဲလုံးဖြူကြီးကတော့ တစ်ပိဿာကို ၄၂၅၀ မှ ၄၄၁၅ ရှိပြီး တစ်ပိဿာကို ၁၆၅ ကျပ်၊ ကုလားပဲခြမ်းကတော့ တစ်ပိဿာကို ၅၇၀၀ မှ ၆၀၀၀ ရှိပြီး ၃၀၀ ကျပ် အသီးသီးဈေးမြင့်တက်လာပါတယ်။

    မန္တလေးဈေးကွက်မှာတော့ ကုလားပဲ v2 က တစ်အိတ်ကို ၂၄၇၀၀၀ မှ ၂၄၈၀၀၀ ကျပ် ရှိပြီး တစ်အိတ်ကို ၈၀၀၀ ကျပ်၊ ကုလားပဲ ၉၂၉က တစ် အိတ် ကို ၂၄၂၀၀၀ ကျပ် မှ ၂၄၃၀၀၀ ကျပ်ရှိပြီး တစ်အိတ်ကို ၈၀၀၀ ကျပ် ၊ကုလားပဲ(ထိုင်ဝမ်) က တစ်အိတ်ကို ၂၃၀၀၀၀ကျပ်မှ ၂၃၅၀၀၀ ကျပ်ရှိပြီး တစ်အိတ်ကို ၁၀၀၀၀ ကျပ် ၊ကုလားပဲ v7 ကတော့ တစ်အိတ်ကို ၂၅၅၀၀၀ ကျပ်ရှိပြီး ၅၀၀၀ ကျပ် အသီးသီးဈေးမြင့်တက်လာပါတယ်။

    ကြက်သွန်ဖြူ

    ကြက်သွန်ဖြူကတော့ ဈေးကွက်ထဲ အဝင်ပေါ် မူတည်ပြီး ဈေးအတက်အကျ အနည်းငယ်ရှိနေပါတယ်။ နေ့စဉ် ဈေးကွက်ထဲကို ပိဿာချိန် ၁၅၀၀၀ လောက် အဝင်ရှိနေပါတယ်။ အသစ်တွေ ဈေးကွက်ထဲကို အများအပြား အဝင်ရှိနေပေမယ့် အရည်အသွေးပိုင်း အားနည်းတာကြောင့် အဝယ်ကတော့ မသွက်ဘူး လို့ လက်လီ ဈေးကွက်တွေကနေ သိရပါတယ်။

    ဒါပေမယ့် ပွဲတော်ကာလ ဖြစ်တဲ့အတွက် လက်ကားဈေးကွက်မှာတော့ အရောင်းအဝယ်သွက်ပြီး ဈေးကောင်းရနေတယ်လို့ ဆိုပါတယ်။

    ရန်ကုန်ဘုရင့်နောင် ဈေးကွက်မှာတော့ ကြက်သွန်ဖြူ(‌အောင်ပန်း)က တစ်ပိဿာကို ၆၈၀၀ ကနေ ၈၀၀၀ ကြားရှိပြီး တစ်ပိဿာကို ၂၀၀ ကျပ်ဈေးတက်လာပါတယ်။

    ကြက်သွန်ဖြူ(ကြူကုတ်)ကလည်း တစ်ပိဿာ ကို ၁၁၀၀၀ မှ ၁၁၅၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၁၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

    ငရုတ်

    ငရုတ်ကတော့ ဆက်တိုက်ဈေးကျဆင်းနေပါတယ်။ နယ်စုံကနေ အဝင်ရှိနေပေမယ့် အရည်အသွေးပိုင်း အားနည်းတာ၊ ပြည်ပတင်ပို့မှု မရှိတာတွေကြောင့် ဈေးက ဆက်ပြီး ကျဆင်းနေတာ ဖြစ်တယ်လို့သိရပါတယ်။

    ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ငရုတ်ဆင်ဖြူကျွန်းက တစ်ပိဿာကို ၉၀၀၀ ကျပ် ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀၀ ကျပ်၊ ငရုတ် ပန်းရဲ ကတော့ ၄၅၀၀ မှ ၄၈၀၀ ကျပ်ရှိပြီး တစ်ပိဿာကို ၄၀၀ ကျပ် ၊ ငရုတ် မြှားနီကတော့ တစ်ပိဿာကို ၄၅၀၀ မှ ၄၈၀၀ ကြားပေါက်ဈေးရှိပြီး တစ်ပိဿာကို ၄၀၀ ကျပ် အသီးသီး ဈေးကျဆင်းသွားပါတယ်။

    မေမီမောင်(AMIA)

    -------

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes9comments0
views126views1912