cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ငါးကန်ရေ သန့်စင်ခြင်းနှင့် ကောင်းကျိုးများ

. ငါးမွေးမြူရေးဆောင်းပါးများ
ကန်ထဲမှာ ရေညှိပင်တွေ အလွန်အမင်းပေါက်ရောက်မှုကလည်း ကန်ရေ အောက်ဆီဂျင်ပမာဏကို ကျစေပါတယ်။
  • ငါးကန်တစ်ကန်မှာ ရေကို သန့်စင်ပေးခြင်းမရှိပါက ကန်ရေညစ်ညမ်းပြီး ငါးကျန်းမာရေးကို ထိခိုက်စေပါတယ်။ ငါးတွေရဲ့ စွန့်ပစ်ပစ္စည်းနဲ့ အော်ဂဲနစ်အဆွေးအမြေ့တွေဟာ ကန်အောက်ခြေမှာ စုပုံတတ်ပြီး ယင်းအခြေအနေမှာ ငါးတွေကို အန္တရာယ်ဖြစ်စေတဲ့ အမိုးနီးယားနဲ့ နိုက်ထရိုက်ပမာဏကို ဖြစ်စေပါတယ်။ ဒါ့အပြင် ကန်ထဲမှာ ရေညှိပင်တွေ အလွန်အမင်းပေါက်ရောက်မှုကလည်း ကန်ရေ အောက်ဆီဂျင်ပမာဏကို ကျစေပါတယ်။ ဒီလိုအခြေအနေဟာ ငါးတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ဒါကြောင့် ကန်ရေသန့်စင်ပေးရန်အတွက် အောက်ပါနည်းလမ်း ၃ သွယ်ကို သုံးနိုင်ဖို့ အကြံပြုတိုက်တွန်းပါတယ် ခင်ဗျာ။

    (က) သဘာနည်းဖြင့် ကန်ရေသန့်စင်ပေးခြင်း (mechanical filters)

    ဒီနည်းကတော့ ကန်ပေါ်မှာရှိတဲ့ စားကြွင်းစားကျန်များ၊ ငါးအသေများနဲ့ အခြားအပင်အမှိုက်သရိုက်တွေကို ဇကာ သို့မဟုတ် ဇကာပိုက်နဲ့ ဖယ်ရှားခြင်းဖြစ်ပါတယ်။ အဲ့လိုဆောင်ရွက်ရာမှာ ကိုယ့်ရဲ့ ကန်အရွယ်အစား၊ ထည့်ထားတဲ့ ငါးအရေအတွက်နဲ့ ရေပမာဏကို ကြည့်၍ လုပ်ဆောင်သင့်ပါတယ်။

    (ခ) ဇီဝနည်းဖြင့် ကန်ရေသန့်စစ်ပေးခြင်း (biological filters)

    အကျိုးပြုဘက်တီးရီးယားတွေရဲ့ ကြီးထွားမှုအားကောင်းအောင်လုပ်ပြီး အညစ်အကြေးတွေကို သန့်စင်ပေးခြင်း နည်းလမ်းဖြစ်ပါတယ်။ ဒီဘက်တီးရီးယားတွေဟာ ကန်ထဲရှိ အန္တရာယ်ဖြစ်စေတဲ့ အမိုးနီးယားဓါတ်ကို ပြင်းအားပျော့စေတဲ့ နိုက်ထရိုက်နဲ့ နိုက်ထရိတ်ဓါတ်တွေအဖြစ်ပြောင်းလဲပေးပါတယ်။

    (ဂ) ဓါတုနည်းနဲ့ ငါးကန်ရေကို သန့်စင်ပေးခြင်း (chemilca filter)

    ငါးကန်ရေသန့်စင်ရာမှာ ဓါတုဆေးရည်တွေသုံးပြီးလည်း သန့်စင်လို့ရပါတယ်။ ဒီနည်းကတော့ ကန်ထဲရှိ ငါးအရွယ်အစားနဲ့ ငါးမျိုးစိတ်ပေါ်မူတည်ပြီး သုံးဖို့တော့လိုပါတယ်။

    ကန်ရေသန့်စင်ပေးဖြင့် အောက်ပါ အကျိုးကျေးဇူးတွေကို ရစေပါတယ်-

    ရေအရည်အသွေးကောင်းစေခြင်း

    ဂေဟစနစ်ကို ထိန်းညှိပေးခြင်း

    ပျော်ဝင်အောက်ဆီဂျင် တက်စေခြင်း

    ရေအရည်အသွေး ကြည်လင်စေခြင်း

    ထွက်တိုး

    Source: The Importance of Filters and Pumps for Fish Ponds: Everything You Need to Know (jordanlikesfish.com)

    -----

    ထွက်တိုးဆော့ဝဲလ် Download ရယူရန် - https://bit.ly/htwettoev2

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 https://htwettoe.com/organization/4

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes7comments0
views101views1746