တူနာငါး (Tuna Fish)စားခြင်းရဲ့ အကျိုးကျေးဇူး
၁။ နှလုံးကျန်းမာခြင်း
တူနာငါးကို တစ်ပတ် ၂ ကြိမ်စားပေးခြင်းဟာ HDL ကိုယ်လက်စထရော level ပမာဏကို တက်စေပြီး အဆီ တွေကို ခြေဖျက်ပေးပါတယ်။ သွေးကြောတွေထဲမှာ အိုမီဂါ ၆ ပမာဏကို လျော့ချပေးပြီး ကိုလက်စထရော ပမာဏ ကိုလည်း ထိန်းညှိပေးပါတယ်။
၂။ သွေးဖိအားကို ညှိပေးခြင်း
တူနာငါးကို အနီရောင်ရှိတဲ့အသားတွေအစား စားသုံးပေးနိုင်ပါတယ်။ အားလုံးသိတဲ့အတိုင်း အနီရောင်ရှိတဲ့ အသားတွေမှာ ဆိုဒီယမ်ဓါတ်ပါဝင်နေပြီး သွေးပေါင်ချိန်ကို တိုးစေပါတယ်။ တူနာငါးမှာ ပိုတက်စီယမ်ကြွယ်ဝတာကြောင့် သွေးတိုးကျစေပါတယ်။
၃။ ခုခံအားစနစ်ကောင်းခြင်း
ဗိုက်တာမင်စီ၊ မဂ္ဂနိနဲ့ ဆီလီနီယမ်ဓါတ်တွေဟာ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို ထိခိုက်စေတဲ့ အရာတွေကို ချေဖျက်ပေးပါတယ်။
၄။ မျက်လုံးအားကောင်းခြင်း
တူနာငါမှာပါတဲ့ အိုမီဂါ-၃ ဓါတ်ဟာ မျက်လုံးအားကောင်းစေရန်တိုက်ရိုက်အကျိုးမပြုသော်လည်း မျက်လုံး ကြွက်သားသန်မာခြင်းကို အထောက်အကူပြုစေပါတယ်။
၅။ ကြီးထွားမှုအားကောင်းခြင်း
တူနာငါးစားခြင်းဟာ ကလေးတွေရဲ့ ကြီးထွားနှုန်းကို အထောက်အကူပြုပြီး ပရိုတင်းလိုအပ်ချက်ကိုလည်း ဖြည့်စီး ပေးပါတယ်။
၆။ ကိုယ်အလေးချိန်ကျခြင်း
တူနာငါးစားခြင်းက ကိုယ်တွင်းအဆီတွေကို လောင်ကျွမ်းစေပြီး ကိုယ်အလေးချိန်ကို ကျစေပါတယ် ခင်ဗျာ။
၇။ စွမ်းအားဖြည့်ပေးခြင်း
တူနာငါးမှာ ပါဝင်တဲ့ ဗိုက်တာမင် ဘီ-၁၂ ဟာ ခန္တာကိုယ်တွင်း အစိတ်အပိုင်းတွေကို ကောင်းစေပြီး ဇီဝ ကမ္မဖြစ်စဉ်တွေကိုကောင်းစေပါတယ်။ တစ်ချိန်တည်းမှာ အရေပြားကို အကာအကွယ်ပေးပြီး စွမ်းအင်လည်း တိုးစေ ပါတယ်။
၈။ သွေးလည်ပတ်အားကောင်းခြင်း
သွေးလည်ပတ်နည်းရင် သွေးကြောပိတ်တက်ပြီး ခန္တာကိုယ်ယောင်ရမ်းတာတွေကိုလည်း ဖြစ်စေပါတယ်။ ဒါတွေကို တူနာငါးစားခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။
၉။ ကင်ဆာကိုကာကွယ်ပေးခြင်း
တူနာငါးစားခြင်းဟာ ကျောက်ကပ်နဲ့ ရင်သားကင်ဆာဖြစ်ခြင်းကို လျော့ကျစေပါတယ်။ တူနာငါးမှာ ပါတဲ့ ဆီလီနီယမ်ဓါတ်ဟာ ကင်ဆာဆဲလ်တွေရဲ့ ပျံ့ပွားနှုန်းကို ထိန်းချုပ်ပေးပါတယ်။
၁၀။ ကျောက်ကပ်ရောဂါဖြစ်ခြင်း ကာကွယ်ပေးခြင်း
တူနာငါးမှာ ပါဝင်တဲ့ ပိုတက်စီယမ်နဲ့ ဆိုဒီယမ်ဓါတ်တွေဟာ ခန္ဓာကိုယ်ရေဓါတ်ဆုံးရှုံးခြင်းမှ ကာကွယ်ပေးပြီး ကျောက်ကပ်အားကောင်းစေပါတယ်။
၁၁။ ခန္ဓာကိုယ်ရောင်ယမ်းခြင်းနဲ့ စိတ်ဖိစိမှုကိုလျော့ပေးခြင်း
တူနာငါးမှာပါဝင်တဲ့ ဗိုက်တာမင်နဲ့ သတ္ထုဓါတ်တွေဟာ စိတ်ဖိစီးမှုကိုလျော့ကျစေပြီး အဆစ်အမြစ်ရောင်ယမ်း ခြင်းကဲ့သို့သော ရောဂါတွေကို ကာကွယ်ပေးပါတယ်။
၁၂။ ပြဒါးဓါတ်နဲ့ ဆီလီနီယမ်ဓါတ်ပမာဏကို ထိန်းညှိပေးခြင်း
ငါးအလွန်အကျွံ စားသုံးခြင်းက ခန္ဓာကိုယ်တွင်း ပြဒါးဓါတ်ကို စုပုံပြီး ကျန်းမာရေးကို ထိခိုက်တာတွေရှိပါတယ်။ တူနာငါးမှာပါတဲ့ ဆီလီနီယမ်ဓါတ်က အဲ့လိုမဖြစ်အောင် ထိန်းညှိပေးပါတယ်။
ထွက်တိုး
Source: 12 Amazing Benefits of Tuna Fish - Natural Food Series
----
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။