cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပရိုတင်းနဲ့ကိုယ်ခံအား

. ဗဟုသုတ
ရောဂါတွေ ပိုမိုဆန်းပြားလာတဲ့အချိန်မှာ ခန္ဓာကိုယ်ကို ရောဂါတွေ အန္တရာယ်ကနေ ကာကွယ်ဖို့ ဆိုရင် ကိုယ်ခံအားကောင်းဖို့က မဖြစ်မနေလိုအပ်ပါတယ်။ ကိုယ်ခံအားကောင်းမှလည်း ရောဂါတွေ ကူးစက်ခဲ့ရင် အကောင်းဆုံး တိုက်ထုတ်နိုင်မှာပါ။ ဒီတော့ ကိုယ်ခံအားကောင်းစေဖို့က မဖြစ်မနေ လိုအပ် မှာပါ။ ဒီတစ်ခေါက်တော့ ကိုယ်ခံအား ကောင်းစေဖို့ အဓိကအခန်းကဏ္ဍကနေ ပါဝင်နေတဲ့ အာဟာရ ဓာတ်လေး တစ်ခုအကြောင်း ပြောပြပေးပါရစေ။
  • ပရိုတင်းက ခန္ဓာကိုယ်အတွက် ဘာလုပ်ပေးလဲ………. 

    အသားဓာတ်လို့ သိထားကြတဲ့ ပရိုတင်းဓာတ်က ခန္ဓာကိုယ်က တစ်ရှူးတွေကို ဖြစ်ပေါ်စေဖို့ နဲ့ ပြုပြင်ပေးရာမှာ အရေးပါပါတယ်။ ခန္ဓာကိုယ်ကို ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေ ကူးစက်မခံရအောင် ကာကွယ်ပေးတဲ့နေရာမှာလည်း အဓိက ပံ့ပိုးပေးတဲ့ အာဟာရဓာတ်ပါ။ ပရိုတင်းက ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်တိုင်းအတွက် အရေးပါတဲ့ အာဟာရဓာတ်တစ်ခုပါ။ ဆံပင်တွေ၊ ခန္ဓာကိုယ်ပေါ်က အမွှေးအမျှင် တွေနဲ့ လက်သည်းခြေသည်းတွေကို ပရိုတင်းနဲ့ ဖွဲ့စည်းထားတာပါ။ ပရိုတင်းကို တစ်ရှူးတွေ ထိခိုက် ပျက်စီးသွားတဲ့အခါ ပြုပြင်ရာမှာ အသုံးပြုသလို အင်ဇိုင်းတွေ၊ ဟော်မုန်းတွေနဲ့ ခန္ဓာကိုယ်က အခြားဓာတု ပစ္စည်းတွေဖြစ်ပေါ်စေဖို့လည်း ပရိုတင်းကိုပဲ သုံးပါတယ်။ ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ နှလုံး ကျန်းမာရေးကစလို့ ခန္ဓာကိုယ်တစ်ခုလုံး ကြီးထွားဖွံ့ဖြိုးဖို့လည်း တာဝန်ယူ ပေးပါသေးတယ်။ ခန္ဓာကိုယ်မှ စီးဆင်းနေတဲ့ သွေးတွေ၊ အရိုးနဲ့ ကြွက်သား၊ အရေပြားနဲ့ အရိုးနုလေးတွေ ဖြစ်ပေါ်စေဖို့လည်း ပရိုတင်းက အားဖြည့်ပေးထားပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံး အကောင်းဆုံးလည်ပတ်စေဖို့အတွက် လိုအပ်တဲ့ လောင်စာပေါ့။ နောက်တစ်ချက်က ခန္ဓာကိုယ်က ပရိုတင်းကို မသိုလှောင်ထားနိုင်ပါဘူး။ ဒါကြောင့် ခန္ဓာကိုယ် ကျန်းမာနေစေဖို့ဆိုရင် နေ့စဉ်တိုင်းမှာ အသစ်အသစ်သော ပရိုတင်းတွေကို ဖြည့်ဆည်းနိုင်ဖို့ လိုအပ်မှာပါ။ ကိုယ်ခံအားစနစ်မှာပါဝင်ဖွဲ့စည်းထားတဲ့ ဆဲလ်တွေ အမြှေးပါးတွေ ကျန်းမာနေစေဖို့လည်း ပရိုတင်းကပဲ အားဖြည့်ပေးထားတာပါ။ ဒီတော့ ရောဂါတွေ ထူပြောလာတာနဲ့အမျှ ကိုယ်ခံအားကောင်း စေဖို့ဆိုရင် မဖြစ်မနေ နေ့စဉ်ပရိုတင်းပါအောင် စားသုံးပေးဖို့လိုပါမယ်။ ဒါမှခန္ဓာကိုယ်မှာ အင်အားပြည့်ဝ ပြီး ကျန်းမာပျော်ရွှင်နေမှာပါ။ 

    ပရိုတင်း နည်းနေပြီလား……….. 

    ခန္ဓာကိုယ်မှာ ပရိုတင်းဓာတ်နည်းနေတဲ့အခါ 

    • အားနည်းမယ် 
    • ပင်ပန်းနွမ်းနယ်မယ် 
    • ခြေကုန်လက်ပမ်းကျ လွယ်မယ် 
    • စိတ်ပါဝင်စားမှု အားနည်းမယ် 
    • ကိုယ်ခံအားနည်းမယ် 
    • ခဏခဏ ဖျားနာလွယ်မယ်စတဲ့ လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။ 

    တစ်နေ့တာမှာ ပရိုတင်းဘယ်လောက် စားသင့်လဲ………….. 

    တော်တော်များများ ကြားမိထားနိုင်တဲ့ အယူအဆအမှားတစ်ခုက ပရိုတင်းများများစားရင် ကြွက်သားတွေ တက်လာနိုင်တယ်ဆိုတာပါ။ တကယ်ကတော့ ကြွက်သားတွေ သန်မာစေဖို့ဆိုရင် လေ့ကျင့်ခန်းများများ လုပ်ပေးတာက အကောင်းဆုံး ဖြစ်မှာပါ။ ခန္ဓာကိုယ်က လုပ်ငန်းဆောင်တာတွေ အကောင်းဆုံး လုပ်ဆောင်နိုင်စေဖို့ဆိုရင် ပရိုတင်း လုံလောက် မျှတတဲ့ ပမာဏ ရရှိဖို့လိုပါမယ်။ ဒါပေမယ့် ပရိုတင်းများလို့ အင်အားတွေ ပိုများလာမယ် ကြွက်သားတွေ ပိုသန်မာလာမယ်ဆိုတာကတော့ မဟုတ် ပါဘူး။ အသက်အရွယ်အလိုက် ပရိုတင်း လိုအပ်ချက်ကတော့ ကွာခြားနိုင်ပါတယ်။ 

    အသက် (၂) နှစ် ကနေ (၆) နှစ်အတွင်း ကလေးငယ်တွေ၊ အမျိုးသမီးတွေ နဲ့ သက်ကြီးရွယ်အိုတွေ အနေနဲ့ကတော့ တစ်နေ့ကို (၅) အောင်စလောက် စားသုံးပေးဖို့ လိုပါမယ်။ 

    ဆယ်ကျော်သက်အရွယ်တွေနဲ့ လူလတ်ပိုင်း အမျိုးသား၊ အမျိုးသမီးတွေကတော့ တစ်နေ့ကို ပရိုတင်း (၆) အောင်စလောက် စားပေးဖို့ လိုပါမယ်။ 

     ပရိုတင်းကြွယ်ဝတဲ့ အစားအစာတွေက ဘာတွေများလဲ……….. 

    ပရိုတင်းကြွယ်ဝတဲ့ အစားအစာတွေကများပေမယ့် ကျန်းမာရေးနဲ့ညီညွတ်တဲ့ ပရိုတင်းကို ရဖို့ဆိုရင်တော့ 

    • အရေခွံမပါတဲ့ ကြက်သား 
    • အဆီမပါတဲ့ အနီရောင်အသား 
    • ပဲနီလေး 
    • ကုလားပဲ 
    • ငါး 
    • ကောက်နှံ 
    • အယ်လ်မွန်စေ့ 
    • ထောပတ်သီး 
    • ဟင်းနုနွယ် 
    • ကညွတ် 
    • အခွံမာသီး 
    • ပန်းဂေါ်ဖီ 
    • ပန်းဂေါ်ဖီစိမ်း 
    • ဥအမျိုးမျိုး 
    • အာလူး စတာတွေကို နေ့စဉ် စားသုံးမှုမှာ သင့်တင့်မျှတစွာ ထည့်သွင်းစားသုံးပေးလို့ရပါတယ်။ 

     ရေးသားသူ Aye Thi Mon 


    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes13comments0
views94views3200