cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မြန်မာ့သရက်သီးများ တရုတ်ပြည်သို့တင်ပို့နိုင်ရေးဆွေးနွေး

. ဈေးကွက်သတင်းများ
မြန်မာ့သရက်သီးများ တရုတ်ပြည်သို့တင်ပို့နိုင်ရေးအတွက် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက မန္တလေးမြို့မှာ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
  • ဧပြီလ ၁၁ရက်နေ့က မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းရုံးတွင် အသင်းတာဝန်ရှိသူများ၊ သရက်သီးစိုက်တောင်သူများနှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ တယ်ဟုန်ပြည်နယ်ခွဲ ကုန်သည်ကြီးများအသင်းတာဝန်ခံအဖွဲ့တို့ ညှိနှိုင်းဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း ခွာညိုသစ်သီးပွဲရုံက ထုတ်ပြန်ထားပါတယ်။

    အဆိုပါတွေ့ဆုံမှုတွင် ဖြစ်နိုင်သောလမ်းကြောင်းများမှတစ်ဆင့် မြန်ဆန်စွာတင်ပို့နိုင်ရေး တရုတ်ဖက် စစ်ဆေးမှုမြန်ဆန်သက်သာရေးနှင့် ဖြစ်နိုင်သောကုန်ထုတ်လမ်းကြောင်းများ ရှာဖွေတင်ပို့နိုင်ရေးကိစ္စများ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

    အထူးသဖြင့် ကျိုင်းတုံ-မိုင်းလား-တာလော့မှ တင်ပို့ရာတွင်ရင်ဆိုင်ရမည့် လမ်းကြောင်းအခွန်အခများ နှင့် ကြာမြင့်မှုအခြေအနေများကြောင့် ကုန်သွယ်မှုအတားအဆီး(Trade barrier)များအတွက် ညှိနှိုင်းပေါင်းစပ်အဖြေရှာခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

    မြန်မာနိုင်ငံက ထွက်ရှိတဲ့ စိန်တလုံးသရက်အပါအဝင် သရက်သီးများကို အိမ်နီးချင်းတရုတ်နိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေကနေတစ်ဆင့် နှစ်စဉ်တင်ပို့နေခြင်းဖြစ်ပါတယ်။

    Opinion Leaders မှကူးယူဖော်ပြပါသည်။

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes7comments0
views72views1914