cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

“နွေဦးကံ့ကော်ကပေးတဲ့ သဘာဝလက်ဆောင်”

. ကျန်းမာရေးဆောင်းပါးများ
ကံ့ကော်ပန်း လို့ဆိုလိုက်ရင် ထွေထွေထူးထူး ရှင်းပြစရာ မလိုဘဲ လူတိုင်းရဲ့ မျက်လုံးထဲမှာ ရိုးတံနဲ့ အရွက် စိမ်းစိမ်းရှည်ရှည်၊ ပွင့်ဖတ် ဖြူဖြူလေးတွေနဲ့ ဝတ်ဆံဝါဝါလေးနဲ့ ရနံ့ မွှေးမွှေးပန်းလေးကို ပြေးမြင်မယ်ထင်ပါတယ်။ ငယ်ငယ်က သနပ်ခါးလူးတဲ့အခါ ဖွားဖွားက ကံ့ကော်ဝတ်ဆံခြောက်လေးတွေကို ထည့်သွေးပေးပြီး လူးပေးတာကိုလည်း လိမ်းဖူးကြမယ်ထင်ပါတယ်။
  • ဒီလို လိမ်းပေးတဲ့အခါ အဖွားဘာလို့ အဲ့လိုထည့်လိမ်းပေးတာလဲလို့ မေးလိုက်တိုင်း အသားလှအောင်လို့လေဆိုတာကို ကြားဖူးမယ် ထင်ပါတယ်နော်။ ဒီလိုမျိုး ဖွားဖွားက အသားလှအောင်ဆိုပြီး ထည့်ထည့်လိမ်းပေးတဲ့ ကံ့ကော်ပန်းလေးက အသားအရေကို ဖွားဖွားပြောသလို တကယ်လှစေလား။ အခြားရော အသားအရေကို ဘယ်လိုတွေ ထောက်ကူပေးလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ 

    ကံ့ကော်ပန်းဆိုတာ 

    ကံ့ကော်ပင်က အပင်ကြီး တစ်မျိုးဖြစ်ပြီး သစ်မာပင်တစ်မျိုးပါ။ အရှေ့တိုင်းဒေသတွေဖြစ်ကြတဲ့ သီရိလင်္ကာ၊ အိန္ဒိယ၊ နီပေါ၊ မြန်မာ၊ ထိုင်း၊ အင်ဒိုချိုင်းနား၊ ဖိလစ်ပိုင်၊ မလေးရှားနဲ့ ဆူမာတြား ဒေသတွေမှာ ပေါက်ရောက်ကြပါတယ်။ အမြဲစိမ်းပင်မျိုးဖြစ်ပြီး အရိပ်ရပင်မျိုးပါ။ကံ့ကော်ပင်က လေထုကို သန့်စင်ပေးသလို ကံ့ကော်ပန်း၊ အရွက်နဲ့ အခေါက်အားလုံးလိုလိုက ဆေးဖက်ဝင်ပါတယ်။ 

    ကံ့ကော်ပန်းမှာ အရေပြား လှပမှုကို ထောက်ကူပေးဖို့ ဘာတွေ ပါသလဲ။ 

    ကံ့ကော်ပန်းမှာ အရေပြား ကျန်းမာလှပမှုကို ထောက်ကူပေးနိုင်တဲ့ ဗီတာမင်တွေ များစွာ ပါဝင်နေပါတယ်။ 

    အရေပြားပေါ်မှာဖြစ်တဲ့ အနာတွေကို သက်သာစေပြီး အမာရွတ်တွေကို လျော့ပါးစေနိုင်တဲ့ 

     ဗီတာမင် B 

     ဗီတာမင် C 

     Polyphenol 

     ဖလေဗာနွိုက် 

    အရေ​ပြားကို တင်းရင်းစေပြီး ကော်လာဂျင် ထုတ်လုပ်မှုကောင်းအောင် လှုံ့ဆော်ပေးနိုင်မယ့် 

     

    ကံ့ကော်ပန်း နဲ့ ကျန်းမာရေး 

    ကံ့ကော်ပင်ရဲ့ ပန်းပွင့်လေးတွေဖြစ်တဲ့ ကံ့ကော်ပန်းက အခုလိုလေး ဆေးဖက်ဝင်ပါတယ်။ 

    အစာခြေစနစ် ကျန်းမာစေတယ် 

    ဗိုက်အောင့်တာ ဗိုက်နာတာတွေ သက်သာစေဖို့အတွက် ကံ့ကော်ပန်းကို သုံးပေးလို့ ရပါတယ်။ အစာစားချင်စိတ် မရှိတာ၊ အော့အန်တာ၊ ရင်ပူတာ၊ အစာခြေ အက်ဆစ်အထွက်များတာ၊ အစာအိမ်နဲ့အူ အနာတွေကို သက်သာစေဖို့အတွက်လည်း အသုံးပြုပေးလို့ ရပါတယ်။ဝမ်းပျက်ဝမ်းလျှောတာ၊ အသည်း မကောင်းတာ၊ ဝမ်းသွားရင် သွေးပါတာတွေကို သက်သာစေဖို့လည်း ကံ့ကော်ပန်းကို အသုံးပြုပေးလို့ ရပါတယ်။ 

    အသက်ရှူလမ်းကြောင်း ကျန်းမာစေတယ် 

    ကံ့ကော်ပန်းက ချောင်းဆိုးတာကို သက်သာစေသလို လေပြွန်ရောင်တာနဲ့ ပန်းနာရင်ကျပ်ဖြစ်တာတွေကို သက်သာစေနိုင်တယ်။ ကံ့ကော်ပန်းကို ရေစင်အောင်ဆေးပြီး ပြုတ်ရည်ကို သောက်ပေးလို့ရပါတယ်။ 

    အရောင်ကျစေနိုင်တယ် 

    ကံ့ကော်ပန်းက အရောင်ကျစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ အဆစ်ရောင်နာ၊ လေးဖက်နာတွေကို သက်သာစေနိုင်ပါတယ်။ အဆစ်ရောင်တာကို သက်သာစေဖို့ ကံ့ကော်ပန်း ပြုတ်ရည်ကို အသုံးပြုပေးလို့ရပါတယ်။ ကံ့ကော်ပင်အစေ့ကိုလည်း အရောင်ကျစေဖို့ အသုံးပြုပေးလို့ရပါတယ်။ 

    ကံ့ကော်ပန်း နဲ့ ကျန်းမာရေး အကျိုးကျေးဇူး − Hello Sayarwon 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။

     

     


  • article
likes12comments0
views119views1891