cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ငရုတ်ပင် ပန်းပွင့်ပြီးဘာကြောင့်အသီးမတင်ရတာလဲ ?

. ဗဟုသုတ
ငရုတ်ပင်တွင်ပန်းပွင့်ပြီး အသီးမတင်ရသည့် အခြေခံအကြောင်းရင်းများမှာ ကောင်းစွာဝတ်မှုန်မကူးနိုင်ခြင်း၊ နေရောင်ခြည်ကောင်းစွာမရရှိခြင်း နှင့်အာဟာရဓာတ်လုံလောက်စွာမရရှိခြင်းတို့ကြောင့်ဖြစ်သည်။ ဝတ်မှုန်ကူးရာတွင်အဓိကအရေးပါသော ပျား၊ပိတုန်းနှင့် အခြားသောဝတ်မှုန်ကူးရာတွင်အကျိုးပြုသော ပိုးမွှားများ စိုက်ခင်းတွင်းမရှိခြင်းကြောင့်လည်းကောင်း၊ ဝတ်မှုန်ကူးခြင်းဖြစ်စဉ်မတိုင်မီ ပန်းများကြွေကျသွားခြင်းကြောင့်လည်းကောင်း ဝတ်မှုန်ကူးခြင်းလုပ်ငန်းစဉ်ကိုထိခိုက်နိုင်သည်။
  • ငရုတ်ပန်းပွင့်များကြွေကျရခြင်း၏အဓိကအကြောင်းအရင်းများ 

    • အပူချိန်အတက်အကျများလွန်းခြင်း။ 
    • အစိုဓာတ်လုံလောက်စွာမရရှိခြင်း။ 
    • ရေသွင်း ရေလောင်းများလွန်း၊ နည်းလွန်းခြင်း။ 
    • ဝတ်မှုန်ကူးခြင်းဖြစ်စဉ်မအောင်မြင်ခြင်း။ 
    • နိုက်ထရိုဂျင်မြေဩဇာများလွန်း၊ နည်းလွန်းခြင်း။ 

    ငရုတ်ပင်များသည် ပူနွေးစိုစွတ်သော ရာသီဉတုကိုကြိုက်နှစ်သက်သည်။ လုံလောက်သောအစိုဓာတ်ကိုထိန်းထားပေးခြင်းဖြင့် အသီးကိုကြာရှည်ခူးဆွတ်နိုင်သည်။ လုံလောက်သောလင်းတာရရှိမှု အနည်းဆုံး (၆) နာရီ ရရှိမှသာအသီးဖြစ်ထွန်းနိုင်သည်။ ငရုတ်ခင်းအားရေသွင်း၊ ရေလောင်းပေးခြင်းကို အထူးဂရုပြုရန်လိုအပ်သည်။ ငရုတ်ပန်းပွင့်သည် ပင်ထီးဝတ်မှုန်ကူးသော်လည်း အမပွင့်အစိတ်အပိုင်းသည် အဖိုပွင့်အစိတ်အပိုင်းထက်ပိုမြင့်သောနေရာတွင်ရှိသောကြောင့် ဝတ်မှုန်ကူးခြင်းလုပ်ငန်းအောင်မြင်စေရန် အကျိုးပြုအင်းဆက်များ၏အကူအညီလိုအပ်ပါသည်။ စိုက်ခင်းတွင် ၎င်းအကျိုးပြုအင်းဆက်များမရှိပါက လူကိုယ်တိုင် လက်ဖြင့်ဝတ်မှုန်ကူးပေးရန်လိုအပ်ပါသည်။  

    နေ့အပူချိန် (၂၉) ဒီဂရီစင်တီဂရိတ်အထက်နှင့် ညအပူချိန် (၁၆) ဒီဂရီစင်တီဂရိတ်အောက်၌ ဝတ်မှုန်ကူးခြင်းမအောင်မြင်နိုင်ပါ။ ငရုတ်စိုက်ပျိုးခြင်းအတွက်လိုအပ်သောအပူချိန်မှာ (၂၀-၂၅) ဒီဂရီစင်တီဂရိတ်ဖြစ်သည်။ ရေသွင်းရေထုတ်ကောင်းသောမြေ၊ ရွှံ့နုန်းမြေနှင့် မြေစီဩဇာပြည့်ဝသောမြေမျိုးတွင် ကောင်းစွာစိုက်ပျိုးဖြစ်ထွန်းနိုင်သည်။ မြေချဉ်ငန်ဓာတ်(၆.၅-၇.၅ )သည်အသင့်လျော်ဆုံးဖြစ်သည်။ဟင်းသီးဟင်းရွက်အများစုသည် ပန်းပွင့်ချိန်နှင့် အသီးတင်ချိန်တွင်အာဟာရစားသုံးမှုများသောကြောင့် ထိုအချိန်တွင် အစိုဓာတ်လုံလောက်စွာရရှိရန်နှင့် အာဟာရဓာတ်ဖြည့်တင်းပေးရန်အရေးကြီးပါသည်။ ပန်းစပြချိန်တွင် ဖော့စဖောရပ် ( P )နှင့် ပိုတက်စီယမ် ( K )အချိုးများ များပါဝင်သော မြေဩဇာကို ဖြည့်တင်းပေးရမည်ဖြစ်သည်။ 

    https://vegetablegardenerx.com/chilli-flowers-dropping-off/ 

     ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။

     

     

     


  • article
likes10comments0
views194views2051