cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

အအေးကြိုက်သီးနှံ သကြားမုန်လာ စိုက်ပျိုးနည်း

. စိုက်ပျိုးနည်းစနစ်များ
သကြားမုန်လာပင်သည် ကီနိုပိုဒီအေးစီအီး(Chenopodiaceae; ယခုအခါတွင် Amaranthaceae) မျိုးရင်းတွင် ပါဝင်၍ ယင်း၏ ရုက္ခဗေဒအမည်မှာ ဗီတာဗားလဂါးရစ်(Beta vulgaris) ဖြစ်သည်။
  • သကြားမုန်လာပင် ခေါ်သော်လည်း မုန်လာဥ၊ ဂေါ်ဘီထုပ်၊ ပန်းမုန်လာ၊ မုန်ညင်း စသည်တို့နှင့် မျိုးရင်းချင်း မတူသည့်ပြင် မုန်လာဥဝါ နှင့်လည်း မျိုးရင်းချင်း မတူချေ။ သကြားမုန်လာပင်သည် မူလက ကက်စပျန်ပင်လယ် ဒေသတွင် အလေ့ကျပေါက်သည်။ ရှေးနှစ်ပေါင်းနှစ်ထောင်လောက်ကတည်းက ယင်းကို လူတို့သည် အစာ အဖြစ် စိုက်ပျိုးလာခဲ့ကြသည်။ သကြားမုန်လာပင်၏ အဖြူရွက်စိမ်းကြီး များသည်ထူ၍ အရည်ရွှမ်း၏။ ဥများမှာ အဖြူမှ အနီရင့်ရင့်ထိ အရောင်အမျိုးမျိုးရှိကြသည်။ အချို့ ဥများမှာ ဘောလုံးကဲ့သို့ လုံး၍ အချို့မှာကျင်ပုံသဏ္ဌာန်ရှိပြီးလျှင် အချို့ကား ရှည်မျောမျော ရှိလေ သည်။ 

    • သကြားမုန်လာပင်သည် ၂ နှစ်ခံ ပင်မျိုးဖြစ်၍ ၂ နှစ်၊ သို့မဟုတ် ၂ ရာသီ အသက်ရှင်နေသော အပင်မျိုးဖြစ်သည်။ 

  •  အစေ့ များကို စိုက်ပျိုးပြီးသည်နောက် ရက်ပေါင်း ၇ဝ အတွင်းတွင် ဥများကို စားနိုင်သည်။ သကြားမုန်လာပင်များကို အပင်စာသိုမှီးထား သောအမြစ် (ဥ) များအတွက် စိုက်ပျိုးကြရာ၊ ဥများမထိမနာအောင် ပြောင်းရွှေ့စိုက်ရန် မဖြစ်နိုင်သဖြင့် စိုက်ခင်းများကို ကောင်းစွာဂရုစိုက်၍ ပြုပြင်ရလေသည်။  

  • မြေဩဇာကောင်းသော မြေနုမြေပွများ၌ ကောင်းစွာ ဖြစ်ထွန်းကြသည်။ ဤသကြားမုန်လာပင်၏ မျိုးစေ့ကို မစိုက်ပျိုးမီရေနွေးတွင် နာရီ အနည်းငယ် စိမ်ထားပြီးမှ စိုက်ပါက ရိုးရိုးစိုက်သည်ထက် ပို၍ မြန်စွာပေါက်သည်။  

  • ဥများကောင်းစွာဖြစ်ထွန်းစေရန် တစ်တန်းနှင့်တစ်တန်း ၉ လက်မမှ ၁၂ လက်မအထိ ခွာပြီးလျှင် တစ်ပင်နှင့် တစ်ပင်လည်း ၆ လက်မအထိ ကွာအောင်စိုက်၍အပင်ညံ့များကို နုတ်ပေးရသည်။  

  • မြန်မာနိုင်ငံတွင် သကြားမုန်လာပင်များကို ဟင်းသီးဟင်းရွက်ပင် တစ်မျိုးအဖြစ်ဖြင့်သာ စိုက်ပျိုးကြသည်။ အနောက်နိုင်ငံများ ၌မူ ဟင်းသီးဟင်းရွက်ပင် တစ်မျိုးအဖြစ်ဖြင့်လည်းကောင်း၊ တိရစ္ဆာန်အစာအတွက်သော်လည်းကောင်း စိုက်ပျိုးကြသည်။ 

  • Beetroot ၁၀၀ဂရမ်မှာ Energy ၄၃ကီလိုကယ်လိုရီ၊ကာဘွန်ဟိုက်ဒြိတ် ကစီဓာတ်က ၆.၇၆ ဂရမ်၊ အမျှင်ဓာတ်က ၂.၈ဂရမ်၊ အဆီဓာတ်က ၀.၁၇ ဂရမ်၊အသားဓာတ် ၁.၆၁ ဂရမ်၊ဗီတာမင်အေ၊ဗီတာမင်ဘီဝမ်း၊ဗီတာမင် စီ၊ဗီတာမင်ဘီတူး ၊ဖောလိတ်၊သွပ်ဓာတ်၊မန်းဂနိ၊ပိုတက်စီယမ်နဲ့ သတ္ထုဓာတ်မြောက်မြားစွာပါဝင်ပါတယ်။ရေဓာတ် ၈၈%ပါဝင်ပါတယ်။ 

  • ကျန်းမာရေးအရ ကောင်းကျိုးများ 

  • ၁။ သွေးပေါင်ထိန်းညှိပေးခြင်း 

  • Beetroot မှာ Betaဆိုတဲ့ ဓာတ်က ခန္ဓာကိုယ်ထဲရောက်ရင် တစ်နာရီအတွင်း သွေးပေါင်ထိန်းညှီပေးပြီး လေဖြတ်တာ၊နှလုံး Attack ရတာတွေကနေ ကာကွယ်တယ်လို့ အရှေ့တိုင်း တိုင်းရင်းဆေးတွေက ဆိုပါတယ်။ 

  • ၂။စိတ်ဖိစီးမှုကို တွန်းလှန်ပေးခြင်း 

  •     Beetroot မှာ မဂ္ဂနီစီယမ်ကြွယ်ဝစွာပါဝင်တာမို့ ကြွက်သားတွေအားကောင်းစေတဲ့အပြင် ၊စိတ်ဖိစီးမှုကို တွန်းလှန်ပေးပါတယ်။ 

  • ၃။သွေးအားနည်းရောဂါကို ကာကွယ်ပေးခြင်း 

  •     Beetroot မှာ သံဓာတ်ကြွယ်ဝစွာပါတာမို့ သွေးအားနည်းရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။ အမျိုးသမီးငယ်တွေ အထူးသောက်သုံးသင့်ပါတယ်။ 

  • ၄။အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးခြင်း 

  •     Beetroot မှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိတွေက အိုမင်းရင့်ရော်မှုကနေ ကာကွယ်ပေးပါတယ်။ 

  • ၆။အမြင်အာရုံ၊အသည်းနဲ့ကျောက်ကပ်အားကောင်းစေခြင်း 

  • Beetroot မှာ ဗီတာမင်အေနဲ့ အမိုင်နိုအက်ဆစ်အမျိုးနွယ်ဝင်တွေ ပါဝင်တာမို့ အမြင်အာရုံ၊အသည်းနဲ့ကျောက်ကပ်အားကောင်းစေပါတယ်။ 

  • ၇။အစာကြေစေခြင်း 

  • Beetroot မှာပါတဲ့ ဘီတာမင်များစွာက မုန့်ချိုအိတ်ကို အားဖြည့်ပေးပြီး အစာကြေစေပါတယ်။ 

  • ၈။ဆီးချိုသမားတွေ စားလို့ ရ မရ 

  •     Beetroot ရဲ့ အချိုဓာတ်ကြောင့် ဆီးချိုသမားတွေ စားလို့ ရ မရ မေးလာစရာရှိပါတယ်။ Beetroot မှာ ကယ်လိုရီနည်းပြီး အမျှင်ဓာတ်များတာမို့ သင့်တင့်ရုံစားသုံးနိုင်ပါတယ်။ 

  • ၁၀။ဝိတ်ကျစေခြင်း 

  • Beetroot မှာ သက်စောင့်ဓာတ်၊အမျှင်ဓာတ်နဲ့ အသားဓာတ်များစွာပါဝင်ပြီး ကယ်လိုရီနည်းပါးတာမို့ ခန္ဓာကိ်ုယ် အလေးချိန်ကို ကျစေနိုင်ပါတယ်။ 

  • ၁၁။အရိုးအားကောင်းစေခြင်း 

  • Beetroot မှာ မဂ္ဂနီစီယမ်နဲ့ ကယ်စီယမ်တွေပါတာမို့ အရိုးပွရောဂါကနေ ကာကွယ်ပေးနိုင်ပါတယ်။ 

  • Beetroot ဖျော်ရည်ဖျော်စပ်နည်း 

  • Beetroot တစ်ဥ၊မုန်လာဥနီတစ်ဥ၊ ဂျင်းလက်တဆစ်၊ ပန်းသီးစိမ်းတစ်လုံး၊လီမွန်တစ်ခြမ်းနဲ့ ရေ ၃၀၀ CCနဲ့ ဖျော်စပ်ထဲရောထည့်ကာ ဖျော်သောက်နိုင်ပါတယ်။ အနောက်နိုင်ငံတွေမှာ သွေးကျစေတယ်လို့ နာမည်ကြီးလှပါတယ်။ 

  • ကိုးကား - Wekipedia, မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)  

  • article
  • article
  • article
  • article
  • article
  • likes10comments0
    views118views1609