cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

အဆိပ်သီး(သို့မဟုတ်) တညင်းသီး

. ကျန်းမာရေးဆောင်းပါးများ
တညင်းသီးကို အင်္ဂလိပ်လို Djenkol Bean ဟုခေါ်ပြီး ဆေးသိပ္ပံအမည်မှာ Pithecolobium lobatum ဖြစ်သည်။ တညင်းသီးသည် မိုးဥတုတွင်သာ လှိုင်လှိုင်ပေါ်တတ်သော ရာသီစာအသီး တစ်မျိုးဖြစ်သည်။ စိုစွတ်သော တောင်ပေါ်ဒေသများတွင် ပေါက်လေ့ရှိပြီး များသောအားဖြင့် ဧပြီလနောက်ဆုံးပတ်နှင့် မေလတို့တွင် ခူးဆွတ်လေ့ရှိသည်။
  • မြန်မာနိုင်ငံ၏ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရွှေကျင်နှင့် သံတောင်ကြီးဒေသတို့က ထွက်ရှိသော တညင်းသီးများသည် အရသာပို၍ စီးပိုင်လှသဖြင့် လူကြိုက်များသည်။ လေ့လာမှုမှတ်တမ်းများအရတညင်းသီးကို မြန်မာတို့စားသုံးခဲ့သည်မှာ နှစ်ပေါင်း ၂၀၀ ကျော်ခဲ့ပြီဖြစ်သည်။ တညင်းသီး၏ ထူးခြားသော အစွမ်းသတ္တိတစ်မျိုးရှိသည်။၎င်းမှာ ခံတွင်းပျက်ပြီး စားချင်သောက်ချင်စိတ် မရှိသူတို့ကို တညင်းသီး၏ စေးထန်း၍ ဖန်ပြီးစပ်သောအရသာတို့က လျှာပေါ်ရှိ အရသာဖုများကိုနိုးကြားစေပြီး စားချင်သောက်ချင်စိတ်ဖြစ်ပေါ်ခံစားလာစေနိုင်သည်။ ထို့ကြောင့်မြန်မာလူမျိုးတို့သည် တညင်းသီးကို အဘယ်အကြောင်းကြောင့် ကြိုက်နှစ်သက်ကြသနည်းဆိုသော် နှုတ်မြိန်အစားအစာဖြစ်၍ဟု ဆိုနိုင်ပါသည်။တညင်းစားဖွယ်စုံတညင်းသီးကို ပြုတ်၍သော်လည်းကောင်း၊ မီးဖုတ် (မီးအုံး) ၍သော်လည်းကောင်း၊ တညင်းသီးနုနုကို ဆားရည်စိမ်၍သော်လည်းကောင်းငါးပိရည် အတို့အမြှုပ်အဖြစ် စားကြသည်။ တညင်းသီးပြုတ်ကို ဆီဆမ်းဆားဖြူး၍ စားခြင်း၊ တညင်းသီးပြုတ်ကို ထောင်း၍ ဝက်သားဖြင့် ဆီပြန်ချက်ခြင်း၊ တညင်းသီးရင့်ရင့်ကို စိုစွတ်သောသဲတွင် နှစ်ထား၍ အစို့ အညှောက်ထွက်လာသည်အထိ တညင်းဝက်ပြုလုပ်ကာ ကြော်၍သော်လည်းကောင်း၊ မီးအုံး၍သော်လည်းကောင်း စားခြင်း၊ တညင်းသီးပြုတ်ကို ပါးပါးလှီး၍ လက်ဖက်သုပ်တွင် ထည့်၍စားခြင်း၊ တညင်းသီးကိုပြုတ်၍ ငရုတ်ဆုံထဲတွင် ခပ်ပါးပါးဖြစ်အောင် ထောင်းထုကာအုန်းနို့ကိုချက်၍ တညင်းသီးအုန်းနို့ဆမ်းအဖြစ် မြိန်ရှက်စွာ စားသောက်လေ့ရှိသည်။တညင်းသီး အဆိပ်သင့်ခြင်းမြန်မာလူမျိုးတို့အကြိုက် ရိုးရာအစားအစာဖြစ်သော တညင်းသီးသည် အနောက်တိုင်းဆေးပညာရှင် ဆရာဝန်ကြီးများကလုံးဝလက်မခံသောအစားအစာဖြစ်သည်။တညင်းသီးတွင် လူကိုအကျိုးပြုသော ဗီတာမင်ဓာတ် လုံးဝပါဝင်မှုမရှိဘဲ လူကိုဒုက္ခပေးနိုင်သော Djenkolic အက်စစ်(ခေါ်) အဆိပ်ဓာတ် သုည ဒသမ ၃ ရာခိုင်နှုန်းမှ ၁ ဒသမ ၃ ရာခိုင်နှုန်းအထိ ပါဝင်နေသည်။ ထို့ကြောင့်တညင်းသီးသည် အဆိပ်သင့်တတ်သော အစားအစာတစ်ခုဖြစ်သည်။ တညင်းသီးအဆိပ်သင့်ခြင်းကို ဆေးသိပ္ပံနည်းအရ Djenkilism ဟုခေါ်သည်။ တညင်းသီးအဆိပ်၏ဖွဲ့စည်းပုံ မော်လီကျူးက အပ်ချောင်းပုံလေးများကို ပုတီးကဲ့သို့ သီထားသောပုံသဏ္ဌာန်ဖြစ်ကာ ရှည်လျားပြီး တစ်ခုနှစ်တစ်ခု အလွယ်တကူချိတ်တွယ်နိုင်သည်။ အစာစားသောက်ခြင်းမှ လူသားတို့ခန္ဓာကိုယ်တွင်း ဝင်ရောက်လာသော အဆိပ်ကို အသည်းက ပျက်ပြယ်အောင် လုပ်ပေးလေ့ရှိပြီး ကျောက်ကပ်၏ တာဝန်မှာ ခန္ဓာကိုယ်ထဲက အညစ်အကြေးများကို စွန့်ထုတ်ပေးသည်။ တညင်းသီးစားသည့်အခါ ပါဝင်အဆိပ်များ သွေးထဲကို ဦးစွာရောက်ရှိသွားသည်။ ပြီးမှသာ အသည်းဆီသို့ ရောက်လာသည်။ ထိုအခါ အသည်းက ခန္ဓာကိုယ်ထဲရှိအဆိပ်များကိုပျက်ပြယ်အောင်လုပ်ပေးနိုင်သော်လည်း တညင်းသီးမှာပါရှိသော အဆိပ်ကိုမူ ပျက်ပြယ်အောင် မစွမ်းဆောင်နိုင်ပေ။ ထိုအခါ အဆိပ်များကိုကျောက်ကပ်ကစွန့်ထုတ်ရန် ကြိုးစားရသည်။ သို့သော် တညင်းသီးအဆိပ်မော်လီကျူးများတည်ဆောက်မှုပုံစံကြောင့် ဆီးပြွန်ငယ်လေးများ ပိတ်ဆို့တတ်သည်။ ထို့ပြင် အပ်ချောင်းပုံ အဆိပ်မော်လီကျူးများ၏ ထိုးစိုက်မှုကြောင့် သွေးကြောလေးများ ပေါက်တတ်သည်။ ထိုအခါဆီးသွားရင်း သွေးပါခြင်း၊ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းများ ဖြစ်ပေါ်ခံစားရသည်။အဆိပ်သီး(သို့မဟုတ်) တညင်းသီးအဆိုးဆုံးသော အခြေအနေတွင် ဆီးလမ်းကြောင်းပိတ်ပြီး ဆီးလုံးဝသွားမရ ဖြစ်လာပါလိမ့်မည်။ ကျောက်ကပ်နှစ်ခုစလုံးက ဆီးမထွက်နိုင်သဖြင့် တင်းလာပြီး မခံမရပ်နိုင်အောင်နာကျင်လာမည်။ သွေးထဲမှာ Urea နှင့်အဆိပ်အတောက်များလာပြီး ဆေးရုံကို အချိန်မီ တက်ရောက်ကုသမှု မခံယူပါက အသက်သေဆုံးနိုင်သည်။ ထိုဖြစ်စဉ်ကို ရုတ်တရက် ကျောက်ကပ်ပျက်စီးခြင်းဟုခေါ်သည်။ ကျောက်ကပ်သန့်စင်စက်ဖြင့်အချိန်မီကုသနိုင်မှသာ အမြန်ဆုံးသက်သာနိုင်လိမ့်မည်။မြန်မာနိုင်ငံနှင့် တညင်းသီးအဆိပ်သင့် ပြဿနာတညင်းသီးပေါသော စစ်ကိုင်းတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်နှင့် သံတောင်ကြီးဒေသတို့တွင်တညင်းသီးအဆိပ်သင့်မှုအများဆုံးတွေ့ရသည်။ မိုးရာသီတွင် အဆိုးဆုံးဖြစ်ပြီး နှစ်စဉ် အဆိပ်သင့်မှုကြောင့် အသက်ဆုံးရှုံးမှုများ ရှိကြသည်။အထူးသဖြင့် အဆိပ်သင့်သည့်အခါဆေးရုံတက်ရောက်ပြီး စနစ်တကျကုသမှု မခံယူနိုင်ပါကသေဆုံးရန်လမ်းပိုများသည်။ အန္တရာယ်ဖြေလျှော့၍ စားသုံးနည်းတညင်းသီးသည်ကျောက်ကပ်ကျန်းမာရေးအတွက် ဘေးထွက်ဆိုးကျိုးများလှသော်လည်း မစားရမနေနိုင် ခံတွင်းတွေ့သူများအတွက် အန္တရာယ်ဖြေလျှော့စားသုံးနည်းလမ်းများကို အောက်ပါအတိုင်း ဖော်ပြပေးလိုပါသည်။တညင်းသီးစားသောအခါ အသီးညှာကိုဖယ်၍စားပါ။ တညင်းသီးကို ကြိုက်တတ်၍ များများစားသုံးပြီးသည့်အခါဖြစ်စေ၊ အုန်းနို့နှင့်ရောနှောချက်စားမိလျှင်ဖြစ်စေ စားပြီးပြီးချင်း သံပရာရည်တစ်ခွက် သောက်သုံးရန်လိုအပ်သည်။ တညင်းသီးကို စိတ်ကြိုက်စားပြီးသော်လည်း ဝမ်းပုံမှန်သွားလျှင် ပြဿနာမဖြစ်နိုင်ပါ။ သို့သော် ဝမ်းချုပ်လေ့ရှိသူများ တညင်းသီးစားပြီးနောက် ဝမ်းပျော့ဆေးသောက်ပေးသင့်ပါသည်။ တညင်းသီးနှင့် ဒူးရင်းသီးတို့ကို အချိန်ကာလမခြားဘဲ ဆက်တိုက်စားမိပါက အော့အန်တတ်သည်။ တညင်းသီးကို မီးဖုတ်၍ (လုံးဝ) မစားသင့်ပေ။အဘယ်ကြောင့်ဆိုသော် တညင်းသီးအဆိပ်က မီးအပူချိန် ၃၀၀ ဒီဂရီစင်တီ ဂရိတ်ကျော်မှသာ ဓာတ်ပြယ်ပျက်စီးနိုင်သည်။ ရေဆူမှတ်သည်၁၀၀ ဒီဂရီစင်တီ ဂရိတ်မျှသာရှိ၍ ဓာတ်ပျက်ပြယ်နိုင်စွမ်း မရှိပေ။ အကယ်၍ မီးဖုတ်၍စားသည့်အခါ အဆိပ်များက ဓာတ်လည်းမပြယ်၊ အပြင်လည်း မရောက်တော့ဘဲ ၁၀၀ ရာခိုင်နှုန်းပြည့် ခန္ဓာကိုယ်တွင်း ရောက်ရှိနေပြီး ဒုက္ခကြီးစွာပေးပါတော့သည်။ တညင်းသီးတွင်ပါရှိသောအဆိပ်ဓာတ်များက ရေဖြင့်ပြုတ်သောအခါ တစ်ကြိမ်တည်းနှင့် မလုံလောက်နိုင်ပါ။ အနည်းဆုံး သုံးကြိမ်မှ ငါးကြိမ်အထိ ရေများများဖြင့်ပြုတ်ပေးရပါမည်။ ပြုတ်ပြီးသောရေများကိုသွန်ပစ်ပြီး ရေအသစ်နှင့် ထပ်မံပြုတ်ပါ။ထိုမှသာ အန္တရာယ်တော်တော်များများ လျော့သွားနိုင်ပါလိမ့်မည်။ မြန်မာဆေးကျမ်းတစ်စောင်ဖြစ်သော “ဇီဝိတဆေးကျမ်း”တွင် တညင်းသီးသည် အခိုးအနံ့ပြင်း၊ အဆိပ်များ၏။ ဝါယောဓာတ်သွားရန် အာကာသရ၍ ပထဝီဓာတ်ကို ဖြစ်စေ၏။ မပူလွန်း၊ မအေးလွန်းမျှတသောတေဇောဓာတ်ရှိ၏ဟု ဆိုထားသည်။ ထို့ကြောင့် တညင်းစားမိ၍ပိတ်သောအာကာသဓာတ်များကို ပြန်ဖွင့်စေရန်(က) တညင်းသီးစားသောအခါ ရှောက်ရွက်ဖြင့်ရော၍ တို့မြှုပ်စားပေးပါ။ (ခ) တညင်းသီးပြုတ်သောအခါ သကြားအနည်းငယ်နှင့် ရှောက်ရွက်ထည့်၍ ပြုတ်ပါ။ တညင်းသီးအဆိပ်သည် ဆားရည်တွင် အလွယ်တကူပျော်ဝင်နိုင်သည်။ ထို့ကြောင့် တညင်းသီးစားသုံးနည်းမျိုးစုံအနက် ဆားရည်စိမ်စားခြင်းကအဆိပ်များကို အတော်အတန် လျော့နည်းသွားသဖြင့် အန္တရာယ်အနည်းဆုံးဟု ဆိုနိုင်ပါသည်။ခြွင်းချက်တညင်းသီးက ကျောက်ကပ်ကို လွန်စွာဆိုးကျိုးဖြစ်စေသည် မှန်သော်လည်း တညင်းသီးကြိုက်သူများအတွက် အဆိုးထဲက အကောင်းဆိုသလို သတင်းကောင်းတစ်ခု ရှိနေပါသည်။ လူသိနည်းသော သတင်းကောင်းဟု ဆိုရမည်။ မြန်မာ့ဆေးကျမ်းတစ်စောင်ဖြစ်သော “ဆေးအဘိဓာန်”တွင် တညင်းသီးသည်ကား သလိပ်အားကြီးသော်လည်းကောင်း၊ လေအားကြီးသော်လည်းကောင်း၊ သည်းခြေဆာလောင်သော်လည်းကောင်း၊ အပူနှင့်တကွဖြစ်သော အပုပ်နာကိုသော်လည်းကောင်း၊ ပါဒရက် ခြေကတက်သော အနာကိုလည်းကောင်း ချမ်းသာစေတတ်၏ဟု ဆိုထားသည်။ ထို့ကြောင့်ပန်းနာရပ်ကျပ်ရောဂါသည်များ၊ လေနာရောဂါသည်များ၊ စိတ်မတည်မငြိမ်ဖြစ်နေသူများအတွက်တညင်းသီးက ကောင်းကျိုးဖြစ်စေနိုင်သည်။ မည်သို့ပင်ဆိုစေကာမူဘေးထွက်ဆိုးကျိုးများလှသော တညင်းသီးကို လျှော့စားပေးနိုင်လေကောင်းလေဖြစ်ပါသည်။ဘေးဖြစ်စေသော တညင်းသီးအနံ့ပြင်းပြင်း၊ အဆိပ်ပြင်းပြင်း တညင်းသီးစားပြီးသောအခါ ခံတွင်းနံ၊ ဆီးနံ၊ ဝမ်း(မစင်)နံခြင်းများက ခန္ဓာကိုယ်တွင်းသို့ အဆိပ်များဝင်နေပြီဖြစ်ကြောင်းဖော်ပြလျက်ရှိသည်။ အထူးသဖြင့် မျက်စိနာနေချိန် တညင်းသီး လုံးဝမစားသင့်ပေ။သွေးတိုးရောဂါရှိသူများနှင့်လည်း မတည့်ပေ။မကြာခဏ ဝမ်းချုပ်တတ်သူများ တညင်းသီးမစားသင့်ပေ။ ထို့ကြောင့် တညင်းသီးစားပြီးနောက် ခန္ဓာကိုယ်ကိုလည်း ဒုက္ခပေးသလိုအိမ်သာထဲမှာလည်းအနံ့ဆိုးပေးသော ”အဆိပ်သီး” ကို အာသာငမ်းငမ်းစားသုံးခြင်းမှ ရှောင်ရှားသင့်ပါကြောင်း အကြံပြုလိုက်ရပါသည်။


    • ပေါက်ပေါက်မြန်မာတောင်သူကြီးများ ဂျာနယ်

  • article
likes8comments1
views205views2073