cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

အယ်လ်နီညိုနှင့် နွေရာသီကျန်းမာရေး

. ကျန်းမာရေးဆောင်းပါးများ
အပူနှင့်အအေးကွာခြားချက်မြင့်မားသွားစေနိုင်သည့် အခြေအနေကိုအထူးသတိပြုရမည်ဖြစ်ပြီးပူသောအခြေအနေမှ အေးသည့်အခြေအနေသို့ ရုတ်တရက်ကူးပြောင်းသည့်အခါ၊ အေးသည့်အခြေအနေမှ ပူသောအခြေအနေသို့ ရုတ်တရက်ကူးပြောင်းသည့်အခါမှာHeat Stroke ဟုခေါ်သည့် အပူလျှပ်ခြင်း၊ လေဖြတ်ခြင်း၊ ဦးနှောက်သွေးကြောပြတ်ခြင်း၊ အသက်သေဆုံးခြင်းတို့အထိဖြစ်နိုင်သည်ကိုသတိပြုရမှာဖြစ်တယ် လို့ ဆေးပညာရှင် အသိုင်းအဝိုင်းကအကြံပြုထားပါတယ်။
  • အယ်လ်နီညိုသည် ပစိဖိတ်သမုဒ္ဒရာအတွင်းဖြစ်ပေါ်သည့် ရာသီဥတုဖြစ်စဉ် တစ်ခုဖြစ်ပြီးအီကွေတာအနီးတစ်ဝိုက် နိုင်ငံများတွင် အပူချိန်လွန်ကဲခြင်း၊ ပုံမှန်မိုးရေချိန်ထက် ကျော်လွန်၍ မိုးရွာသွန်းခြင်း (သို့မဟုတ်) ဆန့်ကျင်ဘက်အားဖြင့် အလွန်အမင်းပူပြင်းခြောက်သွေ့ခြင်းစတာတွေကိုဖြစ်ပွားစေကာယင်းဖြစ်စဉ်ဟာကမ္ဘာကြီးပူနွေးလာမှုကြောင့် ပိုမိုဆိုးရွားလာတယ်လို့ သိရပါတယ်။

    ယခုနှစ် နွေရာသီကာလတွင် အင်အားအသင့်အတင့်ရှိသောအယ်လ်နီညိုဖြစ်စဉ်ကြောင့်လည်းတစ်နေ့တခြားပိုမိုပူပြင်းလာသည့် သဘောများရှိနေပါတယ်။

    ပြည်သူများအနေဖြင့် အပူချိန်မြင့်မားလာမှုကြောင့် အပူလျှပ်ခြင်း(Heat Stroke)အန္တရာယ် ကိုအထူးသတိပြုသိရှိထားရမှာဖြစ်ပြီးလူတစ်ယောက်သည် ခန္ဓာကိုယ်အပူချိန် ၁၀၄ ဒီဂရီဖာရင်ဟိုက် (၄၀ ဒီဂရီစင်တီဂရိတ်)နှင့် အထက်ရှိလာလျှင် ကျန်းမာရေးအတွက် အန္တရာယ်ရှိသောအဆင့်သို့ ရောက်ရှိလာနိုင်တယ်လို့ သိရပါတယ်။

    ပြင်ပအပူချိန် မြင့်တက်လာသောအခါတွင် ပတ်ဝန်းကျင်ရှိရေနှင့် အရာဝတ္ထုများပါ ပူပြင်းလာသည်ကိုတွေ့ရမှာဖြစ်ပြီးအလားတူခန္ဓာကိုယ်အပူချိန်ပါ မြင့်မားလာတာကြောင့် အပူချိန်မြင့်မားနေသောနေ့လယ်နေ့ခင်းအချိန်များတွင် အကာအကွယ်မပါဘဲပြင်ပသို့ထွက်ခြင်းကိုရှောင်ရှားပြီးအရိပ်အာဝါသအောက်တွင်သာနေထိုင်ကြရန်လိုအပ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားပါတယ်။

    အပူဒဏ်ကြောင့် ဖြစ်ပေါ်တတ်သောအန္တရာယ်များတွင် အပူလျှပ်ခြင်းသည် အစိုးရိမ်ရဆုံးအခြေအနေဖြစ်ပါတယ်။ အပူချိန်မြင့်မားမှုဒဏ်ကိုခံစားရသောကြောင့် ဦးနှောက်၊ နှလုံး၊ ကျောက်ကပ်နှင့် ကြွက်သားများကိုထိခိုက်ပျက်စီးစေနိုင်ပြီးအချိန်မီကုသရန် နှောင့်နှေးနေပါကထိခိုက်ပျက်စီးနိုင်ခြေမြင့်မားပြီးအသက်အန္တရာယ် ထိခိုက်သည်အထိစိုးရိမ်ဖွယ်ရာဖြစ်နိုင်သည်ကိုသတိပြုရမှာဖြစ်တယ်လို့ သိရပါတယ်။

    အထူးသဖြင့် အပူနှင့်အအေးကွာခြားချက်မြင့်မားသွားစေနိုင်သည့် အခြေအနေကိုအထူးသတိပြုရမည်ဖြစ်ပြီးပူသောအခြေအနေမှ အေးသည့်အခြေအနေသို့ ရုတ်တရက်ကူးပြောင်းသည့်အခါ၊ အေးသည့်အခြေအနေမှ ပူသောအခြေအနေသို့ ရုတ်တရက်ကူးပြောင်းသည့်အခါမှာHeat Stroke ဟုခေါ်သည့် အပူလျှပ်ခြင်း၊ လေဖြတ်ခြင်း၊ ဦးနှောက်သွေးကြောပြတ်ခြင်း၊ အသက်သေဆုံးခြင်းတို့အထိဖြစ်နိုင်သည်ကိုသတိပြုရမှာဖြစ်တယ် လို့ ဆေးပညာရှင် အသိုင်းအဝိုင်းကအကြံပြုထားပါတယ်။

    အနောက်တိုင်းဆေးပညာအရပြင်းထန်သောအပူချိန်ကြောင့် သတိမေ့မျောခြင်း၊ စကားမေးမရခြင်း၊ အဖျားကြီးခြင်းနှင့် အပူဒဏ်ကိုကာကွယ်ရင်းအအေးသို့မဟုတ် ရေအေးနှင့် ရုတ်တရက် ထိတွေ့ပြီးမသေဆုံးသင့်ဘဲသေဆုံးခြင်းဖြစ်တတ်ကာဥပမာအားဖြင့် နေပူပြင်းသောနေ့လယ်ပိုင်းအချိန်တွင် ရောဂါအခံရှိသူများ၊ အသက် အရွယ်ကြီးရင့်သောသူများရုတ်တရက်ဖြစ်တတ်သည့် အခြေအနေနှင့် အသက်အရွယ်မရွေးအအေးဓာတ်ပေးထားသောယာဉ်၊ အခန်းတွင်းတို့မှ ပူပြင်းနေသောပြင်ပသို့ ရုတ်တရက်ထွက်ရာမှ အသက် အန္တရာယ်ထိခိုက်နိုင်သောအခြေအနေများသည် အပူဒဏ်ကြောင့် အများဆုံးဖြစ်တတ်သောအခြေအနေများဖြစ်ကြောင်းကျန်းမာရေးပညာရှင်များထံကသိရပါတယ်။

    ပူပြင်းသောယခုလိုရာသီကာလများတွင် အသက်အရွယ်ကြီးရင့်သူများနှင့် ရောဂါအခံရှိသူများအနေဖြင့် အရိပ်ထဲတွင်သာနေထိုင်သင့်သလိုတိုင်းရင်းဆေးအလိုအရနွေရာသီကာလရေချိုးလျှင် နံနက်စောစောတွင်သာရေချိုးသင့်ပြီးနေ့လယ်ပိုင်းနှင့် ညနေပိုင်းတွင် ရေချိုးခြင်းမပြုလုပ်သင့်ကြောင်း၊ ရေမချိုးမီရေအေးတစ်ဖန်ခွက် သောက်ပြီးမှ ရေချိုးသင့်ကြောင်း၊ ရေချိုးလျှင် ဦးခေါင်းမှစ၍ ရေမလောင်းဘဲခြေထောက်အဖျားမှ အထက်သို့ တဖြည်းဖြည်းရေလောင်းပြီးမှ ရေချိုးသင့်ပြီးရေမချိုးမီဆီးသွားထားရန်လိုအပ်ကာဆီးများရှိနေပြီးရေချိုးပါကဆီးပူ၊ ဆီးအောင့်၊ ညောင်းကျရောဂါ ဖြစ်တတ်တယ်လို့လည်းကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားပါတယ်။

    နွေရာသီတွင် ထူထဲသောအဝတ်အစားများကိုရှောင်ရှားပြီးပေါ့ပေါ့ပါးပါးအဝတ်အစားများကိုဝတ်ဆင်သင့်ကာနေ့လယ်ပိုင်းနှင့် ညနေပိုင်းအချိန်တွင် သစ်ပင်ရေလောင်းပြီးရေစိုနိုင်သောအခြေအနေနှင့် နေပူထဲမှပြန်လာပြီးရေခဲရေသောက်ခြင်းကိုရှောင်ရှားသင့်တယ်လို့လည်းအထွေထွေရောဂါကုဆရာဝန်အသိုင်းအဝိုင်းကသိရပါတယ်။

    ထို့အပြင် ပူပြင်းပြီးစိုစွတ်သောအခြေအနေတွင် ရှင်သန်ပေါက်ပွားသောပိုးမွှားများမှ ထုတ်လွှတ်သည့် အဆိပ် များနှင့် အဆိပ်သင့်ခြင်းများလည်းဖြစ်ပေါ်နိုင်ပြီးအပူလွန်ကဲခြင်းနှင့် မီးလောင်ခြင်းများမှထွက်သောမီးခိုးငွေ့များကြောင့် လေထုအရည်အသွေးယိုယွင်းပျက်စီးကာအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများဖြစ်ပွားခြင်းနှင့် ရောဂါကိုပိုမိုဆိုးရွားစေခြင်း၊ အပူဒဏ်သင့်ခြင်းကြောင့် သက်ကြီးရွယ်အိုများ၊ မွေးကင်းစနှင့် ကလေးငယ်များ၊ အဆောက်အအုံအပြင်ဘက်တွင် အလုပ်လုပ်သူများနှင့် နာတာရှည်ရောဂါ ခံစားနေရသူများကိုအဓိကသက်ရောက်မှုရှိတယ်လို့လည်းသိရပါတယ်။

    အပူဒဏ်အန္တရာယ်ဟာလူတို့၏ ကျန်းမာရေးကိုထိခိုက်နိုင်သည့်အပြင် အသက်အန္တရာယ်ပါ ဖြစ်နိုင်သဖြင့် သတိပြုရမည့်အချက်များကိုလိုက်နာဆောင်ရွက်ကြပြီးနေ့လယ်ပိုင်းတွင် မဖြစ်မနေအပြင်ထွက်ရမည်ဆိုပါကအပူဒဏ် ကာကွယ်မည့် ထီး၊ ဦးထုပ်၊ နေကာမျက်မှန်တို့ကိုအသုံးပြုကြပြီးအပူဒဏ်အန္တရာယ်ကိုသတိပြုကာကွယ်ကြရန် ကျန်းမာရေးဝန်ကြီးဌာနမှ တိုက်တွန်းထားပါတယ်။

    MFN မှကူးယူဖော်ပြပါသည်။

    ---

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes11comments0
views167views1970