cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ငါးဖမ်းခြင်း (ငါးကန်ဖော်ခြင်း) နည်းစနစ်များ

. ငါးမွေးမြူရေးဆောင်းပါးများ
ငါးမွေးတောင်သူများသည် ငါးမျိုးစိတ် တစ်မျိုးတည်းကိုလည်းကောင်း (သို့မဟုတ်) ငါးမျိုးစိတ် နှစ်မျိုး၊သုံးမျိုး စသဖြင့် ရောနှောမွေးမြူခြင်းကိုလည်း လက်ရှိဆောင်ရွက်နေကြပါသည်။ မွေးမြူရေးကာလသည် အနည်းဆုံး (၁၂)လမှ (၁၈)လအထိ မွေးမြူကြပါသည်။ အချို့သော တောင်သူများသည် (၃၆)လ အထိ မွေးမြူကြသည်ကို တွေ့ရှိရပါသည်။
  • ယခုအချိန်ကာတွင် သဘာဝပတ်ဝန်းကျင် ပြောင်းလဲခြင်း ၊ အစာဈေးနှုန်းပြောင်းလဲခြင်း၊ ငါးဈေးနှုန်းအတက်အကျ လျင်မြန်စွာပြောင်းလဲလာခြင်းတို့ကြောင့် မွေးမြူနည်းစနစ်များကိုလည်း ပြောင်းလဲသင့်ပါကြောင်း တင်ပြလိုပါသည်။ 

    ၂၀၁၀ခုနှစ် နောက်ပိုင်းတွင် ရာသီဥတုပြောင်းလဲဖောက်ပြန်ခြင်းသည် တစ်နှစ်ထက်တစ်နှစ် ပိုမိုပြင်းထန် လာပါသည်။ မိုးကြီး ‌ရေလျှံခြင်း ၊ အပူချိန်မြင့်မားလာခြင်းများသည် ငါးမွေးကန်များနှင့် မွေးမြူထားသော ငါးများကို တိုက်ရိုက်ထိခိုက်စေပါသည်။ ၂၀၁၈ခုနှစ် နောက်ပိုင်းကာလများတွင် အစာကုန်ကြမ်းဈေးများသည် တစ်နှစ်ထက် တစ်နှစ် ဆတိုးမောင်းပြန်တက်လာပြီး ၊ ငါးကုန်ဈေးနှုန်းသည် အနည်းငယ်တက်လာပါသည်။ သို့ သော် အစာကုန်ကြမ်းဈေး တက်နှုန်းကို မမှီသဖြင့် အကျိုးအမြတ် ရရှိမှု နည်းပါးလာသည်ကို တွေ့ရပါသည်။ 

    ထို့ကြောင့် ယခင်မိရိုးဖလာ သမာရိုးကျအတိုင်း ငါးဆက်မွေးပါက မှန်းချက်နှင့် နှမ်းထွက် မကိုက်ညီ နိုင်ပါ။ မွေးမြူနည်းစနစ် နှင့် ငါးဖမ်းနည်းစနစ်များကို ပြောင်းလဲလုပ်ကိုင်သင့်ကြောင်း အကြံပြုတင်ပြအပ်ပါ သည်။ ပုံမှန်အားဖြင့် ငါးမြစ်ချင်း မျိုးစိတ်မွေးမြူပါက အနည်းဆုံး ၁၈ လနှင့် ၂၄လ မွေးမြူနေကြသည်ကို တွေ့ ရပါသည်။ ငါးမြစ်ချင်းမွေးမြူရေးကာလအတွင်း အချိန်တိုအတွင်း ဈေးကွက်ဝင်ငါးမျိုးစိတ်များ ထည့်သွင်း မွေးမြူပြီး တစ်ဝက်တစ်ပျက် ကန်ဖော်ပြီး ငါးထုတ်လုပ်ရေးစနစ်ကို ပြောင်းလဲပါက အစာအခက်အခဲများကို တစ်စိတ်တစ်ပိုင်း ဖြေရှင်းနိုင်ပါမည်။ 

    မွေးမြူထားသော ငါးမျိုးများတွင် ငွေရောင်ငါးကြင်း၊ ငါးခေါင်းပွ၊ ရွှေဝါငါးကြင်း၊ မြက်စားငါးကြင်း၊ ထိုင်းငါးခုံးမကြီးတို့သည် (၅-၆)လအတွင်း အရွယ်ကြီးထွားနိုင်ပါသည်။ အဆိုပါငါးများနှင့် ငါးမြစ်ချင်းကို ရောနှောမွေးမြူပြီး ၊ မွေမြူရေးကာလ တစ်ဝက်ချိန်တွင် အဆိုပါငါးများကို ဖမ်းဆီးရောင်းချခြင်းဖြင့် ဝင်ငွေပြန်လည်ရရှိစေပြီး ကုန်ထုတ်လုပ်မှုကိုလည်း မြင့်မားစေပါသည်။ ထို့ကြောင့် ရော‌နှောမွေးမြူခြင်းစနစ်နှင့် တစ်ဝက် တစ်ပျက် ဖမ်းဆီးခြင်းစနစ်ကို ကျင့်သုံးသင့်ပါသည်။‌ ရွေးချယ်ဖမ်းဆီးခြင်းစနစ်ကိုအသုံးပြုခြင်းဖြင့် အောက်ပါအကျိုးများကို ဖြစ်ထွန်းစေပါသည်။ 

    • ကျန်ရှိသော ငါးများအတွက် သဘာဝအစာပေါများလာခြင်း 
    • ကျန်ရှိသောငါးငယ်များ လျင်မြန်စွာ ကြီးထွားလာခြင်း 
    • ငါးသေပျောက်မှု လျော့နည်းလာခြင်း 
    • ငါးခိုးဖမ်းသော အန္တရာယ်မှဝေးကွာလာခြင်း 
    • ရေလွမ်းမိုးမှုကြောင့် ငါးဆုံးရှုံးမှု နည်းပါးလာခြင်း 
    • အစာနှင့်မြေဩဇာဝယ်ယူရန် ငွေရရှိလာခြင်းနှင့် ကန်ပြောင်ဖော်သောအချိန်တွင် ထုတ်လုပ်သော ကုန်တိုးတက်လာခြင်း များရရှိပါမည်။ 

     

    ဦးဆန်းအောင်  

    ထွက်တိုး 

     

     


  • article
likes9comments0
views72views2002