cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ခရု၊ ရွှေခရု၊ တီကောင်၊ ပဲပုတ်စေ့များဖြင့် အမိုင်နိုအက်ဆစ်မြေသြဇာအရည်ပြုလုပ်ခြင်း

. အပင်အာဟာရ
ပရိုတင်းပါဝင်သည့်အရာများ/အသားများအား ရေဖြင့် (၁း၁) အချိုးတူစွာ ရောကြိတ်ပါ။ ဥပမာ- ခရု၊ ရွှေခရု၊ တီကောင်များ၊ ပဲပုတ်စေ့ တို့တွင် ပရိုတင်းနှင့် အမိုင်နိုအက်ဆစ်ပါဝင်မှု အလွန်မြင့်မားသည်။ (ဇယားတွင်ဖော်ပြထားပါသည်။)
  •  -တင်လဲရည် သို့မဟုတ် သကြားကို ပါဝင်ပစ္စည်းများနှင့် ဆတူထည့်ပေးပါ။  


    -အပူချိန် (၆၀)ဒီကရီစင်တီဂရိတ်ခန့်တွင် (၁)မိနစ်ခန့် အပူပေးပါ။ (မပြုတ်ရ)  


    -အအေးပြန်ခံ၍ (ဖြစ်နိုင်လျှင်) pH 5 အထိ ညှိပေးပါ (အနံ့ဆိုးထွက်စေသည့် ဘက်တီးရီးယားများမပွားလာစေရန်ဖြစ်သည်။ pH မီတာမရှိလျှင် ညှိစရာမလိုပါ။)  


    - ဆွေးမြည့်မှုမြန်ဆန်စေရန်၊ ပရိုတင်းအသားဓာတ်မှ အမိုင်နိုအက်ဆစ်အဖြစ်ပြိုကွဲသွားစေရန်နှင့် ပုပ်မသွားစေရန်အတွက် သင်္ဘောသီးမှရရှိသည့် အစေး သို့မဟုတ် papain အင်ဇိုင်းကို ရောနှောပါ။  


    - EM သို့မဟုတ် IMO ရှိလျှင် ရေနွေးပန်းကန်တစ်လုံးခန့် ထည့်မွှေပေးပါ။  


    -အားလုံးကြေသွားသည်အထိ ရောကြိတ်ပေးပါ။  


    -အဖုံးပိတ်၍ သိုလှောင်ထားပါ။ အဖုံးကို နေ့စဥ် ခေတ္တလှပ်ပေးခြင်းဖြင့် ထွက်လာသောဓာတ်ငွေ့များအား ဖယ်ရှားပေးပါ။  


    - (၇-၁၀) ရက်ကြာလျှင် အသုံးပြုနိုင်ပြီဖြစ်သည်။  


    - ရေဖြင့် ၂း၁၀၀၀ မှ ၄း၁၀၀၀ အချိုး ရောစပ်ပက်ဖျန်းပေးနိုင်သည်။  


    - မြေဆီလွှာနှင့် မြေဆွေးပုံများအတွင်းရှိအဏုဇီဝများ ပိုမိုပွားများလာစေရန် လောင်းထည့်ပေးနိုင်သည်။  


    သတိထားသင့်သည့်အချက်များ -- 


    - ဓာတုဖြစ်စေ အော်ဂဲနစ်ဖြစ်စေ ရွက်ဖျန်းအားဆေးသည် မြေသြဇာများကဲ့သို့ အာဟာရဓာတ်များပါဝင်မှု မမြင့်မားပါ။ - ရွက်ဖျန်းအားဆေးတစ်ခုထဲဖြင့် မလုံလောက်ပါ။  


    - ဖြည့်စွတ်အာဟာရအဖြစ်လည်းကောင်း၊ အမြစ်များမကျန်းမာချိန် သို့မဟုတ် ရေဝပ်ချိန် သို့မဟုတ် အာဟာရချို့တဲ့ချိန်တွင် အပင်၏အာဟာရလိုအပ်ချက်ကို ရွက်ဖျန်းအားဆေးများမှ အလျင်အမြန်ဖြည့်တင်းပေးနိုင်သည်။  


    - သုတေသနများအရ အမိုင်နိုအက်ဆစ်ရွက်ဖျန်းဆေးများသည် ပက်ဖျန်းပြီး (၂၄)နာရီအတွင်း အပင်၏အမြစ်ထိရောက်ရှိသွားသည်ကို တွေ့ရှိရပြီး (၃)ရက်အတွင်း အာနိသင်ပြကြောင်း တွေ့ရှိရပါသည်။  


    - သဘာဝမြေသြဇာများနှင့်အတူ အမိုင်နိုအက်ဆစ်များအား ပူးတွဲသုံးစွဲပေးခြင်းဖြင့် သီးနှံများအရည်အသွေးနှင့် အထွက်နှုန်းကောင်းမွန်နိုင်မည်ဖြစ်ပါသည်။  


    References - http://www.priyachem.com http://hpeingredients.com/.../snail-proteins-rich-in... 


     ဒေါက်တာဝဏ္ဏထွန်း 


     


  • article
likes11comments0
views108views2614