ငါးအရေခွံစားခြင်းနဲ့ ကောင်းကျိုးများ
- ပရိုတင်း (Protein)
- အိုမီဓါ-၃ ဖက်တီအက်ဆစ် (Omega-3 fatty acids)
- ဗိုက်တာမင် ဒီ (Vitamin D)
- ဗိုက်တာမင် အီး (Vitamin E)
- အိုင်အိုဒင်း (Iodine)
- ဆီလီနီယမ် (Selenium)
- တာရင်း (Taurine)
ဒါကြောင့် ငါးအရေခွံစားခြင်းဖြင့် အောက်ပါကောင်းကျိုးတွေရရှိစေပါတယ်-
၁။ ပရိုတင်းဓါတ်ရရှိစေခြင်း
ငါးအရေခွံမှာ ပရိုတင်းဓါတ်ပါဝင်ပြီး ကျန်းမာရေးအတွက်ဆိုရင် ကြီးထွားနှုန်းရပ်တန့်စေခြင်း၊ သံဓါတ်ပမာဏနည်းခြင်းနဲ့ ခန္ဓာကိုယ်ရောင်ယမ်းတာတွေကို လျော့ပါးစေပါတယ်။
၂။ အိုမီဂါ-၃ ဓါတ်ကြွယ်ဝခြင်း
ငါးအရေခွံမှာပါဝင်တဲ့ အိုမီဂါ-၃ ဓါတ်ဟာ နှလုံးကျန်းမာရေးအတွက် ကောင်းပါတယ်။ ကိုယ်ဝန်ဆောင်တွေ အတွက်လည်းကောင်းသလို ဦးနှောက်နဲ့ အာရုံကြောအတွက်လည်း ကောင်းပါတယ်။
၃။ အရေပြားကျန်းမာရေးအတွက်ကောင်းခြင်း
ငါးအရေခွံမှာ ကော်လဂျင်နဲ့ ဗိုက်တာမင်အီး (Collagen & Vitamin E)ဓါတ်တွေပါဝင်ပြီး ဒါတွေဟာ အသက်ကြီးလာချိန် အရေပြားရွဲတာတွေ၊ အရေပြားရေဓါတ်ဆုံရှုံးတာတွေကို လျော့ပါးစေပါတယ်။
၄။ အာဟာရဓါတ်ပြည့်ဝစေခြင်း
ငါးအရေခွံစားတာဟာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရဓါတ်တွေကိုဖြည့်စီးပေးရာရောက်လို့ စားသုံးသင့်ပါကြောင့် အကြံပြုလိုက်ပါတယ်ခင်ဗျာ။
ထွက်တိုး
Source: Can You Eat Fish Skin, and Is It Healthy? (healthline.com)
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။