cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

သင်္ဘောအဖိုပင်ခွဲခြားနည်းနှင့် အသီးတင်အောင်ပြုလုပ်နည်း

. ဗဟုသုတ
သင်္ဘောပင် စိုက်ပျိုးရာတွင် များသောအားဖြင့် သင်္ဘောသီး၏ အစေ့များမှ မျိုးချန်၍ စိုက်တတ်ကြသည်။ သို့ရာတွင် သင်္ဘောသီး အတွင်းတွင် အဖိုပင်ဖြစ်လာမည့်အစေ့များ၊ အမပင်ဖြစ်လာမည့်အစေ့များ၊ လိင်စုံပင်များ စသည်ဖြင့် ရှိတတ်သည်။ ထိုကြောင့် အပင်၏ လိင်ပေါ်မူတည်၍ အပင်တိုင်းအသီး မသီးပါ။ သင်္ဘောပင်၏ သဘာဝအရ အကြမ်းအားဖြင့် လိင် အမျိုးအစားသုံးမျိုးရှိသည်။
  • အဖိုပင် - သင်္ဘောအဖိုပင်မှာ ပုံမှန်အနေအထားအရ အသီးမတင်ပါ။ ပန်းခိုင်ရိုးတံများမှာ အလွန်ရှည်လျှားပြီး ပင်စည်မှ အရွက်များနှင့်အပြိုင် ဖျာထွက်နေတတ်သည်။ ပန်းပွင့်မှာ သေးငယ်၍ အောက်ခံသန္ဓေအိမ်မပါဝင်ပါ။ အပွင့်ထဲတွင် ပန်းဝတ်မှုန်အိပ် အဝါရောင်အဖတ် ဆယ်ခု ပါရှိသည်။

    အမပင် - အသီးသီးနိုင်သော အပင်ဖြစ်သည်။ အမပွင့်ခိုင်များမှာ အရွက်ထိပ်ထိ မထွက်ပဲ ပင်စည်နှင့်ကပ်၍ ထွက်သည်။ အပွင့်အရွယ်အစားပိုကြီး၍ အပွင့်အောက်တွင် ဖောင်းနေသောသန္ဓေအိမ်ပါရှိသည်။ ဝတ်မှုန်ကူးခြင်းမရှိပဲ အမပင် တစ်ပင်တည်းထားလျှင် သီးလာသောအသီးတွင် အစေ့များမပါတတ်။ အကယ်၍ ဝတ်မှုန်ကူး၍ အသီးရလာလျှင် အသီးတွင် အစေ့များပါပြီး ပုပုဝိုင်းဝိုင်းပုံစံ ရှိတတ်သည်။

    လိင်စုံပင် - သင်္ဘောလိင်စုံပင်ကို နှစ်မျိုးခွဲခြားနိုင်သည်။

    ၁။ တစ်ပင်တည်းတွင် အဖိုပွင့်နှင့် အမပွင့် နှစ်ပွင့်လုံးပါသောအပင်

    ဤအပင်တွင် အဖိုအင်္ဂါပါသော အဖိုပွင့်နှင့် အမအင်္ဂါပါသော အမပွင့်တို့ တစ်ပင်တည်းတွင် နှစ်ပွင့်အတူပွင့်သည်။ ထိုကြောင့် ဝတ်မှုန်ကူးလွယ်သည်။ အသီးသီးမြန်သည်။ ပြွန်ပုံစံ အပွင့်ရှည်ရှည်များကိုထုတ်သည်။ အပွင့်အောက်တွင် သန္ဓေအိမ်ပါသည်။

    ၂။ တစ်ပွင့်တည်းတွင့် အဖိုအင်္ဂါနှင့် အမအင်္ဂါပူးတွဲပါသောအပင်

    ဤအပင်တွင် အဖိုပွင့်၊ အမပွင့် သီးသန့် မပါပဲ အပွင့်တစ်ပွင့်ထဲတွင် လိင်နှစ်မျိုးလုံးပါသည်။ ထို့ကြောင့် အသီးအများဆုံး ရနိုင်သောအပင်ဖြစ်သည်။ အပွင့်ကိုခွဲကြည့်ပါက အဖိုဝတ်မှုန်အိပ်ဖတ်အပြင် အမဝတ်မှုန်ခံတိုင်နှင့်သန္ဓေအိမ် နှစ်မျိုးလုံး တစ်ပွင့်တည်းတွင်ပါဝင်သည်။

    အဖိုပင်ကို အသီးသီးအောင်ပြုလုပ်နည်း

    မိမိစိုက်ပျိုးထားသော သင်္ဘောပင်သည် အဖိုပင်ဖြစ်ပါက အပင်ခြေကို သပ်ရိုက်၍ (အပင်မသေလောက်သော ဒါဏ်ရာပေးခြင်း)သော်လည်းကောင်း၊ အမပင်နှင့်အတူစိုက်ပေး၍သော်လည်ကောင်း အသီးရရှိစေနိုင်ပါသည်။ လိင်စုံဖြစ်ပါက အထူးတလည် ဝတ်မှုံကူးပေးရန်မလိုပါ။

    ဈေးကွက်ထဲတွင် မျိုးစေ့ကုမ္ပဏီများမှ သင်္ဘောအစေ့များကို လိင်စုံပင်သီးသန့်ရွေးချယ်၍ အသီးသီးနိုင်အောင် ပြုပြင်ဖန်တီးပြီး ထုတ်လုပ်သော အစေ့များလည်းရှိသည်။ ယုံကြည်စိတ်ချရသော မျိူးစေ့များကို ဈေးကွက်အတွင်း ဝယ်ယူပြီးလည်း စိုက်ပျိုးနိုင်သည်။

    ဖုန်းမာန်တိုး (ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ သီးနှံဖျက်ပိုးရောဂါကာကွယ်ရေးအထူးပြု -၂၀၁၀)

    သင်္ဘောပင်ရောဂါများ၊ စိုက်ပျိုးရေး ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို Like, Share နှင့် Download လုပ်ထားပါ - bit.ly/fbhtwettoe


  • article
likes12comments1
views416views2538