cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မြန်မာ့ရိုးရာအရက် (သို့) ထန်းရည်

. ကျန်းမာရေးဆောင်းပါးများ
"ဝိုင်" ဟာ ပြင်သစ်နိုင်ငံရဲ့ သင်္ကေတပဲ။ ဝီစကီဆိုရင် ဂျာမနီ။ Vodka ဆိုရင် ပိုလန်ပေါ့။ မြန်မာပြည်ဆိုရင်ရော... ကျွန်တော်တို့ရဲ့ ပြယုဂ်က​တော့ ထန်းရည်ပေါ့ဗျာ။

"ထန်းပင်ကျရည်...ထန်းပင်ကျရည်... ချိုတမြမြ ခါးတလေလေ..." လို့ ဆရာသုမောင်ရဲ့ "ထန်းပင်ကျရည်" သီချင်းထဲမှာ အကြားအာရုံနဲ့ ကျွန်တော်တို့ မြည်းစမ်းခွင့်ရခဲ့ကြတယ်။
  • ထန်းရည်ကို ထန်းပင်ကရရှိပါတယ်။ ထန်းရည်တွင် အချိုရည် နဲ့ အခါးရည်ဟူ၍ ၂ မျိုးရှိပါတယ်။ ထန်းရည်ချိုကို ထန်းဦးရေလို့ ခေါ်သည်။ ၎င်းကို မနက်စောစောရရှိတဲ့ မြူအိုးတွေကနေ ရတတ်ပြီး ထန်းရည်ခါးကတော့ နေ့လည်ဆယ်နှစ်နာရီကျော်ရောက်သည်နဲ့ အချဉ်ဖောက်ပြီး ဖြစ်သွားသည့် အရည်ကိုခေါ်သည်။ ထန်းရည်ခါးကို ထန်းပင်ပေါ်ရှိ ထန်းရည်ချိုယိုကျနေသော ထန်းစတွင် အခါးအိုး ချိတ်ဆွဲခြင်းဖြင့်ရရှိသည်။ အခါးအိုး ဆိုတာကတော့ ထန်းရည်ခါးအနယ် ထည့်ထားတဲ့ မြူအိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ ထန်းရည်သည် အချိန်ကြာရင်ကြာသလောက်အချဉ်ဖောက်ပြီး အခါးဓာတ်က ပိုလာတတ် ပါတယ်။ ထန်းရည်ကို ယောကျာ်းလေးများသာမက မိန်းကလေးများလည်း သောက်သုံးနိုင်သည်။ 

    ထန်းရည်ရရှိပုံ 

    ထန်းပင်မှာ အဖိုနှင့်အမဟူ၍ ၂ မျိုးရှိတယ်။ အဖို၊ အမ ၂ မျိုးလုံး၌ ထန်းရည်ရရှိနိုင်ပါတယ်။ အဖိုပင်သည် အမပင်ထက် တစ်ဆ၊ တစ်ဆခွဲလောက်ပို၍ ထန်းရည်ရရှိပါတယ်။ ထန်းရည်ကို အဖိုပွင့် ဖြစ်စေ အမပွင့်ဖြစ်စေ ထန်းနို့ကိုထုချေပေးရတယ်။ ထိပ်ဖျားကိုဓားနဲ့နေ့စဉ် လှီးဖြတ်ပေးခြင်းဖြင့် ထန်းနို့မှ ထန်းရည်များ ရရှိပါတယ်။ ထန်းရည်ကို များသောအားဖြင့် မြေအိုး (သို့မဟုတ်) ဝါးကျည်ထောင့်ဖြင့် ခံယူကြတယ်။ အညာဒေသတွင် မြူအိုးသုံးပြီး မြန်မာပြည်အောက်ပိုင်းဒေသတွေမှာ ဝါးကျည်တောက်ကို သုံးကြသည်။ 

    ထန်းရည်တွေ့ရှိရသောနေရာဒေသ 

    ထန်းပင်များကို များသောအားဖြင့် အညာမြေဒေသများ မန္တလေးတိုင်းတို့တွင် အများဆုံးတွေ့ရ တတ်ပါတယ်။ မြန်မာတို့ရဲ့ နှလုံးသားပင်မလို့ ခိုင်းနှိုင်းကြသည့် ပုဂံမြို့တွင်လည်း အများဆုံးတွေ့ရ တတ်တယ်။ ပုဂံသွားရဲ့ အလှတရားတွေထဲက တခုကတော့ လမ်းတဖက်တချက်ဆီတွင် တွေ့ရသော ထန်းရည်တောများ ထန်းရည်ဆိုင်များဖြစ်သည်။ အရင်ခေတ်များစွာက ထန်းတောနှင့်ထန်းရည်ဆိုင်များ ပေါများခဲ့သော်လည်း အခုခေတ်ပေါ် ဘားများ၊ ဘီယာဆိုင်များကြားတွင် တစစ မှေးမှိန်ပျောက်ကွယ်စ ပြု လာသည်ဖြစ်သည်။ သို့ပေမယ့် ထန်းရည်ဆိုင်များကို မြန်မာနိုင်ငံဒေသတစ်ချို့တွင် တွေ့နိုင်ပါတယ်။ ရန်ကုန်၌လည်း ထန်းရည်ဆိုင်လေးများရှိပါတယ်။ အခုအခါတွင် ထန်းရည်ကို ထုတ်ကုန်တစ်ခုအနေနဲ့ ပုလင်းများဖြင့် ထုတ်ပိုးရောင်းချ နေတာလည်းရှိပါတယ်။ 

    ထန်းရည်မှရရှိသောအကျိုးကျေးဇူးများ 

    ထန်းရည်အချိုသည် သကြားကဲ့သို့ချိုမြသောအရသာရှိပါတယ်။ အများကြီးသောက်ရန် မသင့် တော်ပေမယ့် အနည်းငယ်သောက်သုံးပေးရင် ကျန်းမာရေးအတွက်ကောင်းသည်။ ထန်းရည်သည် ကင်ဆာကိုပင် တိုက်ဖြတ်ပေးနိုင်သည့်အစွမ်းရှိသည်ဟု သာဓကများရှိဖူးသည်။ ထို့ပြင် အမြင်အာရုံလည်း ကောင်းစေတယ်။ အရေပြား၊ ဆံသားနဲ့ လက်သည်းခြေသည်းများကို ကျန်းမာစေနိုင်တယ်လို့ ဆရာဝန် များရဲ့ လေ့လာတွေ့ရှိချက်တွေရှိပါတယ်။ 

    “ထန်းရည်သောက်နည်း” 

    “ထန်းရည်နဲ့ငါးပိလူမသိစေနဲ့“ ဟူ၍ ဆိုရိုးစကားရှိပါတယ်။ ထန်းရည်ကို ငါးပိနဲ့တွဲဖက်သောက်သုံးကြတယ်။ ထန်းရည်သောက်လျင် ငါးပိ၊ ငါးခြောက်၊ စနိုက်ကြော်၊ ငုံးကြော် စသည်တို့ဖြင့် တွဲဖက်သောက်သုံးကြတယ်။ ထန်းရည်ကို အများကြီးတစ်ခါတည်းမော့၍ သောက်သုံးရန် မသင့်တော်ပါ။ ခွက်သေးသေးလေးနဲ့ သို့မဟုတ် အညာမြေများတွင် အုန်းမုန့်ခွက်လေးနဲ့ ဖြည်းဖြည်းသောက် အမြည်းလေးစားမှသာ ထန်းရည်ရဲ့ အရသာစစ်စစ်ကို ခံစားရနိုင်ပါတယ်။ ထန်းရည်ဆိုသည်မှာ တစ်နည်းအားဖြင့် မြန်မာ့ရိုးရာအရက်ဟု တင်စားနိုင်ပါတယ်။ အကယ်၍ သင်ဟာ မြန်မာနိုင်ငံရောက်ပြီး ထန်းရည်လေးမှမြည်းစမ်းခွင့်မရခဲ့ရင် လာရကျိုးနပ်သည်ဟု မခေါ်ဆိုသင့်ချေ။ မြန်မာပြည်သား တယောက်အနေနဲ့လည်း ဒီနိုင်ငံမှာလူဖြစ်ပြီး ထန်းရည်လေးမှ မသောက်ဖူးရင် လူဖြစ်ရကျိုးမနပ်။ အဲ့အတွက်ခရီးထွက်ပါ။ ထန်းတောတွေရှိရာကို မရောက်ရောက်အောင်သွားပါ။ ပြီးရင် ထန်းရည်ချိုခါးတွေကို ထန်းတောမှာ ကျကျနနထိုင်ပြီး မြည်းစမ်းကြည့်ဖို့အကြံပြုချင်ပါတယ်ဗျို့။ 

     

    ရေးသားသူ - Philips 

    https://mingalago.com/my/interest/detail/palm-wine 


  • article
likes10comments0
views259views1555