“တညင်းသီးအစားထိုးမျောက်ငိုသီးအားစားခြင်းဖြင့်ရရှိနိုင်သောကျန်းမာရေးကောင်းကျိုးများ”
မျောက်ငိုသီးကို တညင်းသီးကဲ့သို့ ကြော်စားခြင်း၊ ဆားရည်စိမ် တို့စရာအနေဖြင့် စားသုံးခြင်း၊ ဝက်သား၊ ပုစွန်တို့ဖြင့် အချိုကြော်စားခြင်း၊ ခရမ်း ချဉ်သီး၊ ငါးပိတို့ဖြင့် ရောနှောချက်စားခြင်းသာမက မျောက်ငိုသီးထမင်းကြော်ပြုလုပ်၍လည်း စားသုံးကြသည်။ မျောက်ငိုပင်သည် စစ်ကိုင်းတိုင်းဒေသ ကြီးအထက်ပိုင်းနှင့် ချင်းပြည်နယ်တွင် အများအပြားပေါက်ရောက်ကြသည်။မျောက်ငိုသီးတွင် ပရိုတင်း၊ အကျိုးပြု အဆီဓာတ်၊ သကြားဓာတ်၊ အမျှင်ဓာတ်၊သံဓာတ်၊ကယ်လ် စီယမ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ဇင့်၊ကော့ပါးနှင့်ဗီတာမင်များစုံလင်အောင်ပါဝင်သည်။ထိုကဲ့သို့ အာဟာရဓာတ်များစုံလင်စွာပါရှိသော မျောက်ငိုသီးကို စားသုံးခြင်းဖြင့် အောက်ပါကျန်းမာရေးအကျိုးကျေးဇူးများကို ရရှိစေနိုင်သည်ဟု သိရပါသည်။
၁။ပရိုတင်းဓာတ်ကြွယ်ဝခြင်း
မျောက်ငိုသီးတွင် အသားဓာတ် (Protein) ) ကြွယ်ဝစွာ ပါဝင်သဖြင့်လူ့ခန္ဓာကိုယ်ထဲမှမကောင်း သောကိုလက်စထရော(Cholesterol)ဓာတ်များကိုလျော့နည်းစေနိုင်သည်။
၂။ဦးနှောက်ကိုကျန်းမာစေခြင်း
မျောက်ငိုသီးတွင် ပိုတက်စီယမ် (Potassium) ဓာတ်ကြွယ်ဝစွာ ပါဝင်သဖြင့် လူ့ခန္ဓာကိုယ်၏ အာရုံကြောစနစ်နှင့်ဦးနှောက်လုပ်ဆောင်ချက်များကိုမှန်ကန်စေပါသည်။
၃။စိတ်ကြည်စေခြင်း
မျောက်ငိုသီးတွင် Magnesium ဓာတ်ကြွယ်ဝ စွာပါဝင်သဖြင့်Magnesium" ကြွယ်ဝသော အစား အစာများကို ပုံမှန်စားသုံးခြင်းဖြင့် စိတ်ကြည်စေခြင်း၊ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ လုပ်ဆောင် နိုင်စွမ်းတွေကိုပိုမိုကောင်းမွန်စေပါသည်။
၄။သွေးအားကောင်းစေခြင်း
မျောက်ငိုသီးတွင် သံဓာတ်(Iron) ကြွယ်ဝစွာပါဝင်သဖြင့် သွေးအားကောင်းစေပြီး သံဓာတ် မလုံ လောက်ရာတွင် ဖြစ်ပေါ်တတ်သော မောပန်းလွယ်ခြင်း၊ စိတ်ရောကိုယ်ပါအားကုန်စေခြင်းများကို ကာကွယ်ပေးနိုင်ပါသည်။
၅။အစာချေစနစ်ကိုကောင်းမွန်စေခြင်း
မျောက်ငိုသီးတွင် အမျှင်ဓာတ်(Iron) ကြွယ်ဝစွာ ပါဝင်သဖြင့် အစာချေစနစ်ကို ကောင်းမွန်စေပြီးဝမ်းချုပ်ခြင်းမှကာကွယ်ပေးပါသည်။
၆။မျက်လုံးကျန်းမာရေးကိုကောင်းမွန်စေခြင်း
မျောက်ငိုသီးတွင် Vitamin-A ကြွယ်ဝစွာ ပါဝင်သဖြင့် အမြင်အာရုံကိုလည်း ကောင်းမွန်စေ သည်။
၇။ဆီးချိုကိုထိန်းပေးခြင်း
မျောက်ငိုသီး၏ အာနိသင်များထဲတွင် သွေးတွင်းသကြားဓာတ်ကို ထိန်းနိုင်သော အစွမ်းသတ္တိ လည်းပါဝင်သဖြင့်ဆီးချိုဖြစ်ပွားမှုကိုလည်းထိန်းပေးပါသည်။
၈။အရိုးကိုကျန်းမာစေခြင်း
မျောက်ငိုသီးတွင် ဖော့စဖရပ်စ်(Phosphorus)) ကြွယ်ဝစွာပါဝင်သဖြင့် အရိုးပွခြင်းကို ကာကွယ်ပေးပါသည်။
၉။ဆေးလိပ်ဖြတ်ခြင်းကိုကူညီပေးခြင်း
မျောက်ငိုသီးတွင် Vitamin B6 B12 ပါဝင်သဖြင့် ဆေးလိပ်ဖြတ်သူများအနေဖြင့်လည်း စားပေးသင့်ပါသည်။ Potassium နှင့် Magnesium ပါဝင်သဖြင့် နီကိုတင်း (Nicotine)ကို ပျက်စေပါသည်။
၁၀။လေဖြတ်မှုကိုကာကွယ်ပေးခြင်း
မျောက်ငိုသီးတွင် Potassium အများဆုံး ပါဝင်သော်လည်း အငန်ဓာတ်မှာ နည်းပါးသဖြင့် သွေးပေါင်ကိုကျစေပြီးလေဖြတ်ခြင်းမှကာကွယ်ပေးနိုင်ပါသည်။
၁၁။ဓာတ်တိုးဆန့်ကျင်အာနိသင်ရှိခြင်း
မျောက်ငိုသီးတွင် Phenolic ဒြပ်ပေါင်း ကြွယ်ဝသဖြင့်Bacteria ကို သေစေပြီး ရောဂါပိုးဝင် ခြင်းကို ကာကွယ်နိုင်သောအစွမ်းနှင့် ဓာတ်တိုးဆန့်ကျင်အာနိသင်များ ပါဝင်ပါသည်။ ကင်ဆာရောဂါ ကိုလည်းကာကွယ်နိုင်ပါသည်။
အခြားကျန်းမာရေးအကျိုးကျေးဇူးများမှာ မျောက်ငိုသီးနှင့် ပျားရည်ကို တို့စားပါက အရက် အမူးပြေစေပြီး မျောက်ငိုသီးနှင့် ပျားရည်အစွမ်းမှာ အစာအိမ်ကို အနားယူစေပြီး သွေးချိုကိုလည်း ညီမျှအောင်ညှိပေးနိုင်စွမ်းရှိသဖြင့် အစာအိမ်မကောင်းသူများလည်း စားသုံးသင့်ပါသည်။
မျောက်ငိုသီးတွင် ပန်းသီးထက် အသားဓာတ်လေးဆ၊ Carbohydrate၊Pho-sphorus၊Vitamin-A Iron ငါးဆနှင့် အခြား Vitamin၊ Potassium တို့လည်းပါဝင်သဖြင့် ကျန်းမာရေးအ တွက် အလွန်သင့်တော်လှပါသည်။ ထို့ကြောင့်လည်း မျောက်ငိုသီးကို ပုံမှန်စားလျှင် ဆရာဝန်နှင့် ကင်းဝေးသည်ဟု ဆိုကြပါသည်။
သတိပြုရန်အချက်မှာ
မျောက်ငိုသီးသည် ကျန်းမာရေးအကျိုး ကျေးဇူးများပြားသည်ဆိုပြီး တစ်ကြိမ်တည်း၊ တစ် ထိုင်တည်း အများကြီးစားရန်မသင့်ပေ။၎င်းAmino Acid ပါဝင်မှုများ၍ ကျောက်ကပ်ကို ထိခိုက်စေ နိုင်သည်။ မျောက်ငိုသီးသည် ပဲမျိုးရင်းဝင်းအုပ်စုတွင်ပါဝင်၍ တခြားပဲများကဲ့သို့ Purine ပမာဏ အတော်အသင့်ပါဝင်ပါသည်။ ထို့ကြောင့် ရေစိမ်ထားပါက Uric acid တော်တော်လေး လျော့သွားစေနိုင် ပါသည်။
ထို့ကြောင့် ဘေးထွက်ဆိုးကျိုးနည်းအောင် ကြိုတင်ဂရုစိုက်သည့်အနေဖြင့် မျောက်ငိုသီးကို ရေစိမ်ပြီးမှ ချက်ပြုတ်စားသုံးသင့်ပါ သည်။
References;
http://animagro.blogspot.com/ 2011/11/nama-lain-petai.html
https://uses.plantnet-project.org//en/Parkia_speciosa_(PROSEA)
http://tropical.theferns.info/view-tropical.phpid=Parkia+speciosa