cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

တရုတ်စျေးကွက်ကြိုက် မြန်မာမြစ်၀ကျွန်းပေါ်ကဏန်းများ

. သတင်းစုံ
မြန်မာနိုင်ငံမှ ကဏန်းများကို တရုတ်နိုင်ငံသို့တင်ပို့နေသော ပို့ကုန်ဝယ်လက်များနှင့်အပြိုင် ထိုင်း ဘက်သို့ တင်ပို့သည့် ဝယ်လက်များကလည်း အပြိုင်ဝယ်ယူနေကြသည်။
  • ကာလရှည်ကြာစွာ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးရှိနေသည့် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့ ကြား တွင် ကုန်သွယ်ရေး လုပ်ငန်းများလည်း လုပ်ကိုင်နေသလို ရေထွက်ကုန်စည်များ ကုန်သွယ်လုပ် ဆောင်ရာတွင် မြစ်၀ကျွန်းပေါ်ဒေသထွက် ကဏန်းများမှာလည်း စျေးကွက်အကြိုက် ဖြစ်လာကြသည်။

    မြန်မာ့ရေထွက်ကုန်ပစ္စည်းများကို တရုတ်နိုင်ငံမှ အဓိကဝယ်ယူတင်သွင်းခြင်းများရှိသလို ပြီးခဲ့သော ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် စာရင်းများအရ ရေထွက်ပစ္စည်း အမေရိကန်ဒေါ်လာ ၂၅၄ သန်းတင်ပို့ခဲ့ပြီး ယင်းပမာ ဏမှာ မြန်မာ့ရေထွက်ပစ္စည်းများ စုစုပေါင်း တင်ပို့မှု၏ ၆၅ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။

    နောက်ပိုင်းတွင် ကပ်ရောဂါအခြေအနေကြောင့် ကုန်သွယ်မှုများအနည်းငယ်ဆိုင်းသွားခဲ့ပြီးနောက် နောက်ပိုင်းတွင် ကုန်သွယ်မှုများကို တွင်ကျယ်စွာပြန်လည်၍လုပ်ဆောင်လာခဲ့ကြသည်။ ယခုလိုကာလတွင် လည်း ကျိုင်းတုံ-မိုင်းလား လမ်းဘက်မှ တင်ပို့ခြင်းများရှိခဲ့သည်။

    မြန်မာနိုင်ငံတွင် ကဏန်းကို ဧရာ၀တီတိုင်းဒေသကြီး၊ မွန်၊ တနင်္သာရီနှင့် ရခိုင်ဒေသမှ အများဆုံးဖမ်း ဆီးထုတ်လုပ်လျက်ရှိပြီး လက်ရှိတွင် ဧရာ၀တီတိုင်းဒေသကြီးရှိ မြစ်၀ကျွန်းပေါ်ဒေသမှ ကဏန်းများက အ များဆုံးစျေးကွက်ဝင်နေလျက်ရှိသည်။

    သဘာ၀မှဖမ်းဆီးရရှိသည့် ကဏန်းများကို စနစ်တကျဖြင့်ပြန်လည်မွေးမြူထုတ်လုပ်၍ ကဏန်း ပျော့ထုတ်ကုန်အဖြစ် ဖြင့်လည်း တင်ပို့ခြင်းများရှိသည်။ ကဏန်းကို တန်ဖိုးမြှင့်ထုတ်လုပ်ထားသည့် ကဏန်း ပျော့ထုတ်ကုန်မှာ ပြည်တွင်းရှိ စားသောက်ဆိုင်များတွင် စျေးနှုန်းကြီးမားသည့် ဟင်းလျာအဖြစ်ရှိနေပြီး တရုတ်စျေးကွက်မှ နှစ်သက်စွာ ဝယ်ယူမှု အများဆုံးသော အခြေအနေကို ပိုင်ဆိုင်ထားသည်။

    ထို့အပြင် စင်ကာပူ၊ ဟောင်ကောင်၊ ထိုင်ဝမ် စသည့် ဒေသများမှလည်း ဝယ်ယူရန်ကမ်း လှမ်းခြင်း များရှိနေပြီး ပြည်တွင်းမှ ပို့ကုန်လုပ်ငန်းရှင်အချို့က တင်ပို့မှုများရှိလာကြသည်။ ကဏန်းများ ဝယ်လိုအား ကောင်းလာသလို စျေးကောင်းလည်း ရနေပြီး မြစ်၀ကျွန်းပေါ်ဒေသရှိ လပွတ္တာမြို့အတွင်း ကဏန်းအဝယ် ဒိုင်အရေအတွက် ၁၀၀ ကျော်အထိ ဖွင့်လှစ်ကာ ဒေသအနီး ကျေးရွာ အသီးသီးမှ လာရောက်ရောင်းချကြ သည့် ကဏန်းများကို ဝယ်ယူနေကြခြင်း ဖြစ်သည်။

    ထိုသို့သော ဝယ်ယူသူသည့်အဝယ်ဒိုင်များက ဘိုကလေးမြို့ရှိ ဒိုင်ကြီးများဆီတစ်ဆင့်ရောင်းချပြီး ယင်းမှတစ်ဆင့်ရန်ကုန် စျေးကွက်သို့ပို့ဆောင်ကာ ပို့ကုန်လုပ်ငန်းရှင်များနှင့်ချိတ်ဆက်၍ ပြည်ပစျေးကွက်သို့ တင်ပို့ကြခြင်းလည်းဖြစ်သည်။ စျေးကွက် အတွင်း ကဏန်းအဝယ်ဆွဲမှုများခြင်းကြောင့် ကဏန်းကုန်ကြမ်း များ လည်း ရှားပါးလာသလို စျေးနှုန်းများ မြင့်တက်လာခဲ့သည်။

    ကဏန်းတင်ပို့နေသော်လည်း ဝင်ငွေပိုမိုစေသည့် တန်ဖိုးမြှင့်ထုတ်ကုန် ကဏန်းပျော့အဖြစ် ပြန် လည်မွေးမြူလုပ်ကိုင် သူများမှာ လက်ရှိတွင် ကုန်ကြမ်းရှားလာခြင်းကြောင့် လုပ်ကိုင်သူ ၂၀ ရာခိုင်နှုန်း ဝန်း ကျင်လောက်သာ လုပ်ကိုင်နေကြ သော်လည်း ထွက်သမျှ ထုတ်ကုန်တိုင်းသည် စျေးကောင်းရနေသည့် အ တွက် အခြေအနေကောင်းကို ပိုင်ဆိုင်ရရှိနေခြင်း ဖြစ်သည်။

    ပြည်တွင်းစျေးကွက်တွင် ယခင်က ကဏန်းပျော့တစ်ပိဿာကို ၁၄၀၀၀ ကျပ်အထိ ရရှိခဲ့ပြီး ၂၀၂၂ ခု နှစ်၊ ဒီဇင်ဘာလ နောက်ဆုံးပတ်မှ စတင်၍ တစ်ပိဿာ ၈၀၀၀ ကျပ်ခန့်ထိ စျေးထိုးကျသွားခဲ့ဖူးသော်လည်း ၂၀၂၃ ခုနှစ်အတွင်း စျေးနှုန်းများ တရိပ်ရိပ်တက်လာကာ လက်ရှိတွင် အရွယ်အစားပေါ်မူတည်၍ ၁၆၀၀၀ ကျပ်မှ ၂၀၀၀၀ ကျပ်နီးပါး ရှိနေပြီဖြစ်သည်။

    ထိုကဏန်းပျော့ မွေးမြူရေးလုပ်ငန်းကို ယခုလိုနွေရာသီကာလအတွင်း အဓိကထားလုပ်ကိုင်ကြပြီး မွေးမြူသည့် ကန်တစ်ကန်လျှင် လုပ်သားဦးရေ ၂၀ ဝန်းကျင်လောက် အသုံးပြုကြရသည့်အတွက် ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်စွမ်းလည်းရှိသည်။

    ကဏန်းပျော့ မွေးမြူသည့်လုပ်ငန်းမှာ ၁၀၀ ဂရမ်အောက် ရွှံ့ကဏန်းများကို ဝယ်ယူ‌‌ပြီး အခွံပျော့ ကဏန်း အဖြစ် မွေးမြူကြခြင်း ဖြစ်သည့်အတွက် သဘာ၀ပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းရာရောက်စေ သည့် အခြေအနေလည်းဖြစ်သည်။ မြန်မာတစ်နိုင်ငံလုံးတွင် ကဏန်းပျော့မွေးမြူရေးကို လုပ်ကိုင်နေသည့် လုပ်ငန်းများစွာရှိနေပြီး ၎င်းတို့ကို ပြည်ပသို့ တင်ပို့ရောင်းချခြင်းဖြင့် နိုင်ငံ၏ ဘဏ္ဍာငွေအဖြစ် ဒေါ်လာ သန်း ၄၀ ဝန်းကျင်ခန့် ရှာဖွေပေးနိုင်သော အခြေအနေမျိုးကို ပိုင်ဆိုင်လျက်ရှိသည်။

    မြန်မာနိုင်ငံမှ ကဏန်းများကို တရုတ်နိုင်ငံသို့တင်ပို့နေသော ပို့ကုန်ဝယ်လက်များနှင့်အပြိုင် ထိုင်း ဘက်သို့ တင်ပို့သည့် ဝယ်လက်များကလည်း အပြိုင်ဝယ်ယူနေကြသည်။ ထိုင်းနယ်စပ်ဖြစ်သည့် မောတောင် ကုန်သွယ်ရေးစခန်းမှ ယခု ၂၀၂၄ ခုနှစ်၊ မတ်လ ၃၁ ရက်မှ ဧပြီလ ၂ ရက်အထိ အမေရိကန်ဒေါ်လာ ၀ ဒသမ ၁၃၆၉ သန်းဖိုး တင်ပို့သည့် ပို့ကုန်များတွင် ၃၁ ဒသမ ၃၀၀ တန်ဖြင့် တင်ပို့ခဲ့သည့် ရေထွက်ကုန်ပစ္စည်း များ အတွင်း ကဏန်းများလည်းပါဝင်ခဲ့သလို တန်ဖိုးအားဖြင့် ဒေါ်လာ ၀ ဒသမ ၀၅၈၀ သန်းရရှိသည့်အနက် ကဏန်းမှာ ၂၂၅၀ ဒသမ ၇၈၀ ဒေါ်လာရရှိခဲ့သည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများတွင် ဖော်ပြထားသည်။

    ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ၂၀၂၃ ခုနှစ် ဧပြီလမှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအထိ ကာလအ တွင်း ပုံမှန်ပင်လယ်ရေကြောင်း ကုန်သွယ်ရေးမှ အမေရိကန်ဒေါ်လာ ၈၄၂၄ ဒသမ ၈၃၁ သန်း၊ နယ်စပ် ကုန် သွယ်ရေးမှ အမေရိကန်ဒေါ်လာ ၄၉၂၃ ဒသမ ၉၃၈ သန်း၊ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၃၃၄၈ ဒသမ ၇၆၉ သန်းကို ကုန်သွယ်မှုများ ပြုလုပ်နိုင်ခဲ့သည်။

    ယင်းအနက်တွင် ရေထွက်ကုန်ပစ္စည်းများ၏ ကုန်သွယ်မှုမှာ ပုံမှန်ပင်လယ်ရေကြောင်း ကုန်သွယ်ရေး မှ အမေရိကန်ဒေါ်လာ ၃၅၈ ဒသမ ၉၄၃ သန်း၊ နယ်စပ်ကုန်သွယ်ရေးမှ အမေရိကန်ဒေါ်လာ ၂၇၉ ဒသမ ၈၂၅ သန်း၊ စုစုပေါင်း အမေရိကန်ဒေါ်လာ ၆၃၈ ဒသမ ၇၆၈ သန်း တို့ကို ကုန်သွယ်နိုင်ခဲ့သည်။ ထိုရေထွက်ကုန် ပစ္စည်း များအနက်တွင် ကဏန်းပို့ကုန်များမှာလည်း အရေးပါသည့် အခြေအနေမျိုးဖြင့် အပါအဝင်ဖြစ်ခဲ့သည်။

    လက်ရှိတွင်လည်း ပြည်ပပို့ရန်အတွက် မြစ်၀ကျွန်းပေါ်ဒေသမှ ကဏန်းကုန်သည်များက ရန်ကုန်ရှိ ပို့ကုန်လုပ်ငန်း ကုမ္ပဏီများထံသို့ ပို့ဆောင်လာကြခြင်းဖြစ်သလို ပြည်ပစျေးကွက်အတွင်း မြန်မာ့ကဏန်း များမှာ စျေးကွက်ဝင်နေဦးမည် ဖြစ်သလို စျေးကွက်အကြိုက်အနေအထားဖြင့် တည်ရှိနေဦးမည်ဖြစ်ကြောင်း ရေးသားလိုက်ရပေသည်။

    ဧပရယ်လ်

    Opinion Leaders မှ ကူးယူဖော်ပြအပ်ပါသည်။

    -------

    မွေးမြူရေးသတင်းများ၊ သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes4comments0
views152views1034