cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

တစ်ပတ်စာ မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်  (ပဲခူးတိုင်းဒေသကြီး)   

. ရာသီဥတု သတင်းများ
ပိုးသတ်ဆေးနှင့် ပေါင်းသတ်ဆေးရောမဖျန်းသင့်
  • ပဲခူးတိုင်းဒေသကြီးရှိ လက်ပံတန်းမြို့နယ်၊ မိုးညိုမြို့နယ်၊ သာယာဝတီမြို့နယ်

    ပဲခူးတိုင်းဒေသကြီးရှိ ဖော်ပြပါ မြို့နယ်များတွင် ၂ဝ၂၄ ခုနှစ်၊ ဧပြီလ (၂၂) ရက်နေ့မှ (၂၈) ရက် နေ့အထိ တစ်ပတ်တာ ခန့်မှန်းချက်အနေဖြင့် မိုးရွာရန် (၁ဝ)ရာခိုင်နှုန်းအောက်သာရှိပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။

    စိုက်ပျိုးရေးအကြံပြုချက်

    ပိုးသတ်ဆေးနှင့် ပေါင်းသတ်ဆေးရောမဖျန်းသင့်

    ဒီတစ်ပတ် တောင်သူလယ်သမားကြီးများကို ဆွေးနွေး အကြံပြုလိုတာကတော့ ပိုးသတ်ဆေးနဲ့ ပေါင်းသတ်ဆေး ရောနှာမဖျန်းသင့်တဲ့ အချက်ကလေးဘဲ ဖြစ်ပါတယ်။

    အကြောင်းကတော့ ဒီလိုပါ။ ပြီးခဲ့တဲ့နွေက တောင်သူလယ်သမား ပညာပေးဆွေးနွေးပွဲဖိတ်လို့ မန္တလေးတိုင်း ဒေသကြီး၊ မတ္တရာဘက်ကို ရောက်ခဲ့ပါတယ်။ မန္တလေးတိုင်း ဒေသကြီးကနေ မတ္တရာသွားတဲ့ လမ်းတစ် လျှောက်မှာ ကုလားပဲခင်း တွေကလည်း စိမ်းစိုနေတာ မြင်ရပါတယ်။

    ထို့အတူ ဆည်တော်ကြီး ရေသောက်စနစ်နဲ့ရတဲ့ ရေနဲ့ နွေစပါးခင်းတွေကလည်း စိမ်းတဲ့အခင်းကလည်းစိမ်း၊ တချို့အနှံထွက်စတွေကလည်းထွက်၊ တချို့လည်း မှည့်စပြုတာလည်း မှည့်နေပါပြီ။

    တစ်မျှော်တစ်ခေါ်ပါဘဲ။ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့ ကိုအသွား လမ်းဘေးတစ်နေရာမှ စပါးခင်းဟာ ထူးထူးခြားခြား ရွက်ဖျားတွေခြောက်ပြီးအခြေအနေ ဆိုးရွားနေတဲ့ အသွင်သဏ္ဌာန်တွေ့ရပါတယ်။

    စာရေးသူလည်း စိတ်ဝင်စားတာနဲ့ ကားကိုခဏရပ်ခိုင်းပြီး ၎င်းစပါးခင်းကို ဆင်းကြည့်မိပါတယ်။ လယ်ကသင်းမှာ ခါးထောက်ပြီးသူ့ရဲ့စပါးခင်းကြီးကို စူးစူးစိုက်စိုက်နဲ့ကြည့်ပြီး စိတ်ပျက်နေတဲ့ဟန်နဲ့ လယ်သမားကြီးကို တွေ့ပါတယ်။

    စာရေးသူကလည်း ကိုယ့်ရဲ့ကိုယ်ရေး ရာဇဝင်ကို ကိုယ်တိုင်မိတ်ဆက်ပြီး စကားစပ်မိပါတယ်။ စပါးခင်းက ဘယ်လိုဖြစ်တာလဲ။ အခြေအနေ တော်တော်ဆိုးနေတယ် နော်လို့ မေးမေးပြောပြော ပြောလိုက်မိပါတယ်။

    လယ်သမားကြီးက ဘာဖြစ်တာလဲ မသိပါဘူးဆရာရယ်။ လွန်ခဲ့တဲ့သုံးရက်လောက်ကရွက်လိပ်ရွက်ဖြတ်ပိုးကျလို့ ပိုးသတ်ဆေးဖျန်း လိုက်တာ ဒီလိုဖြစ်သွားတာဘဲ ဆရာလို့ ပြောပါတယ်။ ဒါဆို စဉ်းစားစရာက ပိုးသတ်ဆေးက အတုဖြစ်နေလို့ ဒုက္ခပေးတာလား။ ဘယ်ကဝယ်တဲ့ ပိုးသတ်ဆေးလဲ။

    ဘာပိုးသတ်ဆေးလည်း မေးတော့။ မြို့ကဆိုင်က ဝယ်လာတာ။ ဒီဆေးပါဘဲ ဆရာလို့ဘူးခွံကိုပြပါတယ်။ ဆေးဘူး ခွံပေါ် မှာလည်း ဆေးအမည်ရော၊ အသုံးပြုပုံရော၊ နိုင်တဲ့ပိုးရော အကုန်မြန်မာလိုရေးထားတာ တွေ့ရပါတယ်။ ပိုးသတ်ဆေးကတော့ အစစ်ပါဘဲ။

    စိုက်ပျိုးရေး ပညာရှင် ခေါင်းကိုက်ရပြန်ပါပြီ။ အရွက်ခြောက်တွေကို ဖြတ်ယူပြီး သေချာကြည့်တော့ ရောဂါတော့ မဟုတ်ဘူး။ အရွက်တွေ တစ်ခုခုလောင်သလို ခြောက်နေတာပါ။ စာရေးသူက တစ်ဆင့်တက်ပြီး စဉ်းစားရပြန်ပါ တယ်။

    ကဲ ဒီလိုဆို ဒီဆေးမဖျန်းခင်ကအဲဒီ့ ပိုးသတ်ဆေးပုံးကို ဘာသုံးသေးလဲ သေချာစဉ်းစားကြည့်ပါဦးဗျာလို့ ပြော တော့၊ လယ်သမားကြီးက ခေါင်းကို တွင်တွင်ကုတ်ပြီးအင်း ဟုတ်ပြီဆရာ၊ ဆေးမဖျန်းခင်သုံးရက်လောက်က ရွာထိပ်ကဖိုးမောင် ပေါင်းသတ်ဆေးဖျန်း ချင်တယ်ဆိုပြီး ဆေးဖျန်းပုံးလာငှားတယ်ဆရာ။

    ပြန်လာပို့တော့လည်း ဆေးပုံးကို ရေနဲ့မဆေးမိဘူး။ အဲဒါတရားခံဘဲဗျို့၊ ခင်ဗျားစပါးခင်းက ပေါင်းသတ်ဆေး လောင်တာသေချာ တယ်ဗျ။ ပိုးသတ်ဆေးနဲ့ ပေါင်းသတ်ဆေးရော မဖျန်းရဘူးဗျ။

    ဓာတ်တွေပြောင်းလဲပြီး အပင်ကိုလောင်စေတာဗျ။ ပေါင်းသတ် ဆေးသုံးထားတဲ့ ဆေးဖျန်းပုံးနဲ့ ပိုးသတ်ဆေးထည့် မဖျန်းရဘူး။ ပေါင်းသတ်ဆေးဖျန်းတဲ့ ဆေးပုံးကို အမှတ်အသားလေးရေးပြီး သီးသန့်ထားရမယ်ဗျ။

    ပြီးတော့ ပိုးသတ်ဆေး ပုလင်းတွေနဲ့ ပေါင်းသတ်ဆေးပုလင်း တွေလည်း ရောမထားရဘူး။ ဆေးမှားထည့် မိတတ်တယ်။ ပေါင်းသတ်ဆေးကိုလည်း တစ်မျိုးချင်းဘဲ သီးသန့်သုံးရမယ်။ တစ်မျိုးနှစ်မျိုးရောစပ်ပြီး မသုံး သင့်ဘူး။ကဲ ဒါဆိုနောက်သတိထားပေါ့ဗျာ။

    ငါး/ပုဇွန် ကန်များအတွက်အကြံပြုချက်

    ရာသီဥတု ပူလာပြီဖြစ်သည့်အတွက် အောက်ပါအချက်တွေဆောင်ရွက်ဖို့ အကြံပြုတိုက်တွန်း လိုပါတယ် ခင်ဗျာ။

    🐟 မိုးအုံ့သည့်ရက်များတွင် ကန်အတွင်း ပျော်ဝင်အောက်ဆီဂျင်နည်းနိုင်သဖြင့် ဂရုပြုရန်၊

    🐟 ငါးရောဂါများကျနိုင်သဖြင့် နေ့စဉ်စောင့်ကြည့်ပေးရန်၊

    🐟 မျိုးငါးကန်များ အပူချိန် Shock မဖြစ်စေရန် ဂရုပြုရန်၊

    🐟 ကန်အောက်ချေတွင် အစားအကြွင်းအကျန်နှင့် အနည်များ စုပုံမနေစေရန်၊

    🐟 ကန်အတွင်း အမိုးနီးယားဓါတ်များ ထွက်လာနိုင်သဖြင့် ရေအရည်အသွေးကို စစ်ဆေးပေးရန်၊

    Weather Source: CIAT

    ------------------

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes6comments0
views64views968